CNI International News

ဝါရှင်တန်၊ သြဂုတ် ၃

ဗင်နီဇွဲလား၏ အငြင်းပွားဖွယ် ရွေးကောက်ပွဲတွင် ဗင်နီဇွဲလားသမ္မတ နီကိုးလက်စ်မာဒူရို(Nicolas Maduro)၏ အတိုက်အခံ ကိုယ်စားလှယ်လောင်း အဒ်မွန်ဒိုဂွန်ဇာလက်(Edmundo Gonzalez) အနိုင်ရရှိမှုအပေါ် အမေရိကန် က အသိအမှတ်ပြုကြောင်း ထုတ်ပြန်ခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

"ရရှိထားတဲ့ အထောက်အထားတွေအရ အမေရိကန်နဲ့ အထူးသဖြင့် ဗင်နီဇွဲလား ပြည်သူတွေအတွက် အဒ်မွန်ဒိုဂွန် ဇာလက်က ဗင်နီဇွဲလားရဲ့ ဇူလိုင် ၂၈ ရက် သမ္မတရွေးကောက်ပွဲမှာ မဲအများဆုံးနဲ့ အနိုင်ရရှိခဲ့တယ်ဆိုတာ သိသာ ထင်ရှားပါတယ်" ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်(Antony Blinken)က သြဂုတ် ၁ ရက် ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

အမေရိကန်အစိုးရ၏ ထုတ်ပြန် ကြေညာချက်သည် အောင်မြင်သော မဲဆွယ်လှုပ်ရှားမှုအတွက် ဂွန်ဇာလက်ကို ချီးကျူး ဂုဏ်ပြုခြင်းထက် မပိုလွန်ခဲ့ဘဲ ဇူလိုင် ၂၈ ရက် ရွေးကောက်ပွဲပြီးနောက် ဗင်နီဇွဲလားနိုင်ငံ၏ ခေါင်းဆောင် သစ်အဖြစ် ဂွန်ဇာလက်ကို အသိအမှတ်ပြုကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဗင်နီဇွဲလားအတိုက်အခံကို တွေ့ရစဉ်

ဗင်နီဇွဲလားတွင် သမ္မတရွေးကောက်ပွဲ ရလဒ်များအပေါ် အငြင်းပွားမှုနှင့်ပတ်သက်ပြီး ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့ သည်။ 

ဗင်နီဇွဲလားရွေးကောက်ပွဲကောင်စီက ၂၀၁၃ ခုနှစ်ကတည်းက အာဏာရရှိထားသည့် မာဒူရိုကို မဲရလဒ် ၅၁ ရာခိုင်နှုန်းဖြင့် ရွေးကောက်ပွဲ အနိုင်ရရှိကြောင်း ကြေညာခဲ့သည်။

သို့သော် နိုင်ငံ၏ အတိုက်အခံအဖွဲ့က မဲအရေအတွက် ၉၀ ရာခိုင်နှုန်းခန့်သည် ရွေးကောက်ပွဲမတိုင်မီ လွတ်လပ် သော မဲပေးမှုများနှင့်အတူ ဂွန်ဇာလက်သည် လက်ရှိ သမ္မတ၏ ထောက်ခံမှုထက် နှစ်ဆကျော် ပိုမိုရရှိထား ကြောင်း တွေ့ရှိသည်ဟု ပြောကြားခဲ့သည်။

အတိုက်အခံအဖွဲ့က အများပြည်သူ ဝက်ဘ်ဆိုဒ်တစ်ခုတွင် မဲအရေအတွက် အသေးစိတ်ကို ထုတ်ပြန်ခဲ့သော်လည်း အစိုးရသည် လက်ရှိအချိန်အထိ ကိုယ်စားလှယ်လောင်း တစ်ဦးစီအတွက် တစ်နိုင်ငံလုံးဆိုင်ရာ မဲစုစုပေါင်း အရေ အတွက်ထက် ကျော်လွန်ကာ မည်သည့် အချက်အလက်ကိုမျှ မျှဝေထားခြင်းမရှိပေ။

 ဗင်နီဇွဲလားအတိုက်အခံကို တွေ့ရစဉ်

သြဂုတ် ၁ ရက်တွင် ဘလင်ကင်၏ ထုတ်ပြန်ချက်၌ ဗင်နီဇွဲလားကို ပိတ်ဆို့ အရေးယူမှုအသစ်များ ချမှတ်ရန် ခြိမ်းခြောက်ထားပြီး ထိုပိတ်ဆို့မှုများသည် ဒဏ်ခတ်သည့် လုပ်ရပ်ဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။ 

အမေရိကန်အစိုးရသည် အငြင်းပွားဖွယ် ရွေးကောက်ပွဲပြီးနောက် ပိတ်ဆို့ အရေးယူမှုအသစ်များ ချမှတ်ရန် သုံးသပ်နေသည်ဟု ရိုက်တာသတင်းတွင် ဇူလိုင် ၃၀ ရက်က ဖော်ပြခဲ့သည်။

"ကျနော်တို့အနေနဲ့ ဗင်နီဇွဲလားမှာ ဒီမိုကရေစီစံနှုန်းတွေ ပြန်လည်ဖော်ဆောင်နိုင်တဲ့ လုပ်ငန်းစဉ်အတွက် အပြည့်အဝ ထောက်ပံ့ပေးသွားမှာဖြစ်တဲ့အပြင် ကျနော်တို့ရဲ့ နိုင်ငံတကာ မိတ်ဖက်တွေနဲ့ ပူးပေါင်းဖို့ အားကောင်းတဲ့ နည်းလမ်းတွေက စဉ်းစားဖို့ အသင့်ရှိနေပါတယ်"ဟု ဘလင်ကင်က ပြောကြားခဲ့သည်။

ထို့ပြင် ဘလင်ကင်က အတိုက်အခံ ခေါင်းဆောင်များကို အကာအကွယ် အပြည့် ယူထားကြရန်နှင့် ဘေးကင်း လုံခြုံမှုရှိစေရန် တိုက်တွန်းခဲ့သည်။

Source- ရိုက်တာ