ဝါဆော၊ နိုဝင်ဘာ ၁၄
ဘီလာရုစ်နယ်စပ်အနီး ပိုလန်နိုင်ငံဘက်ခြမ်းရှိ တောအုပ်ထဲတွင် ဆီးရီးယားလူငယ်တစ်ဦးအလောင်းကို တွေ့ရှိ ခဲ့ရကြောင်း ပိုလန်ရဲတပ်ဖွဲ့က ပြောကြားခဲ့ပြီး ၎င်းသည် ဥရောပသမဂ္ဂ(EU) နိုင်ငံတစ်နိုင်ငံ၏နယ်စပ်၌ နိုင်ငံရေး အရ ရုန်းရင်းဆန်ခတ်ဖြစ်မှုအတွင်း နောက်ဆုံးသေဆုံးသူဖြစ်ကြောင်း အယ်လ်ဂျာဇီးယားသတင်းဌာနက ရေးသား ဖော်ပြသည်။
ဘီလာရုစ်နိုင်ငံ၊ မင့်ခ်မြို့တော်ရှိ အစိုးရသည် ပိုလန်၊ လစ်သူယေးနီးယားနှင့် လက်ဗီးယားနိုင်ငံများသို့ နယ်စပ် ဖြတ်ကျော်၍ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများကို လနှင့်ချီ၍ တွန်း အားပေးနေခဲ့ကြောင်း အယ်လ်ဂျာဇီးယား သတင်း၌ ဆက်လက်ရေးသားထားသည်။ အဆိုပါ ၃ နိုင်ငံစလုံးသည် ၎င်းတို့နယ်နမိတ်များတွင် လုံခြုံရေးအင်အား ဖြည့်တင်းလျက် အ သစ်ပေါ်ထွက်လာသော ရွှေ့ပြောင်းဝင်ရောက်သူများ၏လမ်းကြောင်းကို ပိတ်ဆို့ရန် ကြိုးပမ်း နေကြရာ ဆောင်းရာသီကျရောက်ခါနီး အခြေအနေမှာ ပိုမိုအန္တရာယ်များလာခဲ့သည်။
“မနေ့က ဝိုလ်ကာတီရီချော်စကာနယ်စပ်ဒေသနားက တောအုပ်ထဲမှာ ဆီးရီးယားလူငယ်တစ်ယောက်ရဲ့ အလောင်းကို တွေ့ရှိခဲ့ရပါတယ်” ဟု ပေါ့ဒလာစကာဒေသရဲတပ်ဖွဲ့က နိုဝင် ဘာ ၁၃ ရက်တွင် တွစ်တာ လူမှု ကွန်ရက်၌ သတင်းထုတ်ပြန်ခဲ့သည်။
“အလောင်းတွေ့ရတဲ့နေရာမှာ ဖြစ်ပျက်ခဲ့တာတွေ သုံးသပ်ပြီး သေဆုံးအကြောင်းရင်းကို အတိအကျ ကောက်ချက် ချလို့ မရသေးပါဘူး” ဟု ရဲတပ်ဖွဲ့က ၎င်းထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။
ဘီလာရုစ်သမ္မတ အလက်ဇန္ဒားလူကာရှန်ကို အားပေးအားမြှောက်ပြုနေသော အဆိုပါ ရွှေ့ပြောင်း ဝင်ရောက် သူများထဲတွင် အကြောင်းအမျိုးမျိုးဖြင့် သေဆုံးသူ ၉ ဦးထက်မနည်း ရှိနေပြီဖြစ်သည်။
EU နိုင်ငံများသို့ ရွှေ့ပြောင်းနေထိုင်လိုသူအများစုသည် ဆီးရီးယား၊ အီရတ်(သို့မဟုတ်)အရှေ့အလယ်ပိုင်းဒေသရှိ အခြားနေရာများမှဖြစ်ပြီး ဥရောပနိုင်ငံများတွင် ၎င်းတို့ဘဝများ ပိုမိုတိုးတက်ကောင်းမွန်လာစေရေး ဦးတည်ချက် ဖြင့် ထွက်ပြေးလာသူများဖြစ်သည်။
ပိုလန်နယ်ခြားစောင့်တပ်များက လက်ရှိနယ်စပ်တလျှောက်တွင် စခန်းချနေထိုင်ကြသည့် ရွှေ့ပြောင်းလာသူ ၄,၀၀၀ ကျော်ရှိသည်ဟု ခန့်မှန်းထားကြသည်။
၂၀၁၅ ခုနှစ်တွင် ဥရောပသို့ ကြီးမားသောရွှေ့ပြောင်းနေထိုင်မှုဖြစ်စဉ်အပြီးတွင် EU အုပ်စုဝင်နိုင်ငံများသည် အသစ်ဝင်ရောက်လာသည့် တရားမဝင်ရွှေ့ပြောင်းသူများအရေးကို တားဆီးရန် ၎င်းတို့နိုင်ငံအသီးသီး၏ နယ်နမိတ် များကို လုံခြုံရေးပိုမိုတင်းကြပ်ခဲ့သည်။ သို့ရာတွင် နှစ်စဉ်နှစ်တိုင်း သောင်းနှင့်ချီသော ရွှေ့ပြောင်းလာသူများမှာ အန္တရာယ်များသော ပင်လယ်နှင့်ကုန်းလမ်းခရီးတို့ဖြင့် EU နိုင်ငံများသို့ ဝင်ရောက်ရန် ကြိုးစားနေကြဆဲဖြစ်သည်။
Source: Aljazeera