CNI International News

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၉

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ဟောင်းက ၎င်း၏လူသားချင်းစာနာမှုဆိုင်ရာ မြန်မာခရီးစဉ်အပေါ် ဝေဖန်မှုများကို အသိအမှတ်ပြုသော်လည်း အဆိုပါခရီးစဉ်သည် အပြု သဘောဆောင်သည်ဟု ယူဆကြောင်း ပြောကြားလိုက်သည်ဟု အေပီ သတင်းတစ်ပုဒ်တွင် တွေ့ရသည်။

နယူးမက္ကစီကိုပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်းလည်းဖြစ်သည့် ဘီလ်ရစ်ချတ်ဆန်သည် ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံ အစိုးရထံမှ ပြီးခဲ့သည့် ဖေဖော်ဝါရီလ၌ တပ်မတော်က အာဏာရယူပြီးနောက်ပိုင်း မြန်မာနိုင်ငံသို့ လာရောက် သည့် ထင်ရှားသော အမေရိကန်နိုင်ငံသံအမတ်ဟောင်း တစ်ဦးဖြစ်သည်။

၎င်းသည် ပြီးခဲ့သည့် ရက်သတ္တပတ်က လုပ်ဖော်ကိုင်ဘက် ၃ ဦးနှင့်အတူ မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပြီး Covid-19 ကာကွယ် ဆေး၊ ဆေးဘက်ဆိုင်ရာ အခြားထောက်အပံ့များနှင့် ပြည်သူ့ကျန်းမာရေး လိုအပ်ချက်များကို ဆွေးနွေးခဲ့ကြောင်း ဘီလ်ရစ်ချတ်ဆန်ရုံး၏ ပြောကြားချက်ကို ကိုးကားလျက် အေပီက သတင်းခဲ့ဖော်ပြသည်။

အမေရိကန်အစိုးရသည် အခြားအနောက်အုပ်စု နိုင်ငံများနှင့်အလားတူ မြန်မာ့တပ်မတော်က ဖွဲ့စည်းထားသော အစိုးရကို ရှောင်လွှဲလျက် ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်တက်ရန် တိုက်တွန်းထားသည်။

ပုံ- ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ရစ်ချတ်ဆန်တို့ နို၀င်ဘာ ၂ ရက်က တွေ့ဆုံစဉ်။

“ကျနော်က ဒီနိုင်ငံမှာ တော်တော်လေး ရင်းနှီးမြှုပ်နှံထားပြီးတော့ သူတို့ကလည်း ကျနော့်ကို ဖိတ်ခေါ်ပါတယ်။ ကျနော့်ဆီမှာ ကာကွယ်ဆေးအကြောင်း ဆွေးနွေးဖို့ နိုင်ငံခြားရေးဝန်ကြီးဆီက စာတစ်စောင်ရထားတယ်ဗျ။ ပြီးတော့ တိုင်းပြည်အပေါ် အာရုံစိုက်ပြီး အပြောင်းအလဲ လုပ်ရမယ်လို့ ထင်တယ်။ ဒါဟာ အသေးအဖွဲ ခြားနားချက်တစ်ခုပါပဲ” ဟု ရစ်ချတ်ဆန်က နိုဝင်ဘာ ၈ ရက်က အေပီသတင်းဌာနနှင့် အွန်လိုင်းအင်တာဗျူး၌ ထည့်သွင်းပြောကြားခဲ့သည်။

ရစ်ချတ်ဆန်သည် ၁၉၉၄ ခုနှစ်တွင် အမေရိကန်ကွန်ဂရက် လွှတ်တော်အမတ်အဖြစ် မြန်မာနိုင်ငံနှင့် စတင် ပတ်သက်မှုရှိခဲ့ပြီး ယခင် စစ်အစိုးရလက်ထက်၌ နေအိမ် အကျယ်ချုပ် ကျခံနေခဲ့ရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ဖူးသည့် ရှည်လျား သော နောက်ခံသမိုင်းကြောင်းလည်း ရှိခဲ့သူဖြစ်သည်။

လူနည်းစု ဘင်္ဂါလီ(မူရင်း-ရို)အရေးနှင့်ပတ်သက်၍ ၎င်းသည် ၂၀၁၈ ခုနှစ်တွင် နောက်ဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သည်။

ပြည်တွင်း အာဏာဖီဆန်ရေး လုပ်ဆောင်နေသူများက စစ်ဗိုလ်ချုပ်များကို ပြင်ပကမ္ဘာမှ အပယ်ခံများအဖြစ် သဘောထား စေလိုကြသည်။ ရစ်ချက်ဆန်သည် မြန်မာနိုင်ငံတွင် လူသိများသော အမေရိကန်နိုင်ငံရေးသမား တစ်ဦးလည်းဖြစ်ပြီး ၎င်းနှင့် တပ်မတော်ကြား ထိတွေ့ဆက်ဆံမှုအတွက် အွန်လိုင်းတွင် ဝေဖန်မှု အများအပြား ကြုံတွေ့ခဲ့ရသည်။

“ဒီခရီးစဉ်မှာ ဝေဖန်မှုတွေ ကြုံရမယ်ဆိုတာ ကျနော် သိပါတယ်” ၎င်းက အေပီသို့ ပြောသည်၊ သို့သော် မြန်မာနိုင်ငံ၏ အစိုးရအပေါ် မည်သည့်တရားဝင်မှု(Legitimacy)မျိုးကိုမဆို အပ်နှင်းနိုင်သည်ဟူသော အယူအဆအား ၎င်းက ငြင်းပယ်ခဲ့ သည်။

နစကဥက္ကဋ္ဌနှင့်တွေ့ဆုံခဲ့ရာမှာ သူ့အနေဖြင့် ရစ်ချက်ဆန်စင်တာ၌ အလုပ်လုပ်ခဲ့သူ အမျိုးသမီးတစ်ဦး ထောင်မှ လွတ်လာ ခြင်း၊ မြန်မာပြည်သူများအတွက် လူသားချင်းစာနာမှုအကူ အညီနှင့် ကာကွယ်ဆေးတိုးမြှင့်ရရှိရေး၊ အကျဉ်းထောင်များသို့ ကြက်ခြေနီအဖွဲ့ ပြန်လည်ဝင်ရောက်နိုင်ရန် စသည့် အချက်များကို စွမ်းဆောင်နိုင်ခဲ့သည်ဟုဆိုသည်။