CNI News
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၉
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်ရှိ မိုင်တိုင် ၁၁၀ တွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင် များကို အမည်မသိ သေနတ်သမားများက ပစ်ခတ်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးသွားကြောင်း နစက သတင်း ထုတ်ပြန်ရေးအဖွဲ့က ဆိုသည်။
နစက သတင်းထုတ်ပြန်ရေးအဖွဲ့က “ဖြစ်စဉ်မှန်ကန်ကြောင်းနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ၅ ဦး ကျဆုံးသည်မှာ မှန်ကန်ပါသည်”ဟု ဆိုသည်။
ယနေ့ (နိုဝင်ဘာ ၉ ရက်)နံနက်ပိုင်းက ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်ရှိ ဇဟားလုံခြုံရေးရဲကင်းကို အမည်မသိ သေနတ်သမားများက ပစ်ခတ်ခဲ့ရာမှာ သေဆုံးခဲ့ခြင်း ဖြစ်သည်။