CNI News

၂၀၂၄ ခုနှစ်၊ ဧပြီ ၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးမြို့နယ်၊ ဝမ်ဟတ်ကျေးရွာအုပ်စုတွင် ၂၀၂၄ ခုနှစ်၊ ဧပြီ ၃ ရက်နေ့က ကျင်းပသည့် ရှင်ပြုပွဲသို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် သွားရောက်၍ အလှူငွေများ လှူဒါန်းခဲ့ကြောင်း Tai Freedom မှ ထုတ်ပြန်ခဲ့သည်။

၂၀၂၄ ခုနှစ်၊ ဧပြီ ၃ ရက်က လင်းခေးမြို့နယ်၊ နားကုန်းကျေးရွာက ရှမ်းစာပေ သင်တန်းကျောင်းက ဆရာ/ဆရာမများနှင့် ဗိုလ်ချုပ်ကြီယွက်စစ်တွေ့ဆုံစဉ်

ထို့နောက် လင်းခေးမြို့နယ်၊ နားကုန်းကျေးရွာသို့ သွားရောက်၍ နွေရာသီ ရှမ်းစာပေသင်ကြားရေး သင်တန်း ဖွင့်လှစ်ထားသော ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများကို တွေ့ဆုံကာ ငွေကြေးထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ဗိုလ်ချုပ်ကြီးယွက်စစ်သည် ရှမ်းပြည်နယ်တောင်ပိုင်းရှိ RCSS ထိန်းချုပ်ထားသော နယ်မြေများသို့ သွားရောက်၍ စစ်သင်တန်းတက်ရောက်နေသူများနှင့် မတ်လကုန်ပိုင်းက ခပ်စိပ်စိပ် တွေ့ဆုံလာသလို ဒေသခံ လူထုများနှင့် လည်း တွေ့ဆုံမှုများ ပြုလုပ်လာလျက်ရှိနေသည်။