၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)သည် တာဝန်ယူထားသည့် ၉ လတာအတွင်း ပြစ်ဒဏ်ကျခံနေသည့် အကျဉ်း သားပေါင်း ၄၀၀၀၀ (လေးသောင်း)ကျော်ကို ပြန်လွတ်ပေးခဲ့သည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြော သည်။

လက်ရှိတွင် နစက၏ ၉ လတာ တာဝန်ယူထားသည့် အချိန်မှာ အကျဉ်းသားပေါင်း ၄၇၈၆၉ ဦးအား ပြစ်ဒဏ်လွတ်ငြိမ်း ချမ်းသာခွင့်ပေးခဲ့သလို အမှုပိတ်သိမ်းမှုပေါင်း ၄၄၃၄ ဦးရှိကြောင်း နစကဥက္ကဋ္ဌက နိုဝင်ဘာ ၁ ရက်နေ့ မိန့်ခွန်းမှာ ထည့် သွင်း ပြောသွားခဲ့သည်။

၎င်းက “ကျနော်တို့ တာဝန်ယူပြီးတဲ့နောက်ပိုင်းမှာ ဖေဖော်ဝါရီ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့ ထူးခြားတဲ့လက္ခဏာရှိတဲ့ အတွက်ကြောင့် အဲ့ဒီမှာလည်း ကျနော် ပြစ်ဒဏ်ကျခံနေတဲ့ အကျဉ်းသားပေါင်း ၂၃၃၆၉ ဦးကို ပြစ်ဒဏ်ကနေ လွတ်ငြိမ်း ချမ်းသာခွင့်ပေးခဲ့ပါတယ်။ ကျနော်တို့နိုင်ငံမှာ ထူးခြားတဲ့ရက် နှစ်ရက်ရှိပါတယ်။ အဲဒါကတော့ နှစ်ဆန်းတစ်ရက်နေ့နဲ့ သီတင်းကျွတ်လပြည့်နေဖြစ်ပါတယ်။ ကုသိုလ်ကောင်းမှုတွေလုပ်ကြတယ်၊ ဆရာသမား၊ မိဘတွေကိုလည်း ကန်တော့ ကြတယ်၊ ဒီလိုအတွက်ကြောင့် ဒီကုသိုလ်လေးတွေကိုရရှိစေရန်အလို့ငှာပဲ ၂၃၁၈၄ ဦးကို မြန်မာနှစ်ဆန်း တစ်ရက်နေ့မှာ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပါတယ်”ဟု ပြောသည်။

ဆက်လက်၍ နစကဥက္ကဋ္ဌက “အလားတူစွာပဲ သီတင်းကျွတ်လပြည့်နေ့မှာလည်း ၅၆၃၆ ယောက်၊ အမှုပိတ်သိမ်းတဲ့သူတွေ အပါအဝင် လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပါတယ်။

ပုံ- ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁၉ ရက်က အင်းစိန်ထောင်ကနေ အကျဉ်းသားများ လွတ်ငြိမ်းခွင့်ပေးစဉ် လွတ်လာသူများနဲ့ လာကြိုသူများကိုတွေ့ရစဉ်။

အလားတူပဲ NCA ၆ နှစ်ပြည့်ဖြစ်တဲ့ အထိမ်းအမှတ်နေ့ အောက်တိုဘာ ၁၅ ရက်နေ့ကလည်း ၁၁၄ ဦးကိုလွတ်ငြိမ်းခွင့် ပေးခဲ့တာရှိပါတယ်။ ဒါတွေကြောင့် အားလုံးပေါင်း ပြစ်ဒဏ်ကနေ လွတ်ငြိမ်းခွင့် ပေးခဲ့တာဟာ ၄၇၈၆၉ ယောက်ရှိပြီး အမှုပိတ်သိမ်းပေါင်း ၄၄၃၄ ယောက်ရှိကြောင်း ပြောကြားလိုပါ
တယ်”ဟု ပြောသည်။

အဆိုပါ လွတ်ငြိမ်းချမ်းသာခွင့်သည် အာဆီယံသဘောတူညီချက် ၅ ချက်ထဲက တစ်ချက်ဖြစ်သည့်အတွက် အာဆီယံ သဘောတူညီချက်များကို အကောင်အထည်ဖော်ခြင်းလားဆိုပြီးတော့လည်း နိုင်ငံရေးလေ့လာသုံးသပ်သူများကြား သုံးသပ် မှုများ ရှိနေကြသည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)မှ ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက “ ကျနော်တော့ အဲအ တိုင်း ချွတ်စွပ်တော့ မဟုတ်ပါဘူး၊ အာဆီယံကဆိုလိုတာက နိုင်ငံရေးအရ ဖမ်းထားတဲ့လူတွေကိုပြောတာ။ ဒေါ်အောင် ဆန်းစု ကြည်တို့၊ သမ္မတကြီးဦးဝင်းမြင့်တို့ကို ဆိုလိုတာ သူက အခုလွတ်တာက သာမန်အကျဉ်းသား၊ ရာဇဝတ်သား အဲဒီ လိုနဲ့တူ ပါတယ်။ လိုချင်တဲ့ အခြေအနေတော့ မဟုတ်ဘူးပေါ့။ လွတ်တော့ လွတ်တဲ့ပုံစံမျိုးပေါ့၊ ဒါပေမယ့် အဲတာ အာဆီယံကို အတိ အကျ လုပ်နေတယ်လို့လည်း ပြောလို့မရဘူးပေါ့။ တချို့ကျတော့လည်း အလယ်အလတ်ပေါ့။ အန္တရာယ်နည်းတဲ့ အဆင့် တွေကို ပြန်လွတ်တာကတော့ ကောင်းပါတယ်။ သူတို့ဘက်ကလည်း ချင့်ချင့်ချိန်ချိန်နဲ့လွတ်တဲ့ သဘောတော့ ရှိပါ တယ်။ အာဆီယံကို လုံးဝ မလွတ်ဘူးလည်း မပြောဘူး၊ အာဆီယံ ပြောတဲ့အတိုင်း လိုက်လုပ်တယ်လည်း မဖြစ်အောင် ချင့်ချင့် ချိန်ချိန်နဲ့ လုပ်တဲ့သဘောတွေ့ရပါတယ်”ဟု CNI သတင်းဌာနသို့ ပြောသည်။

ပုံ-အာဆီယံ အစည်းအဝေးကို ဗိုလ်ချုပ်မှူးကြီး တက်ရောက်စဉ်။

နစက၏ ၉ လတာ ကာလအတွင်း လွတ်ငြိမ်းချမ်းသာခွင့်ပေးသည့် လူဦးရေ ၄၀၀၀၀ (လေးသောင်း)ကျော်ထဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ ဗဟိုပြန်ကြားရေးတာ၀န်ခံ မုံရွာအောင်ရှင် အပါအ၀င် သတင်းမီဒီယာသမားများ၊ စာရေးဆရာ/ ဆရာမများ၊ တက်ကြွလှုပ်ရှားသူများ စသည့် အလွှာ အသီးသီးက ပါ၀င်သည်။

အာဆီယံထိပ်သီး အစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ ဧပြီ ၂၄ ရက်က အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာနိုင်ငံမှာ ကျင်းပခဲ့ရာ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခဲ့ပြီး သွေးထွက်သံယိုမှုများ ရပ်တန့်ရေး၊ ဖမ်းဆီးခံထားရသူများ ပြန် လွတ်ပေးရေး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး၊ သက်ဆိုင်သူ အားလုံးပါဝင်ကာ စေ့စပ်ဆွေးနွေးအဖြေ ရှာရေး၊ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ခန့်အပ်ခွင့်ပြုရေး စသည့် အချက် ၅ ချက်ကို သဘောတူညီခဲ့ သည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းကတော့ အာဆီယံ သဘောတူညီချက် ၅ ချက်ကို အပြည့်အဝ အကောင်အထည် ဖော်ခြင်းမဟုတ်ဘဲ ပထမခြေလှမ်းဟု ပြောမည်ဆို ပြော၍ ရကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် သို့မဟုတ် NUG တို့ဖြင့် တွေ့ဆုံ ဆွေးနွေးခွင့် အာဆီယံကိုယ်စားလှယ်ကို မပေးပါက နစက၏ ဆောင်ရွက်မှုများကို အာဆီယံမှ သဘောတူညီချက် အား အကောင်အထည်ဖော်နေသည်ဟု မြင်နိုင်ခြေနည်းကြောင်း ဆိုသည်။

“ဒီအကျဉ်းသားတွေကို လွတ်လိုက်တဲ့ကိစ္စက သူက အဲဆုံးဖြတ်ချက်(အာဆီယံသဘောတူညီချက်)ကို တိုက်ရိုက် အ ကောင် အထည်ဖော်တယ်လို့တော့ ပြောလို့မရဘူးပေါ့။ ပထမခြေလှမ်းလို့ပြောမယ်ဆိုရင်တော့ ပြောလို့ရတာပေါ့လေ၊ ဒေါ်အောင် ဆန်းစုကြည်ကို သူက အထူးသံတမန်တွေနဲ့ တွေ့ခွင့်မပေးတာတို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ပဲ ဖြစ်ဖြစ်၊ NUG တို့နဲ့ပဲဖြစ်ဖြစ် တွေ့ဆုံဆွေးနွေးဖို့ အရိပ်အယောင်မပြတာတို့က အဲအာဆီယံက ချမှတ်တဲ့ ၅ ချက်ကို အကောင်အထည် ဖော်ဖို့ သိပ်ပြီးတော့ ဆန္ဒမရှိဘူးဆိုတာ ပေါ်လွင်နေတာပေါ့။ သူတို့ ကျေ နပ်အောင် နည်းနည်း လေပြေထိုးတဲ့ပုံစံမျိုးပေါ့ ဗျာ။သိပ်လည်း ထိထိ ရောက်ရောက် မဟုတ်တဲ့ ပေါ့ပေါ့ပါးပါး ကိစ္စမျိုးဆိုတော့ အဲလိုလေးမျိုးတွေပဲ လုပ်လိမ့်မယ်လို့ ထင်တယ်”ဟု CNI သတင်း ဌာနသို့ ပြောသည်။လက်ရှိတွင် နစကသည် နိုင်ငံတကာ၏ အသိအမှတ်ပြုရေး ရရှိအောင် သံတမန်ရေးရာ ကြိုးပမ်းဆောင်ရွက်လျက်ရှိနေ သည်။