CNI News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၃) ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးအောင်ကျော်ဟိုးကို ခန့်အပ်တာဝန်ပေးလိုက်ကြောင်း ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၄)၏ ဒုတိယဝန်ကြီးအဖြစ် ဗိုလ်ချုပ် ခွန်သန့်ဇော်ထူးကို ခန့်အပ်ခဲ့သည်။
ဗိုလ်ချုပ်ခွန်သန့်ဇော်ထူးသည် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ်လည်း ခန့်အပ်တာဝန်ပေးခံထားရသည်။

နစကဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၄) ပြည်ထောင်စုဝန်ကြီးမှာ ဗိုလ်ချုပ်ကြီးမိုးအောင် ဖြစ်ပြီး နစကဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၁)၏ ပြည်ထောင်စုဝန်ကြီးမှာ ဦးကိုကိုလှိုင်ဖြစ်သည်။ 

အလားတူ နစကဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီးမှာ ဦးအောင်နိုင်ဦး ဖြစ်သည်။