CNI News
၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁၉

သန်လျင်ပို့စ် အယ်ဒီတာချုပ်နှင့် စာရေးဆရာ မတူးတူးသာ ယနေ့ (အောက်တိုဘာ ၁၉ ရက်) နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)ဥက္ကဋ္ဌ၏ လွတ်ငြိမ်းသက်သာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သည်။

မတူးတူးသာသည် ဧရာဝတီသတင်းဌာနတွင် အယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့ဖူးသလို သတင်းစာ သင်တန်းများတွင်လည်း သင်ကြားပို့ချပေးနေသူဖြစ်သည်။ ၎င်း ဖမ်းဆီးခံရချိန်မှာတော့ သန်လျင်ပို့စ် အယ်ဒီတာချုပ်အဖြစ် တာဝန်ယူလုပ်ကိုင်နေချိန်ဖြစ်သည်။

မတူးတူးသာကို ဧပြီ ၂၄ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့တွင် ၎င်း၏ သားဖြစ်သူ ကိုဉာဏ်လူသစ်၊ မောင်ဖြစ်သူ ကိုရဲနောင်၊ ကိုသီဟထွန်း (သားဖြစ်သူ၏ သူငယ်ချင်း)တို့နှင့်အတူ ဖမ်းဆီးခံခဲ့ရ သည်။

ထို့နောက် ယနေ့ (အောက်တိုဘာ ၁၉ ရက်)တွင် ပြန်လွတ်လာခြင်းဖြစ်သည်။