CNI News
၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁၅


အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)ထိပ်သီး အစည်းအဝေးကို မြန်မာနိုင်ငံမှ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ(နစက)ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မဖိတ်ရန် အဖွဲ့ဝင်နိုင်ငံများကြား ဆုံးဖြတ်ခဲ့ကြ သည်ဟု ဂျပန်သတင်းဌာနတစ်ခုဖြစ်သည့် NHK က ဖော်ပြထားသည်။


အာဆီယံထိပ်သီး အစည်းအဝေးကို ယခုလ (အောက်တိုဘာလ) ၂၆ ရက်မှ ၂၈ ရက်နေ့အထိ ကျင်းပမည်ဖြစ်သည်။


အဆိုပါ အစည်းအဝေးကို နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖိတ်သင့် မဖိတ်သင့် အဖွဲ့ဝင်နိုင်ငံများ ကြား ဆွေးနွေးနေကြသည်မှာ ကြာမြင့်နေပြီးဖြစ်သော်လည်း အစည်းအဝေး တက်ရောက်ခွင့်မပြုကြောင်းကို တိတိကျကျ ဆုံးဖြတ်လိုက်သည်ဆိုသော ထုတ်ပြန်ချက်ကိုတော့ မတွေ့ရသေးပေ။

NHK သတင်းဌာန၏ ဖော်ပြချက်မှာလည်း မည်သည့် အကြောင်းကြောင့် အစည်းအဝေး မဖိတ်ကြောင်းနှင့် မည်ကဲ့သို့ ဆုံးဖြတ်ခဲ့ကြသည်ဆိုကြောင်းကို ဖော်ပြထားသည်ကို မတွေ့ရသေးပေ။