ဝါဆော၊ အောက်တိုဘာ ၁၅

နယ်စပ်ဖြတ်ကျော်၍ တရားမဝင် ဝင်ရောက်လာသည့် ရွှေ့ပြောင်းနေထိုင်သူများကို ပိုလန်နယ်ခြားစောင့်တာဝန်ရှိသူများက ချက်ချင်းနှင်ထုတ်ခွင့်ပြုသည့် ဥပဒေပြင်ဆင်ချက်အသစ်ကို ပိုလန်လွှတ်တော်က အတည်ပြုလိုက်ကြောင်း ဘီဘီစီ အင်္ဂလိပ် ပိုင်းက အောက်တိုဘာ ၁၅ ရက်တွင် ရေးသားဖော်ပြသည်။

အဆိုပါ ဥပဒေသစ်က အစောင့်များနေဖြင့် စစ်ဆေးမေးမြန်းခြင်းမရှိဘဲ နိုင်ငံတကာခိုလှုံခွင့် လျှောက်လွှာများကို ငြင်းပယ်နိုင် သည့် အခွင့်အာဏာပေးထားသည်။

ပိုလန်အစိုးရအနေဖြင့် ရွှေ့ပြောင်းနေထိုင်သူများကို တရားဝင်စေရန် တွန်းအားပေးနေခြင်းဖြစ်ကြောင်း လူ့အခွင့်အရေး အုပ်စုများက စွပ်စွဲကြသည်။

အပြည်ပြည်ဆိုင်ရာ အကာအကွယ် ရယူလိုသူတိုင်းသည် တရားမဝင် နယ်စပ်ဖြတ်ကျော်ခြင်းရှိသည့်တိုင် နိုင်ငံတကာ ဥပဒေ အရ ခိုလှုံခွင့်လုပ်ငန်းစဉ် ပေးရမည်ဖြစ်သည်။ ယင်းသို့ ဖြတ်ကျော်ဝင်ရောက်လာသူများကို ၎င်းတို့အတွက် ကောင်းကောင်း မွန်မွန် နေထိုင်နိုင်ရန် ရှေးရှု၍ အန္တရာယ်များသော မူလနေရာသို့ ပြန်မပို့ရန် နိုင်ငံတကာဥပဒေများတွင် ပြဋ္ဌာန်းထားသည်။

ယခု အတည်ပြုလိုက်သော ဥပဒေပြင်ဆင်ချက်အသစ်ကို သမ္မတက လက်မှတ်ရေးထိုးပေးရမည်ဖြစ်သည်။

ပိုလန်နှင့် ဥရောပသမဂ္ဂအုပ်စုဝင် လစ်သူယေးနီးယား၊ လတ်ဗီးယားနိုင်ငံတို့တွင် ယခုနွေရာသီမှစ၍ တရားမဝင် ဝင်ရောက်ရန် ကြိုးစားနေသော အရှေ့အလယ်ပိုင်းနှင့်အာရှနိုင်ငံများမှ ရွှေ့ပြောင်နေထိုင်သူများ သိသိသာသာ တိုးလာကြောင်း တွေ့ရသည်။

ပြီးခဲ့သည့် ဩဂုတ်လတွင် ဘီလာရုစ်နိုင်ငံမှတဆင့် တရားမဝင် နယ်စပ်ဖြတ်ကျော်ရန် ကြိုးစားမှု အကြိမ်ပေါင်း ၁၆,၀၀၀ ရှိခဲ့ ပြီး ယမန်နှစ်ကမူ တစ်နှစ်တာလုံး ယင်းသို့ ကြိုးစားမှုအကြိမ်ရေ ၁၂၀ သာရှိခဲ့ကြောင်း ပိုလန်နယ်စပ်ရေးရာဌာနက သတင်း ထုတ်ပြန်သည်။

ယခုအခါ ညအပူချိန် အလွန်အမင်း ကျဆင်းနေချိန် တစ်ညလုံး အေးခဲနေသည့်ကြားမှ နယ်စပ်ခြံစည်းရိုးအနီးတွင် ရွှေ့ပြောင်း နေထိုင်သူ အနည်းဆုံး ၆ ဦး ထပ်မံတွေ့ရှိခဲ့ရသည်။

ရွှေ့ပြောင်းလာသူများအား ပိတ်ဆို့ခြင်းဖြင့် ပိုလန်နှင့်ဥရောပသမဂ္ဂတို့ကို ကူညီပံ့ပိုးနေကြောင်း ဘီလာရုစ်သမ္မတ အလက်ဇန္ဒားလူကာရှန်ကိုအပေါ် စွပ်စွဲချက်များလည်း ပေါ်ထွက်လာနေသည်။

ဘီလာရုစ်အစိုးရက အဆိုပါစွပ်စွဲချက်များကို တုံ့ပြန်ငြင်းဆိုခဲ့ပြီး နယ်စပ်ရှိ အနောက်အုပ်စုနိုင်ငံသမားများကို ပြစ်တင်ရှုတ်ချခဲ့သည်။