CNI International News
မော်စကို၊ ဇူလိုင် ၈
ယခုလနှောင်းပိုင်း စိန့်ပီတာစဘတ် (St.Petersburg)တွင် ကျင်းပမည့် ရုရှား-အာဖရိက ဖိုရမ်နှင့် ညီလာခံတွင် ရုရှားသမ္မတ ပူတင် (Vladimir Putin)တက်ရောက်မည်ဖြစ်ကြောင်း ကရင်မလင် ပြောခွင့်ရပုဂ္ဂိုလ် ဒီမီထရီ ပက်စကော့(Dmitry Peskov)က သတင်းထောက်များကို ပြောကြားခဲ့သည်။
ထိုကိစ္စနှင့်ပတ်သက်ပြီး သတင်းထောက်များက မေးမြန်းသည့်အခါ “ဟုတ်ပါတယ်။ အသေအချာပါပဲ”ဟု ပတ်စကော့က ပြောကြားသည့်အပြင် ဖိုရမ်အတွက် တက်တက်ကြွကြွ ပြင်ဆင်နေကြကြောင်းလည်း ပြောကြားသွားခဲ့သည်။
ပက်စကော့က “ဘေးပန်း ပွဲငယ်တွေ အမြောက်အများနဲ့ အများကြီးပြောကြမယ့် အထင်ကရ အကျော်အမော်တွေ ရဲ့ ညီလာခံတစ်ခု ဖြစ်လာမယ်လို့ မျှော်လင့်ထားပါတယ်”ဟု ပက်စကော့က ပြောသည်။
ကရင်မလင် ပြောခွင့်ရပုဂ္ဂိုလ် ဒီမီထရီ ပက်စကော့ကိုတွေ့ရစဉ်
ဒုတိယအကြိမ်မြောက် ရုရှား-အာဖရိက ညီလာခံနှင့် စီးပွားရေးဖိုရမ်ကိုလည်း ဇူလိုင် ၂၇ ရက်နှင့် ၂၈ ရက်နေ့များ တွင် စိန့်ပီတာစဘတ်၌ ကျင်းပရန် စီစဉ်ထားသည်။
ပထမဆုံးအနေဖြင့် ထိုညီလာခံမျိုးကို “ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးမှုအတွက်”ဟူသော ခေါင်းစဉ်အောက်တွင် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၂၂ ရက်မှ ၂၄ ရက်အထိ ဆိုခီ (Sochi)တွင် ကျင်းပခဲ့သည်။
Source: တာ့စ်