CNI International News

ပရပ် (Prague)၊ ဇူလိုင် ၈

ယူကရိန်းသမ္မတ ဇာလန်းစကီး(Volodymyr Zelenskiy)က ချက်သမ္မတနိုင်ငံသို့ အလည်အပတ် ရောက်ရှိနေစဉ် အတွင်း ကျူးကျော်လာသည့် ရုရှားတပ်ဖွဲ့များကိုတိုက်ဖို့ အမေရိကန်အနေဖြင့် တာဝေးပစ် လက်နက်များပေးရန် ပြောကြားခဲ့သည်။

 “တာဝေးပစ် လက်နက်တွေ မရှိဘဲနဲ့တော့ ထိုးစစ်ဆင်ဖို့လည်း ခက်ခဲသလို၊ ခံစစ်ဆင်နွှဲဖို့လည်း ခက်ခဲမှာပါ။ တာဝေးပစ် စနစ်တွေအကြောင်းကို အမေရိကန်ပြည်ထောင်စုနဲ့ စကားပြောနေခဲ့ပြီး လက်ရှိအချိန်မှာတော့ သူတို့အပေါ်မှာပဲ မူတည်ပါတော့တယ်”ဟု ဇာလန်းစကီးက ချက်ဝန်ကြီးချုပ် ပီတာ ဖီရာလာ(Petr Fiala)နှင့် ပူးတွဲသတင်းစာ ရှင်းလင်းပွဲတွင် ပြောကြား သွားခဲ့သည်။ 

ဇာလန်းစကီးသည် နောက်ရက်သတ္တပတ် နေတိုး(NATO)ညီလာခံမတိုင်မီ နိုင်ငံခြားခရီးစဉ်၏ အစိတ်အပိုင်း အနေဖြင့် ပရပ်(Prague)ကို ရောက်ရှိနေခြင်းဖြစ်သည်။

ဇာလန်းစကီးနဲ့ ချက်ဝန်ကြီးချုပ် ပီတာဖီရာလာကို တွေ့ရစဉ်

ထို့နောက် နေတိုး စစ်မဟာမိတ် အဖွဲ့ကြီးကိုလည်း ယူကရိန်းကို အဖွဲ့ဝင်အဖြစ် လက်ခံရေး လက်တွေ့ကျကျ အကောင်အထည်ဖော်ဖို့ ၎င်းက တိုက်တွန်းထားသည်။ 

ယခုနှစ်ထဲတွင်ပင် ဥရောပသမဂ္ဂက ယူကရိန်းကို အဖွဲ့ဝင်အဖြစ် လက်ခံရေး ဆွေးနွေးပွဲများကို စတင်ဖို့လည်း ဇာလန်းစကီးက ပြောသည်။

နေတိုးသည် အင်အားတိုးချဲ့ခြင်းနှင့် ရုရှားကို ထိန်းချုပ်နိုင်ရေးအတွက် ယူကရိန်းအား အဖွဲ့ဝင်ဖြစ်လာရေး စည်းရုံး ခဲ့ရာ ယူကရိန်းကလည်း နေတိုးနှင့်မဟာမိတ်လုပ်ရန် ကြိုးပမ်းခဲ့ခြင်းကြောင့် အမျိုးသားလုံခြုံရေး ခြိမ်းခြောက်ခံရ သည်ဟုဆိုကာ ရုရှားက ယူကရိန်းကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ကျူးကျော်တိုက်ခိုက်ခဲ့သည်။

အဆိုပါ စစ်ပွဲမှာ ယနေ့အထိ ဖြစ်ပွားနေပြီး အဖြေရှာရန်လည်း ခက်ခဲနေသည်။

Source: ရိုက်တာ