CNI International News

ဘန်ကောက်၊ ဇူလိုင် ၈

အထက်လွှတ်တော်အမတ်တချို့သည် ဘုရင်အား စော်ကားမှုကို တားမြစ်ထားသည့် ဥပဒေအား ပြင်ဆင်ရန် စိုင်းပြင်းထားခြင်းနှင့် Move Forward Party(MFP)၏ နိုင်ငံခြားရေး မူဝါဒများအပေါ် စိုးရိမ်ကြသည့်အတွက် MFP ပါတီခေါင်းဆောင် ပီတာလင်ဂျရုန်ရတ်(Pita Limjaroenrat)ကို ဝန်ကြီးချုပ်သစ်အဖြစ် ထောက်ခံမဲ့ပေးတော့မည် မဟုတ်ကြောင်း ပြော သည်။

မူလက ပီတာကို ထောက်ခံမဲပေးရန် ကတိပြုထားခဲ့ကြသော်လည်း ဘုရင်အားစော်ကားလျှင် အပြစ်ပေးမည့် ဥပဒေ ပုဒ်မ ၁၁၂ ကို ပြောင်းလဲမည့် ပါတီ၏ ရပ်တည်ချက်ကြောင့် စိတ်ပြောင်းသွားခဲ့ပုံ ပေါ်သည်။ 

MFP က ထိုဥပဒေကို ပြင်ဆင်ရန် ဖိအားပေးသွားဖို့ ဆုံးဖြတ်ထားသည်။ 

“အဓိကအကြောင်းကတော့ သူက ပုဒ်မ ၁၁၂ နဲ့ ဘုရင်စနစ်ကို ပြုပြင်ပြောင်းလဲဖို့ ကြိုးစားနေတာပါပဲ။ နိုင်ငံခြား ရေးမှာ MFP ရဲ့ ရပ်တည်ချက်ကလည်း တိုင်းပြည်အတွက် အန္တရာယ်ပါပဲ။ ထိုင်းဟာ နိုင်ငံတိုင်းနဲ့ ချစ်ကြည်ပါ တယ်။ တကယ်လို့ မစ္စတာပီတာသာ အာဏာရလာရင်တော့ နိုင်ငံခြားရေးပေါ်လစီက အင်အားကြီး နိုင်ငံတစ်ခု တည်းအပေါ်မှာပဲ တိမ်းညွှတ်တဲ့ပုံစံကို ပြောင်းသွားမှာပါ”ဟု အထက်လွှတ်တော်အမတ် ပရာပန် ကွန်မီး (Prapan Koonmee)က ပြောသည်။ 

ထိုင်းဘုရင်ကိုတွေ့ရစဉ်

ထို့နောက် ပရာပန်က ရှေ့နေတစ်ယောက်မှ တင်သွင်းလာသည့် ပန်ကြားလွှာကို ကိုးကားပြီး MFP သည် စည်းမျဉ်း ခံဘုရင်စနစ်ကို ဖယ်ရှားဖို့ ကြိုးစားနေသည်ဟု စွပ်စွဲခံထားရကြောင်း ရှေ့နေချုပ်ရုံးကို ပြောကြားခဲ့သည်။ 

အဆိုပါ ရှေ့နေက ပုဒ်မ ၁၁၂ နှင့်ပတ်သက်သည့် MFP ၏ မူဝါဒမှာ ဖွဲ့စည်းပုံကို ချိုးဖောက်ရာ ရောက်သည်ဟု ပြောကြားထားသည်။ 

လွှတ်တော် သတင်းရင်းမြစ်များအရ အထက်လွှတ်တော်အမတ် ၂၄ ယောက်ကို ဇူလိုင် ၁၃ ရက်နေ့တွင် ကျင်းပရန် စီစဉ်ထားသည့် ပူးတွဲလွှတ်တော်၌ မစ္စတာပီတာအား မဲပေး မပေးကို မေးမြန်းထားသည်ဟု ဆိုသည်။

ထိုင်းလွှတ်တော်ကိုတွေ့ရစဉ်

အဆိုပါ လွှတ်တော်အမတ်များထဲမှ မူလက မဲပေးမည်ဟု ပြောကြားထားသည့် အမတ် ၁၄ ယောက် ပါဝင်နေ သည်။  

ဇူလိုင် ၆ ရက်နေ့က စစ်တမ်းတွင် အထက်လွှတ်တော်အမတ် ၈ ယောက်က  ပုဒ်မ ၁၁၂ ကို ပြင်ဆင်မည့် စီမံကိန်း အား လက်ညှိုးထိုးနေကြရာ၌ အမတ် ၅ ယောက်ကမူ အောက်လွှတ်တော်၏ ဆုံးဖြတ်ချက်နှင့်အညီ မစ္စတာ ပီတာကို မဲပေးမည်ဟု ပြောကြားခဲ့သည်။ 

အခြား ၉ ယောက်ကမူ မဲပေးမည့် နေ့ကျမှ ဆုံးဖြတ်မည်ဟု ပြောကြားသော်လည်း ၂ ယောက်ကမူ မှတ်ချက် ပေးရန် ငြင်းဆန်ထားသည်။

Source:  ဘန်ကောက်ပို့စ်