CNI News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၈

ပုဂ္ဂလိကဘဏ်များတွင် ရာထူးကြီး တာဝန်များယူ၍ ဆောင်ရွက်နေသူများကို အရိပ်မဲ့(Shadow less)ဆိုသော တော်လှန်ရေးအဖွဲ့ တစ်ဖွဲ့က နစကကို ဘဏ္ဍာရေးအကြံပေး လုပ်နေသည်ဟု စွပ်စွဲကာ အကြံပေးလုပ်နေ ခြင်းကို ရပ်တန့်ရန် နောက်ဆုံးအကြိမ် သတိပေးသည်ဟုဆိုကာ တယ်လီဂရမ်ကနေတဆင့် ခြိမ်းခြောက်သတိပေးခဲ့သည်။

ခြိမ်းခြောက် သတိပေးခံရသူများမှာ AYA Bank ၏ မန်နေဂျင်းဒါရိုက်တာ ဦးမင်းဝင့်ဦး၊ AYA Bank ၏ အမှု ဆောင်အရာရှိချုပ် ဦးမြင့်ဇော်၊ A Bank ဒုဥက္ကဋ္ဌ ဦးဇော်လင်းထွဋ်၊ Yoma Bank ၏ အမှုဆောင်အရာရှိချုပ် ဦးကျော်စိုးလင်းတို့ဖြစ်သည်။

အရိပ်မဲ့(Shadowless)အဖွဲ့က “ အထက်ပါ ပုဂ္ဂိုလ်များသည် နိုင်ငံတကာမှ ပိတ်ဆို့ အရေးယူခြင်း ခံထားရသော မင်းအောင်လှိုင်၏ စစ်ကောင်စီကို ဘဏ်စနစ်နှင့်ဘဏ္ဍာရေးဆိုင်ရာ အကြံဉာဏ်များ ပေးနေကြသည့်သူများ ဖြစ် ကြပါသည်။ သို့သော် အဆိုပါ ပုဂ္ဂိုလ်များထဲတွင် တော်လှန်ရေးကို ကူညီခဲ့ဖူးသူများ ပါဝင်နေသည်ကို ထောက်ရှု ၍ နောက်ဆုံးအကြိမ်အဖြစ် ပြင်းထန်စွာ အသိပေးလိုက်ပါသည်။ နောင်တွင် စစ်ကောင်စီနှင့် ဆက်လက် ပူး ပေါင်းဆောင်ရွက်နေပါက ထိုက်သင့်သည့် အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်” ဟု ရေးသားထားသည်။

အဆိုပါ သတိပေးချက်ကို အရိပ်မဲ့(Shadowless) တယ်လီဂရမ်ချန်နယ်တွင် ရေးသား ဖော်ပြခဲ့သည်။