CNI International News
ဝါရှင်တန်၊ ဇွန်လ ၁၀
ယူကရိန်းမှ ခေတ်ရှေ့ပြေး တင့်ကားများကို ဖျက်ဆီးနိုင်သည်ဟု ရုရှားစစ်တပ်မှ ထုတ်ပြန်သော ဗွီဒီယိုသက်သေ များမှာ အတုများဖြစ်နိုင်ကြောင်း လက်နက်ကျွမ်းကျင်သူများက ပြောသည်ဟု အေပီသတင်းမှာ ဖော်ပြထားသည်။
ရုရှားစစ်တပ်က တင့်ကားများကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ပြောဆိုမှုကို အတည်ပြု ပေးနိုင်ရန် ယခုသီတင်းပတ်အ တွင်း ထုတ်ပြန်ခဲ့သည့် အဖြူအမည်း ဗွီဒီယိုဖိုင်ပါ ယာဉ်သည် တင့်ကားမဟုတ်ဘဲ လယ်ထွန်စက် တစ်စီးသာဖြစ် သည်ဟုလည်း အေပီ၏ ပုံရိပ်သွင်ပြင်ဆိုင်ရာ လေ့လာဆန်းစစ်မှုတွင် တွေ့ခဲ့ရသည်။
နေတိုးနိုင်ငံများမှ ယူကရိန်းသို့ ထောက်ပံ့ပေးထားသည့် ခေတ်အမှီဆုံးနှင့် စွမ်းရည်အမြင့်ဆုံး ဂျာမနီလုပ် Leopard တင့်ကားရှစ်စီးကို ရုရှားတပ်များက ဖျက်ဆီးနိုင်ခဲ့သည်ဟု ဝါရှင်တန်ရှိ ရုရှားသံရုံးက တွစ်တာ၌ ကြေညာခဲ့သည်။
Leopard တင့်ကားကိုတွေ့ရစဉ်
ရုရှားကာကွယ်ရေးဝန်ကြီဌာနကလည်း တယ်လီဂရမ်၌ ဗွီဒီယိုတစ်ခုကို တင်ခဲ့ပြီး Leopard တင့်ကားများ အပါအ ဝင် တခြားနိုင်ငံများ၏ ကျည်ကာယာဉ်များကို ဖျက်ဆီးနိုင်ခဲ့သည်ဟု ရေးသားခဲ့သည်။
ထိုဗွီဒီယိုကို KA-51 Alligator တိုက်ခိုက်ရေး ရဟတ်ယာဉ်၏ အပူလှိုင်းသုံး ပုံဖော်စနစ်ဖြင့် ရိုက်ကူးထားခြင်းဟု ဆိုကာ ရုရှားနိုင်ငံပိုင် သတင်းဌာနများတွင် ဖော်ပြကြသည်။
ထိုဗွီဒီယိုတွင် ယာဉ်များ၏ အနက်ရောင် အရိပ်ကို မြင်တွေ့ရပြီး ထိုယာဉ်များမှ တစ်စင်းကို ရဟတ်ယာဉ်၏ ပဲ့ထိန်းဒုံးကျည်ဖြင့် ပစ်ခတ်ခဲ့ကာ ဖောက်ခွဲဖျက်ဆီးခဲ့သည်။
တည့်တည့်ကြီး ထိသည်ဟု ရုရှားဘာသာဖြင့် ပြောဆိုသံကိုလည်း ဗွီဒီယိုဖိုင်တွင် ကြားခဲ့ရသည်။
ယူကရိန်းသို့ Leopard 2 တိုက်ခိုက်ရေး တင့်ကား ၁၈ စီး ထောက်ပံ့ပေးမည်ဟု ဂျာမနီက ယခုနှစ် အစောပိုင်းတွင် ကြေညာခဲ့သည်။
ထိုတင့်များသည် ကမ္ဘာပေါ်တွင် အကောင်းဆုံး တိုက်ခိုက်ရေး တင့်ကားများ ဖြစ်သည်ဟုလည်း ထုတ်လုပ်သူ Krauss-Maffei Wegmann က ပြောသည်။ ယူကရိန်းအရာရှိများက Leopard များကို တိုက်ပွဲတွင် အသုံးပြု နေပြီလားဆိုခြင်းနှင့် ပတ်သက်၍ မေးမြန်းမှုကို ဖြေဆိုရန် ငြင်းပယ်သည်။
ရုရှားဘက်က ထုတ်ပြန်သည့် ဗွီဒီယိုဖိုင် လူမှုကွန်ယက်ပေါ်တွင် ပျံ့နှံ့သွားပြီးနောက်တွင် ရုရှားတို့၏ ရဟတ်ယာဉ် ဖြင့် ပစ်ခတ်မှုသည် Leopard တင့်ကား ဖြစ်နိုင်ချေနည်းသည်ဟု လက်နက်ကျွမ်းကျင်သူများနှင့် စစ်ဘက် ဘလော့ဂါများက လူမှုကွန်ယက်တွင် ရေးသားခဲ့သည်။
ရုရှားထုတ်ပြန်ခဲ့သည့် တင့်ကားဆိုသော ပုံကို အေပီက စစ်ဆန်းပြထားစဉ်
AP ၏ ပုံရိပ်ပိုင်းဆိုင်ရာ လေ့လာဆန်းစစ်မှုတွင် ညအချိန် ရိုက်ကူးထားသည့် ဗွီဒီယိုဖိုင်ပါ ယာဉ်များသည် လယ်ကွင်း တစ်ခုအတွင်း ရပ်ထားသည့် လယ်ယာသုံး ယာဉ်တစ်မျိုး ဖြစ်ပုံရသည်ကို တွေ့ခဲ့ရသည်။
ပြောင်းနှင့်ဂျုံများကို ရိတ်သိမ်းရာတွင် အသုံးပြုသော ယာဉ်ဖြစ်နိုင်သည်။ ရုရှားဒုံးကျည် ထိမှန်ခဲ့သော ယာဉ်တွင် ဘီးအကြီး လေးလုံးရှိကာ ယင်းသည် အတော်လေးမြင့်သည်။
Leopard 2 တင့်ကားသည် နိမ့်ကာ ဘူဒိုဇာကဲ့သို့ ဘီးများသာ ရှိသည်။ ရုရှားသံရုံး၏ ထုတ်ပြန်ချက်တွင် ပြင်သစ် ထုတ် AMX-10 တင့်ကားသုံးစီး ဖျက်ဆီးနိုင်ခဲ့သည်ဟုလည်း ပါဝင်သည်။
ထိုတင့်ကားများတွင် ဘီးများရှိသည် မှန်သော်လည်း ဘီးခြောက်လုံးဖြစ်ကာ လေးလုံး မဟုတ်ချေ။
ရုရှားဘက်က ဖျက်ဆီးနိုင်ခဲ့သည်ဆိုသော ယာဉ်၏ပုံရိပ်များအရ ယာဉ်သည် တင့်ကားထက် ကိုယ်တိုင်သွားလာနိုင် သည့် ခေတ်မီ လယ်ယာသုံး ယာဉ်ဖြစ်ရန် ရာခိုင်နှုန်းများသည်။
ရုရှားရဟတ်ယာဉ်တွင် တပ်ဆင်ထားသော အပူလှိုင်းသုံး ပုံရိပ်ဖော်စနစ်သည် ရန်သူ့ယာဉ် ပစ်မှတ်များ၏ အပူ လှိုင်းကို မီးခိုးများ သို့မဟုတ် အလင်းရောင် ဖျော့ဖျော့ အခြေအနေဖြင့် ဖော်ပြပေးသည်။
ဗွီဒီယိုပါ ရပ်ထားသော ယာဉ်များသည် အနက်ရောင် ဖြစ်နေသည်ကို တွေ့ရပြီး ယင်းက ထိုအင်ဂျင်များ အေးနေ သည်ဟု အဓိပ္ပာယ်ရသည်။
ရှေ့တန်းစစ်မျက်နှာရှိ တင့်ကားတပ်ဖွဲ့များသည် ၎င်းတို့၏ ယာဉ်များကို ပုန်းကွယ် ရပ်နားထားလေ့ရှိပြီး ရွေ့လျားမှုနှင့် ပစ်ခတ်မှု ပြုလုပ်ရန်သာ ပေါ်လာလေ့ရှိသည်ဟု စစ်သုံးယာဉ်ဆိုင်ရာ ကျွမ်းကျင်သူနှစ်ဦးက ပြောသည်။
ရန်သူ၏ တိုက်ခိုက်မှုကို အလွယ်တကူ ခံရနိုင်မှုကြောင့် တင့်ကားများကို ကွင်းပြောင်ပြောင်တွင် ရပ်လေ့မရှိ ကြောင်းလည်း ၎င်းတို့က ပြောသည်။
Source: AP