CNI Sport News

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၆

ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာက အသင်းရဲ့ ဆယ်ကျော်သက် ကစားသမား အက်စ်တီဗာအိုကို မက်ဆီ၊ ရော်နယ်လ်ဒိုတို့နဲ့ နှိုင်းယှဉ်မှုတွေဟာ သူ့ပခုံးပေါ်မှာ ဖိအားတွေ များစေလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။ 

မာရက်စ်ကာက “အက်စ်တီဗာအိုနဲ့ ယာမဲလ်တို့ဟာ ငယ်ရွယ်သေးတာကြောင့် မက်ဆီ၊ ရော်နယ်လ်ဒိုတို့ရဲ့ အကြောင်းတွေကို စပြောမယ်ဆိုရင် သူတို့လို ကောင်လေးတွေအတွက် ဖိအားတွေ အရမ်းများလွန်းတယ်လို့ ကျနော် ထင်ပါတယ်။ သူတို့ဟာ ပျော်ပျော်ရွှင်ရွှင်နဲ့ လေ့ကျင့်မှုတွေ ပြုလုပ်ပြီး ဘောလုံးကစားဖို့ လိုအပ်ပါတယ်။ မက်ဆီ၊ ရော်နယ်လ်ဒိုတို့နဲ့ နှိုင်းယှဉ်လာတဲ့အချိန်မှာ သူတို့အတွက် အရမ်းများလွန်းတယ်လို့ ထင်ကြောင်း”ပြောခဲ့ ပါတယ်။

ဘရာဇီးလ်ကြယ်ပွင့် အက်စ်တီဗာအိုဟာ ချယ်လ်ဆီးအသင်းက တစ်ဦးလျော့ ဘာစီလိုနာအသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ခြေစွမ်းပြသနိုင်ပြီး အသင်းအတွက် လှပတဲ့ သွင်းဂိုးတစ်ဂိုးကို သွင်းယူနိုင်ခဲ့ တာပါ။ 

အက်စ်တီဗာအိုကို တွေ့ရစဉ်

အက်စ်တီဗာအိုဟာ ဘတ်ပီနဲ့ ဟာလန်းတို့နောက် ချန်ပီယံလိဂ် ပထမဆုံး ၃ ပွဲမှာ ဂိုးသွင်းယူနိုင်တဲ့ တတိယ မြောက် ဆယ်ကျော်သက် ကစားသမားဖြစ်ခဲ့ပါတယ်။ 

ပြီးခဲ့တဲ့နွေရာသီမှာ ပါလ်မီးရပ်စ်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ အက်စ်တီဗာအိုဟာ ချယ်လ်ဆီးအသင်းအတွက် ၁၇ ပွဲ ကစားထားပြီး ၅ ဂိုး သွင်းယူထားတာပါ။ 

အက်စ်တီဗာအိုက ဒီပွဲမှာ သွင်းယူခဲ့တဲ့ သွင်းဂိုးဟာ သူ့ရဲ့ ကစားသမားဘဝမှာ ထူးခြားကောင်းမွန်တဲ့ အခိုက် အတန့် ဖြစ်ပြီး ချယ်လ်ဆီးအသင်း ပရိသတ်တွေကို ပျော်ရွှင်အောင် လုပ်ပေးနိုင်ခဲ့တဲ့အတွက် အလွန်ပျော်ရွှင် တယ်လို့ ပြောခဲ့ပါတယ်။ 

ဒါ့ပြင် အက်စ်တီဗာအိုက နောက်ထပ် သွင်းဂိုးတွေ အများကြီး သွင်းယူနိုင်ဖို့ မျှော်လင့်တယ်လို့လည်း ပြောခဲ့တာပါ။ 

ချယ်လ်ဆီးအသင်းဟာ ဒီနိုင်ပွဲကြောင့် ချန်ပီယံလိဂ် League Phase ပွဲစဉ် ၅ ပွဲ ကစားအပြီးမှာ ရမှတ် ၁၀ မှတ်နဲ့ အဆင့် ၅ နေရာကို ရောက်ရှိလာခဲ့ပြီး ဘာစီလိုနာအသင်းက အဆင့် ၁၅ နေရာကို ရောက်သွားခဲ့ပါတယ်။ 
ချယ်လ်ဆီးအသင်းဟာ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် အာဆင်နယ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

Source: ESPN