CNI News

၂၀၂၃ ခုနှစ်၊ မတ်လ ၂၀

ပါတီစုံဒီမိုကရေစီစနစ်တွင် ရွေးကောက်ပွဲကို မဖြစ်မနေ ဆောင်ရွက်ပေးရမည့် ကိစ္စတစ်ရပ် ဖြစ်ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

၂၀၂၃ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့က အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ မုံရွာမြို့တွင် စစ်သည် မိသားစုများ၊ အရာရှိများနှင့်တွေ့ဆုံစဉ် ၎င်းက အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

တပ်မတော်၏ အဓိကတာဝန်သည် နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို ထိပါးလာသည့် ပြည်ပအန္တရာယ်များ ကို ကာကွယ်စောင့်ရှောက်ရန်နှင့် နိုင်ငံနှင့်နိုင်ငံသားတို့၏ အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန် ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

၎င်းက “ လက်ရှိ အခြေအနေတွင် မိမိတို့အနေဖြင့် လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲတစ်ရပ်ကို ဖော် ဆောင်ပေးရန်နှင့် တစ်နိုင်ငံလုံး ငြိမ်းချမ်းမှုရရှိရေး၊ တရားဥပဒေစိုးမိုးရေးတို့အတွက် ဦးတည် ဆောင်ရွက်လျက် ရှိကြောင်း၊ တည်ငြိမ်အေးချမ်းမှုရှိပြီး ဖိအားကင်းစွာဖြင့် မဲပေးနိုင်မှသာလျှင် လွတ်လပ်၍ တရားမျှတသည့်၊ စစ် မှန်သည့် ရွေးကောက်ပွဲတစ်ရပ် ဖြစ်လာမည်ဖြစ်ပြီး ဖိအားပေးမှုနှင့် ခြိမ်းခြောက်မှုများ မရှိအောင် ဆောင်ရွက်နိုင် မှသာ မဲရလဒ်များ မှန်ကန်မည်ဖြစ်ကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ်တွင် ရွေးကောက်ပွဲသည် မဖြစ်မနေ ဆောင် ရွက် ပေးရမည့် ကိစ္စတစ်ရပ်ဖြစ်သည်”ဟု ပြောသည်။

 

နစကသည် အထွေထွေရွေးကောက်ပွဲကို ၂၀၂၃ ခုနှစ်အတွင်း ကျင်းပနိုင်ရေး ပြင်ဆင်လျက်ရှိနေသည်။ ပြည် ထောင်စုရွေးကောက်ပွဲ ကော်မရှင်(UEC)ကလည်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ အသစ်တစ်ရပ်ကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်နေ့က ထုတ်ပြန်ပြဋ္ဌာန်းခဲ့သည်။

ထို့နောက် နိုင်ငံရေးပါတီများကလည်း ပြန်လည်၍ မှတ်ပုံတင်မှုများ ပြုလုပ်လျက်ရှိနေသည်။

ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တစ်နိုင်ငံလုံး ငြိမ်းချမ်းမှုရရှိရေးသည် အဓိက လိုအပ်သည့် အတွက် တိုင်းရင်းသားလက်နက်ကိုင် ပဋ္ဋိပက္ခများ ချုပ်ငြိမ်းရေးကို အလေးထားဆောင်ရွက်လျက်ရှိပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံ ဆွေးနွေးမှုများကို ဆောင်ရွက်လျက်ရှိကြောင်း ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်က ပြောသည်။

၎င်းက “ ဒီမိုကရေစီစနစ်တွင် လွှတ်တော်သည် နိုင်ငံရေးအရ အမြင့်ဆုံးဖြစ်ပြီး တိုင်းရင်းသားများအနေဖြင့် လည်း မိမိတို့ဒေသ၏ အခွင့်အရေးများကို တရားဥပဒေနှင့်အညီ တောင်းဆိုနိုင်ရေးအတွက် နိုင်ငံရေးစင်မြင့် လွှတ်တော်တွင် ပိုမိုပါဝင်နိုင်ရမည်ဖြစ်ကြောင်း။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံ ဆွေးနွေးမှု များအရ နိုင်ငံတော်အတွက် အပြုသဘောဆောင်သည့် ရလဒ်များကို ဖော်ဆောင်နိုင်ခဲ့ပြီး ဆက်လက်၍လည်း အသေးစိတ် ဆွေးနွေးရန် ကျန်ရှိသည်များကို ဆက်လက် ဆွေးနွေးဆောင်ရွက်လျက်ရှိသည်”ဟု ပြောသည်။

ကန့်ဘလူခရိုင် PDF တပ်ဖွဲ့ဝင်များအား တောတွင်းတစ်နေရာတွင် တွေ့ရစဉ်။ 

တပ်မတော်နှင့် နစက ဖြုတ်ချရေး ကြိုးပမ်းနေသည့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့(PDF)၊ ဒေသခံကာကွယ်ရေးတပ်ဖွဲ့(LDF)များကတော့ နစကကျင်းပမည့် ရွေးကောက်ပွဲကို မပျက် ပျက်အောင် ဖျက်ဆီးမည်ဟု ထုတ်ပြန် ကြေညာထားသည်။

သက်ဆိုင်ရာ နယ်မြေဒေသများအလိုက် တာဝန်ရှိသူများ အနေဖြင့်လည်း မိမိတို့ တာဝန်ထမ်းဆောင်နေရသည့် ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးတို့အတွက် ကြိုးပမ်းဆောင်ရွက် သွားကြရမည်ဟု ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရောက်ရှိနေသည့် စစ်ကိုင်းတိုင်းဒေသကြီးသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှ စတင်ပေါ်ပေါက်လာသော နွေဦးတော်လှန်ရေးတွင် လက်နက်ကိုင် ပဋိပက္ခအပြင်းထန် ဆုံး ဒေသဖြစ်နေသည်။