CNI International News

ပဲရစ်၊ မတ်လ ၂၀

ပြင်သစ်နိုင်ငံမှ ဆန္ဒပြသူများက ရီပတ်ပလီကန်ပါတီဥက္ကဋ္ဌ၏ နိုက်စ်(Nice)မြို့ ရုံးခန်းကို အကြမ်းဖက် ဖျက်ဆီးခဲ့ ကြောင်း အေပီသတင်းတွင် ဖော်ပြသည်။

ယင်းက ရီပတ်ပလီကန်ပါတီ အနေဖြင့် သမ္မတ အီမန်နျူရယ် မက်ခရွန် (Emmanuel Macron) ၏ ပင်စင်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုအား တားဆီးရန် မဲပေးရေး ခြိမ်းခြောက်မှုဟုလည်း ယူဆရသည်။

တနင်္ဂနွေနေ့ညတွင် လမ်းခင်းထားသော ကျောက်တုံးဖြင့် ရုံးခန်းကို ပစ်ခဲ့ခြင်းဖြစ်ကာ ပြတင်းပေါက်များ ပျက်စီး နေသော ၎င်း၏ ရုံးခန်းဓာတ်ပုံများကိုလည်း အဲရစ်ဆီအော့တီ (Eric Ciotti) က တွစ်တာတွင် ထုတ်ပြန်ခဲ့သည်။

ထို့အပြင် အကြမ်းဖက် ဖျက်ဆီးသူများသည် မဲပေးမှာလား ဒါမှမဟုတ် ကျောက်တုံးနှင့် အပစ်ခံမလား ဆိုသည့် စာတန်းကိုလည်း ချိတ်ဆွဲသွားခဲ့သည်။

ယင်းက ပဲရစ် (Paris) မြို့ အောက်လွှတ်တော်တွင် တနင်္လာနေ့ မဲဆွဲဆုံးဖြတ်မည့် ပင်စင်ပြုပြင်ပြောင်းလဲရေး ကိစ္စအပေါ် ကန့်ကွက်ရန် ခြိမ်းခြောက်မှုလည်း ဖြစ်သည်။

ပင်စင်ယူရမည့် အသက်အရွယ်ကို ၆၂ နှစ်မှ ၆၄ နှစ်အထိ မြှင့်တင်မည့် အစီအစဉ်ကြောင့် သီတင်းပတ်ကြာ ဆန့်ကျင် ဆန္ဒပြပွဲများ ပေါ်ပေါက်လာချိန်တွင် မက်ခရွန်သည် အောက်လွှတ်တော်တွင် မဲပေးမှုကို ရှောင်လွဲနိုင်ရေး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အာဏာတစ်ခုကို အသုံးပြုရန် ဝန်ကြီးချုပ် အဲလိဇဘတ် ဘော်နီ (Elisabeht Borne)အား အမိန့်ပေးခဲ့သည်။

သမ္မတ အီမန်နျူရယ် မက်ခရွန်ကို ဆန္ဒပြနေကြ(AP)

ယင်းကို တုန့်ပြန်ရန်အတွက် လွှတ်တော်အမတ်များက သူမ၏ အစိုးရအဖွဲ့အား အယုံအကြည်မရှိ အဆိုကို သောကြာနေ့တွင် တင်သွင်းခဲ့သည်။

မဲပေးမှု နှစ်ခုစလုံးကို ရီပတ်ပလီကန်ပါတီက လုပ်ဆောင်သွားမည် မဟုတ်ဟု ဆီအော့တီက ပြောသည်။

ဥပဒေကို တားဆီးရေး မဲလုံလောက်စွာ ရရှိမည်မဟုတ်ဆိုသည့် သဘောလည်း ဖြစ်သည်။

ရုံးခန်းတိုက်ခိုက်ခံရမှု နှင့်ပတ်သက်၍လည်း အကြမ်းဖက်မှု၏ နောက်လိုက် အဖြစ်မခံနိုင်ဟု သူမက တွစ်တာတွင် ရေးသား တုန့်ပြန်ခဲ့သည်။

အစိုးရအဖွဲ့အား အယုံအကြည် မရှိကြောင်း မဲခွဲတွင် အနိုင်ရရှိရန်မှာ စိန်ခေါ်မှုများသည်။ ၁၉၆၂ ခုနှစ်ကတည်းက ပြင်သစ်တွင် ထိုသို့သော အောင်မြင်မှုမျိုး မရှိခဲ့ပေ။

ထို့အပြင် မက်ခရွမ်၏ မဟာမိတ်များသည် လွှတ်တော်၏ နေရာ အများစုကို ရယူထားနိုင်ခြင်းကြောင့် ဖြစ်သည်။

ကွန်ဆာဗေးတစ် အနည်းစုသည် ရီပတ်ပလီကန်၏ ရပ်တည်ချက်မှ ခွဲထွက်လာနိုင်ခြေ ရှိသော်လည်း ၎င်းတို့ အနေဖြင့် မက်ခရွမ်အစိုးရကို ဖြုတ်ချရန် ဆန္ဒရှိမည်လား စောင့်ကြည့်ရဦးမည်လည်း ဖြစ်သည်။

Source: AP