၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၂၄
တိုင်းရင်းသားနှင့် ဘာသာရေးအုပ်စုများ အပါအဝင် လူ့အခွင့်အရေးနှင့်တန်းတူညီမျှရေးကို လေးစား တန်ဖိုး ထားရေးကိစ္စများကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် ဆွေးနွေးခဲ့ကြောင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ယနေ့ (စက်တင်ဘာ ၂၄ ရက်)တွင် ထုတ်ပြန်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ ဒဲရစ်ချောလက်သည် ကုလသမဂ္ဂ ဆိုင်ရာ မြန်မာနိုင်ငံအမြဲတမ်း ကိုယ်စားလှယ် ဦးကျော်မိုးထွန်းနှင့် နယူးယောက်မှာ တွေ့ဆုံခဲ့သလို မြန်မာနိုင်ငံ ၏ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကိုယ်စားလှယ်များနှင့်လည်း တွေ့ဆုံခဲ့ကြောင်း ဆိုသည်။
အမေရိကန်သံရုံးက “အဲဒီလို တွေ့ဆုံစဉ်အတွင်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့တရားဥပဒေစိုးမိုးမှု အမြန်ဆုံး ပြန် လည် အသက်ဝင်ရေးက အရေးကြီးတဲ့အကြောင်း အလေးထားဆွေးနွေးခဲ့ကြသလို တိုင်းရင်းသားနဲ့ ဘာသာ ရေး အုပ်စုတွေ အပါအဝင် လူ့အခွင့်အရေးနဲ့ တန်းတူညီမျှရေးကို လေးစားတန်ဖိုးထားရေးတွေလည်း ဆွေးနွေး ခဲ့ကြပါတယ်”ဟု ထုတ်ပြန်ချက်မှာ ပြောထားသည်။
ပုံ-ဉီးကျော်မိုးထွန်းကိုတွေ့ရစဉ်
ထို့နောက် မြန်မာပြည်သူများ ကိုဗစ်-၁၉ ကပ်ရောဂါ တုံ့ပြန်ဆောင်ရွက်ရာမှာ အကူအညီပေးရန်အတွက် ပူးပေါင်း ဆောင်ရွက်ရေး ပိုမိုအားကောင်းအောင် လုပ်ဆောင်ရေးဆိုင်ရာနှင့် ပတ်သက်ပြီးတော့လည်း အမြင် ချင်း ဖလှယ်ခဲ့ကြပါသည်ဟု အမေရိကန်သံရုံးက ဆိုသည်။
ထို့ပြင် မြန်မာပြည်သူလူထုအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၏ ဦးဆောင်မှုနှင့် စူးစိုက်ဆောင်ရွက်မှုများ အတွက် အသိအမှတ်ပြုကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုပင်ခံ ဒဲရစ်ချက်လက်က ပြော သည်။
၎င်းက “မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ငြိမ်းချမ်းစွာနဲ့ ပြန်လည်ရောက်ရှိရေး လုပ်ဆောင်နေကြသူ အားလုံးအတွက် အမေရိကန်ပြည်ထောင်စုရဲ့ မလျှော့သော အားပေးထောက်ခံမှုကို ထပ်လောင်း အတည်ပြု ပါတယ်”ဟု ပြောသည်။
NUG သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရကို စစ်တပ်က ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ဖြုတ်ချပြီး အာဏာရယူလိုက်ခြင်းကြောင့် စစ်တပ်ဖြုတ်ချရေး ဒီမိုကရေစီပြန်လည် ရှင်သန်ရေး ကြိုးပမ်းနေသော အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ဖြစ်သည်။