CNI International News

မော်စကို၊ ဖေဖော်ဝါရီ ၃

ရုရှားနှင့်တရုတ်နိုင်ငံတို့ကြား ဆက်ဆံရေးတွင် အကန့်အသတ်မရှိကြောင်း၊ ယင်းသည် သာမာန် စစ်ဘက်ဆိုင်ရာ မဟာမိတ်ဆက်ဆံရေးထက် ပိုကောင်းသော အခြေအနေရှိကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေလာဗရော့ (Sergey Lavrov) က ကြာသပတေးနေ့ ရုပ်သံအင်တာဗျူးတစ်ခုတွင် ပြောဆိုခဲ့သည်။

ဘုံအကျိုးစီးပွားအတွက် အခြေအနေရှိနေခြင်းက နှစ်နိုင်ငံဆက်ဆံရေးကြားနှိမ့်ချသည့် စရိုက်လက္ခဏာ ဖြစ်သည် ဟု ၎င်းကပြောသည်။ ထုတ်ပြန်ကြေညာချက်များတွင် ရေးသားခဲ့သလို နှစ်နိုင်ငံကြားစစ်ဘက်ဆိုင်ရာ မိတ်ဖက် ဆက်ဆံရေးတင်မဟုတ်ဘဲ ယင်းထက် ပိုကောင်းသောအခြေအနေတွင်ရှိကြောင်း၊ အကန့်အသတ်မရှိကြောင်း၊ တားမြစ်ထားသည့်အရာမရှိကြောင်း၊ ယင်းသည် ဆိုဗီယက်ပြည်ထောင်စု၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံတော်နှင့် ရုရှးဖက်ဒရေးရှင်း ခေတ်အဆက်ဆက် အကောင်းဆုံးအခြေအနေတွင်ရှိနေကြောင်း လာဗရော့က ပြောသည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး

နှစ်နိုင်ငံ ဘုံအကျိုးစီးပွားသည် နိုင်ငံတကာကုန်သွယ်ရေးအဖွဲ့(WTO) မှ သတ်မှတ်ထားသည့် လက်ရှိနိုင်ငံတကာ ကုန်သွယ်ရေးစံချိန်စံညွှန်းများအတွင်း အမျိုးသားစီမံကိန်းများကိုအခြေခံကာ ဖွံ့ဖြိုးတိုးတက်မှုကို ပေါ်ပေါက်လာ စေရန်ဖြစ်ကြောင်း၊ နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့၊ ကမ္ဘာ့ဘဏ်ကဲ့သို့ Bretton Woods အဖွဲ့အစည်းများဖြင့် စတင်ကာ အနောက်အုပ်စုမှ ဖန်တီးထားသည့်စနစ်အတွင်းတွင်သာဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

ရုရှားသည် WTO သို့ ဝင်ရောက်ရန် ၁၇ နှစ်ကြာခဲ့ကြောင်း၊ အဖွဲ့တွင်းသို့ ဝင်ရောက်ချိန်တွင်လည်း ရုရှားသည် မျှတစွာ ယှဉ်ပြိုင်ခြင်းဆိုင်ရာ စည်းမျဉ်းများကို လိုက်နာခဲ့ကြောင်း၊ သို့သော် လက်ရှိတွင် ယင်းသည် ပျက်စီးသွား ခဲ့သည်ဟု လာဗရော့က ပြောသည်။

တရုတ်သည် အမေရိကန်နိုင်ငံကို ၎င်းတို့၏ ကိုယ်ပိုင်စည်းမျဉ်းများ၊နည်းလမ်းများဖြင့် အလဲထိုးခဲ့သည့်အတွက် WTO ၏ အငြင်းပွားမှုဖြန်ဖြေရေးအဖွဲ့မှ ဆောင်ရွက်ချက်များ ပိတ်ပင်ခံထားရကြောင်း၊လျှော်ကြေးတောင်းဆိုရန် အကြောင်းပြချက် ခိုင်လုံမှုရှိကြောင်း၊ အမေရိကန်ကသာ အဆိုပါအဖွဲ့ကို အလုပ်လုပ်ခွင့်ပေးလျှင် ယင်းသည် WTO အငြင်းပွားမှုဖြန်ဖြေရေးအဖွဲ့၏ ဆုချီးမြှင့်မှုကိုပင် ရရှိမည်ဖြစ်ကြောင်းလည်း လာဗရော့က ဖြေကြားခဲ့သည်။

အမေရိကန်သည် ဗျူရိုကရက်တစ်ဆန်စွာပြုမူနေပြီး အဖွဲ့အတွင်း လစ်လပ်ရာထူးများအတွက် အဖွဲ့ဝင်အသစ် ခန့်အပ်ခြင်းကို ပိတ်ပင်ထားခြင်းကြောင့် ယင်းတွင် ဆုံးဖြတ်ချက်တစ်ခုချမှတ်ရန် လိုအပ်သည့်အဖွဲ့ဝင် အရေ အတွက်ပင် မရှိကြောင်း လာဗရော့က ပြောသည်။

Source:Tass