CNI News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂

တိုင်းဒေသကြီးနှင့် ပြည်နယ် ၆ ခုမှ မြို့နယ်ပေါင်း ၁၉ မြို့နယ်ကို နစက-က ဖေဖော်ဝါရီ ၂ ရက်နေ့တွင် စစ်အုပ်ချုပ်ရေးကြေညာ သွားခဲ့သည်။

အဆိုပါ စစ်အုပ်ချုပ်ရေးကြေညာခံရသည့် တိုင်းဒေသကြီးများမှာ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးတို့ဖြစ်ပြီး ပြည်နယ်များကတော့ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်တို့ဖြစ်သည်။

ထို့နောက် မကွေးတိုင်းဒေသကြီးထဲတွင် ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ပေါက်၊ မြိုင်တို့ပါဝင်သည်။ အလားတူ ပဲခူးတိုင်းဒေသကြီးထဲကတော့ ထန်တပင်၊ အုတ်ဖို၊ နတ်တလင်း၊ ပေါင်းတည်၊ ပေါက်ခေါင်းတို့ ပါဝင်သည်။

ထို့အပြင် တနင်္သာရီးတိုင်းဒေသကြီးထဲတွင် တနင်္သာရီနှင့် ပုလောတို့ပါဝင်ပြီး မွန်ပြည်နယ်ကတော့ ရေးမြို့နယ်ဖြစ်သည်။

ကရင်ပြည်နယ်ထဲမှာတော့ ကော့ကရိတ်နှင့်ကြာအင်းဆိပ်ကြီးတို့ ပါဝင်ပြီး ကယားပြည်နယ်တွင် ဒီမော့ဆို၊ ရှားတော၊ ဖရူဆို၊ ဘော်လခဲတို့ ဖြစ်သည်။