CNI News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂

စစ်ကိုင်းတိုင်းဒေသကြီးနှင့်ချင်းပြည်နယ်အတွင်းရှိ မြို့နယ်ပေါင်း ၁၇ မြို့နယ်ကို နစက-က စစ်အုပ်ချုပ်ရေးအဖြစ် သတ်မှတ်ကြောင်း ယနေ့ (ဖေဖော်ဝါရီ ၂ ရက်)တွင် ထုတ်ပြန် ကြေညာသွားခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီးထဲက စစ်အုပ်ချုပ်ရေး ကြေညာခံရသော မြို့နယ်များမှာ အင်းတော်ကြီး၊ ဗန်းမောက်၊ ကောလင်း၊ ပင်လယ်ဘူး၊ မြောင်၊ ဆားလင်းကြီး၊ ပုလဲ၊ ယင်းမာပင်၊ ခင်ဦး၊ တန့်ဆည်၊ ရေးဦး တို့ဖြစ်သည်။

ထို့နောက် ချင်းပြည်နယ်ထဲက စစ်အုပ်ချုပ်ရေး ကြေညာခံရသည့် မြို့နယ်များမှာ တီးတိန်၊ တွန်းဇံ၊ ဖလမ်း၊ ကန်ပက်လက်၊ မတူပီ၊ ထန်တလန်၊ ဟားခါး တို့ဖြစ်သည်။