CNI News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂

ထိုင်းနိုင်ငံရှိ အချုပ်ခန်းများတွင် ဖမ်းဆီးခံထားရပြီးနောက် လွတ်ရက်ပြည့်၍ ပြန်လွတ်လာသော မြန်မာနိုင်ငံ သား ရွှေ့ပြောင်း အလုပ်သမားများကို တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့က ယနေ့ (ဖေဖော်ဝါရီ ၂ ရက်)တွင် လက်ခံကြိုဆိုခဲ့ကြောင်း သိရသည်။

ထို့နောက် ပြည်တော်ပြန် မြန်မာရွှေ့ပြောင်း အလုပ်သမားများကို ကျန်းမာရေး စစ်ဆေးမှုများလည်း ပြုလုပ်ပေး ကြောင်း ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမားအရေး ဆောင်ရွက်ပေးနေသူ FED မှ ဒါရိုက်တာ ဦးထူးချစ်က သူ့၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ ရေးသား ထုတ်လွှင့်ခဲ့သည်။

ထိုင်းမှာ အချုပ်ကျပြီး လွတ်ရက်ပြည့်၍ပြန်လာသူများကို တနင်္သာရီတိုင်းအစိုးရက ကျန်းမာရေးစစ်ဆေး ပေးနေစဉ်(Htoo Chit-fb)

ထိုင်းနိုင်ငံတွင် တရားမဝင် မြန်မာရွှေ့ပြောင်း အလုပ်သမားများကို ဖမ်းဆီး၍ အချုပ်ခန်းထဲမှာ ပြည့်နှက်နေ အောင်ထားထားပြီး ငွေကြေးပေးသူကို ဦးစားပေး စေလွှတ်မှုများကြောင့် ဖမ်းဆီးခံရသော မြန်မာရွှေ့ပြောင်း အလုပ်သမားများက အချုပ်ခန်းထဲ၌ ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့သေးသည်။