CNI News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ နမ့်နန်းကျေးရွာတွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များက ရှမ်းရိုးရာ အနုသုခုမ ပစ္စည်းများဖြစ်သည့် အိုးစည်၊ မောင်းဆိုင်းများကို ဝိုင်းဝန်းရိုက်နှက်ဖျက်ဆီး မီးရှို့ခဲ့ခြင်းက ရှမ်းတိုင်းရင်းသားမျိုးနွယ်စုအားလုံးကို ရိုင်းစိုင်းစွာ ဖိနှိပ်စော် ကားခြင်းဖြစ်သည်ဟု ရှမ်းနီအမျိုးသားများညီညွတ်ရေးအစည်းအရုံး(SNUA)က ဖေဖော်ဝါရီ ၁ ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ဖြစ်စဉ်မှာ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၉ ရက်နေ့ နံနက် ၁၀ နာရီ ၁၀ မိနစ်က ဟုမ္မလင်းမြို့နယ်၊ နမ့်နန်းကျေးရွာတွင် KIA-PDF ပူးပေါင်းတပ်ဖွဲ့နှင့် ရှမ်းနီအမျိုးသားများတပ်မတော်(SNA)တို့ကြား တိုက်ပွဲ ဖြစ်ပွား ခဲ့ပြီးနောက် အခုလို ဖျက်ဆီးခံရခြင်းဖြစ်သည်။