CNI International News

နယူးဒေလီ၊ ဒီဇင်ဘာ ၂၁

ဒေသတွင်း တင်းမာမှုများကို လျော့ချရေး တရုတ်အစိုးရကို ဖိအားပေးရန်အတွက် တရုတ်နှင့်နယ်စပ်တွင် စံချိန်တင် တပ်သားအရေအတွက်အား ချထားသည်ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆပ်ဘရာမန်ယမ် ဂျီရှန်ကာ (Subramanyam Jaisahankar)က ပြောခဲ့ကြောင်း အာရ်တီသတင်းတွင် ဖော်ပြထားသည်။

အငြင်းပွားနေသော နယ်စပ်တွင် ၂၀၂၀ ခုနှစ်မစ၍ တရုတ်ဘက်မှ တပ်သား အင်အားများကို သိသိသာသာ မြှင့်တင်လာခဲ့ခြင်းအပေါ် တုန့်ပြန်ရန် ထိုသို့ လုပ်ဆောင်ရခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

တရုတ်နှင့်အိန္ဒိယ တပ်သားများသည် အိန္ဒိယအရှေ့မြောက်ပိုင်း အရူနာချာပရာဒတ်ရှ် (Arunachal Pradesh) ပြည်နယ်တွင် ဒီဇင်ဘာ ၉ ရက်နေ့၌ ပဋိပက္ခ ဖြစ်ပွားခဲ့ကြသည်။

အဆိုပါ ပဋိပက္ခက နျူကလီးယားပိုင်ရှင် အာရှအင်အားကြီး နှစ်နိုင်ငံအကြား နှစ်နှစ်နီးပါး ကာလအတွင်း ပထမ ဆုံးအကြိမ် ထိပ်တိုက်တွေ့ဆုံမှုလည်း ဖြစ်သည်။

အိန္ဒိယ/တရုတ် စစ်သားများကိုတွေ့ရစဉ် (GETTY IMAGES)

သို့သော် နှစ်ဘက်စလုံးမှ နောက်ဆုတ်ခဲ့မှုကြောင့် အဆိုပါပဋိပက္ခသည် ကြာမြင့်ခဲ့ခြင်း မရှိဘဲ စစ်သားအနည်း ငယ်သာ အသေးစား ဒဏ်ရာများ ရရှိခဲ့သည်။

ထိုဖြစ်ရပ်တွင် တရုတ်တပ်သားများမှ ဦးစွာရန်စခဲ့ခြင်း ဖြစ်ကြောင်း၊ ၎င်းတို့သည် အငြင်းပွားနေသော ဟိမဝန္တာ နယ်စပ်ကို ဖြတ်ကျော်ရန် ကြိုးပမ်းခဲ့ကြောင်း၊ တရုတ်သည် ဒေသတွင်း အခြေအနေများကို တစ်ဖက်သတ် ပြောင်းလဲရန် ကြိုးစားနေခြင်း ဖြစ်ကြောင်း အန္ဒိယကာကွယ်ရေးဌာနက ပြောသည်။

အဆိုပါ ဖြစ်ရပ်ဖြစ်ပွားပြီးနောက် အိန္ဒိယအစိုးရသည် တရုတ်၏ ခြိမ်းခြောက်မှုအပေါ် ကွဲပြားစွာ တုန့်ပြန်နေသည် ဟု အိန္ဒိယအတိုက်အခံများက စွပ်စွဲခဲ့ပြီး နယ်စပ်အရေးကို ချက်ချင်း ဆွေးနွေး အဖြေရှာရန်လည်း တောင်းဆိုခဲ့ သည်။

သို့သော် နိုင်ငံခြားရေးဝန်ကြီးက တရုတ်နှင့်ပတ်သက်၍ အစိုးရဘက်မှ ခြားနားစွာ ဆောင်ရွက်မည်ဆိုလျှင် နယ်စပ်သို့ တပ်သားများ စေလွှတ်ခြင်း၊ တင်းမားမှုများကို လျော့ကျစေရန် ဆောင်ရွက်ခြင်း အပြင် လူသိရှင်ကြား ဝေဖန်ခြင်းများ ပြုလုပ်ရန်မရှိဟု အတိုက်အခံများ၏ ပြောစကားကို တုန့်ပြန်ပြောဆိုခဲ့သည်။

 တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဝမ်ဝန်ဘင်းကိုတွေ့ရစဉ်

ထိုအအခြေများနှင့် ပတ်သက်၍ တရုတ်အစိုးရဘက်မှ ရှေ့တန်းရှိ တပ်သားများကို တင်းကြပ်စွာ ထိန်းသိမ်းရန် အိန္ဒိယ အစိုးရအား တောင်းဆိုခဲ့ပြီး နယ်စပ်ဒေသ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန်အတွက် အတူတကွ ဆောင်ရွက်သွားရန်လည်း ကမ်းလှမ်းခဲ့သည်။

၎င်း မတိုင်ခင် တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဝမ်ဝန်ဘင်း (Wang Wenbin) က တရုတ်-အိန္ဒိယ နယ်စပ်သည် တည်ငြိမ်ကြောင်းနှင့် နယ်စပ်ရေးရာ ကိစ္စများအတွက် နှစ်နိုင်ငံကြား ဆွေးနွေးပွဲများကို ဆက်လက် ထိန်းသိမ်းသွားရေး အတူတကွ ဆောင်ရွက်သွားရန် ကမ်းလှမ်းခဲ့သည်။

Source: အာရ်တီ