CNI International News

ခိုဟီမာ၊ဒီဇင်ဘာ ၂၁

နာဂလန်းပြည်နယ်တွင် ခရစ္စမတ်အခမ်းအနားကို မကျင်းပခင် နာဂနိုင်ငံရေးအကြပ်အတည်းကို ဖြေရှင်းနိုင်ရန် ဖြစ်နိုင်ခြေနည်းပါးနေသည်ဟု Northeast Now သတင်းတွင် ဖော်ပြသည်။ ယင်းကို နာဂလန်းဝန်ကြီးချုပ် နိုင်ဖျူရီယို (Neiphiu Rio) က ပြောကြားခဲ့ခြင်းဖြစ်သည်။

ခရစ္စမတ်အခမ်းအနားကျင်းပရန်အတွက် နာဂစေ့စပ်ညှိနှိုင်းသူများသည် နယူးဒေလီမှ နာဂလန်းသို့ ပြန်လာ ခဲ့ကြပြီး ပွဲတော်ရာသီပြီးဆုံးချိန်မှသာလျှင် ဆွေးနွေးပွဲများကို ပြန်လည်စတင်နိုင်မည်ဟုလည်း ပြည်နယ် ဝန်ကြီးချုပ်ကပြောသည်။

အိန္ဒိယနိုင်ငံ နာဂလန်းပြည်နယ်တွင် နေထိုင်သည့် Angami မျိုးနွယ်စု

ငြိမ်းချမ်းရေးဆွေးနွေးပွဲများမှ ယုတ္တိတန်သောအဖြေတစ်ခုကို  နာဂလန်းတွင်ကျင်းပမည့် ရွေးကောက်ပွဲမတိုင်ခင် ရယူနိုင်ခဲ့ခြင်းမရှိပါက ယင်းသည် နာဂလန်းပြည်နယ်အစိုးရနှင့်သက်ဆိုင်မှု ရှိမည်မဟုတ်ကြောင်းလည်း ဝန်ကြီးချုပ်က နာဂအဖွဲ့အစည်းများကို အသိပေးသည်။ နာဂငြိမ်းချမ်းရေးဖြစ်စဉ်အတွက် နာဂလန်းအစိုးရသည် ကြားနေပံ့ပိုးသူသာဖြစ်ကြောင်း၊ ရွေးကောက်ပွဲကြေညာချိန်တွင် ပါဝင်ရမည်ဖြစ်ကြောင်း၊ ယင်းကို နားလည်မှု မလွဲမှားသင့်ကြောင့်လည်း ၎င်းကပြောသည်။

ပြည်ထောင်စုအစိုးရသည် NSCN-IM၊ နာဂအမျိုးသားနိုင်ငံရေးအင်အားစုအဖွဲ့များ (NNPGs) နှင့် ၁၉၉၇ မှ ၂၀၁၇ ခုနှစ်အထိ သီးခြားစီ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

နာဂလန်းပြည်နယ် မြင်ကွင်း

ဗဟိုအစိုးရသည် ၂၀၁၅ ခုနှစ်တွင် NSCN-IM နှင့် မူဘောင်သဘောတူညီချက်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် NNPGs နှင့် သဘောတူညီချက် ရရှိခဲ့သည်။ NNPGs သည်နာဂနိုင်ငံရေး ကိစ္စအတွက် နောက်ဆုံး သဘောတူညီချက်တွင် လက်မှတ်ရေးထိုးပြီးနောက် ဆွေးနွေးမှုများဆက်လက်ပြုလုပ်ရန် သဘောတူညီခဲ့သော် လည်း NSCN-IM က သီးခြားအလံခွင့်ပြုခြင်းနှင့် နောက်ဆုံးသဘောတူညီချက်မတိုင်ခင် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆောင်ရွက်ရေးတို့အတွက် ၎င်းတို့၏ တောင်းဆိုချက်ကို ဆက်လက်ကိုင်စွဲထားဆဲဖြစ်သည်။

Source:Nenow