CNI International News
ကွာလာလမ်ပူ၊ ဇူလိုင် ၁၂
ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့ အနေဖြင့် နယ်စပ်ဒေသ အငြင်းပွားမှုကို ရင်းနှီးသည့် ဆွေးနွေးညှိနှိုင်းမှုများဖြင့် အဖြေရှာရန် တရုတ်က တိုက်တွန်းခဲ့သည်။
ထို့နောက် တရုတ်နိုင်ငံသည် မျှတသည့် အခန်းကဏ္ဍမှ ပါဝင်ကူညီဆောင်ရွက်ပေး မည်ဟု ကမ်းလှမ်းခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
အိမ်နီးချင်းနိုင်ငံများကြား ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ကြရန် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ(Wang Yi) က မလေးရှားနိုင်ငံတွင် ပြုလုပ်သည့် အာဆီယံအစည်းအဝေး၌ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ် ဆန်ဂျီယံပွန်ဆာ (Maris Sangiampongsa) နှင့် သီးခြားတွေ့ဆုံချိန်မှာ ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် ထိုင်းနှင့် ကမ္ဘောဒီးယားကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးအတွက် မျှတပြီး ထိရောက် သည့် အခန်းကဏ္ဍမှ ပါဝင်သွားရန် ဆန္ဒရှိကြောင်း ဝမ်က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကို တွေ့ရစဉ်
မေလအတွင်းက ထိုင်းနှင့်ကမ္ဘောဒီးယား နယ်စပ်တွင် နှစ်နိုင်ငံစစ်သားများကြား အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ကမ္ဘောဒီးယား စစ်သားတစ်ဦး သေဆုံးခဲ့ပြီးနောက်ပိုင်း တင်းမာမှုများ မြင့်တက်ခဲ့သည်။
ကမ္ဘောဒီးယားသည် ထိုနယ်စပ်ဒေသ အရေးကို ဖြေရှင်းပေးရန် နိုင်ငံတကာတရားရုံး(ICJ)ကို ပြီးခဲ့သည့်လက တောင်းဆိုခဲ့သည်။
ဝမ်သည် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရက် ဆွတ်ဟွန် (Prak Sokhonn) နှင့် သီးခြားတွေ့ဆုံချိန် တွင်လည်း နယ်စပ်ဒေသအရေးတွင် တရုတ်၏ ကြားနေ ရပ်တည်ချက်ကို ထပ်လောင်း ပြောဆိုခဲ့သည်။
တရုတ်နှင့် ကမ္ဘောဒီးယား နိုင်ငံသားများအတွက် လုံခြုံရေး အစီအစဉ်များနှင့် အွန်လိုင်းလောင်းကစား၊ ကျားဖြန့် နှင့် မှောင်ခိုကဲ့သို့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများကို တင်းကျပ်စွာ အရေးယူရန် ဝမ်က အလေးထား ပြောဆိုခဲ့ သည်။
အမေရိကန်၏ ကုန်သွယ်ခွန် တိုးမြှင့်ကောက်ခံမှုနှင့် ပတ်သက်ပြီး အာဆီယံသည် ဘုံအကျိုးစီးပွားများကို ကာကွယ်နိုင်ပြီး ရှုပ်ထွေးသည့် အခြေအနေအား ဖြေရှင်းနိုင်စွမ်းရှိသည်ဟု တရုတ်က ယုံကြည်ကြောင်း ဝမ်က ပြောကြားခဲ့သည်။
Source: ရိုက်တာ