တီဟီရန်၊ ဒီဇင်ဘာ - ၅

အီရန်နိုင်ငံ၏ ကျင့်ဝတ်ထိန်သိမ်းရေးဆိုင်ရာ ရဲတပ်ဖွဲ့ကို ဖျက်သိမ်းလိုက်ပြီဟု အီရန်နိုင်ငံရှေ့နေချုပ်က ပြော ကြောင်း BBC သတင်းတွင် ဖော်ပြသည်။

အဆိုပါ ရဲတပ်ဖွဲ့သည် နိုင်ငံတွင်းရှိ အစ္စလာမ္မစ် ဝတ်စားဆင်ယင်မှုနှင့် ပတ်သတ်သည့် ဥပဒေကို ထိန်းသိမ်းရေး ဆောင်ရွက်သော အဖွဲ့ဖြစ်သည်။

ဖျက်သိမ်းရေးနှင့် ပတ်သတ်သည့် ပြောစကားကို ရှေ့နေချုပ် မိုဟာမက် ဂျာဗာ မွန်တာဇာရီ (Mohammad Jafar Montazeri) က တနင်္ဂနွေနေ့ ဘာသာရေး အခမ်းအနားတစ်ခုတွင် ပြောခဲ့ခြင်း ဖြစ်သော်လည်း တခြား သော သတင်းဌာနများတွင် ဖော်ပြလာ ခြင်းမရှိသေးပေ။

ဖမ်းဆီးထိန်းသိမ်းခံ အမျိုးသမီးငယ်တစ်ဦး သေဆုံးခဲ့ရမှုနှင့်ပတ်သတ်၍ အီရန်နိုင်ငံအတွင်း ဆန္ဒပြမှုများ ဖြစ်ပေါ်လျက်ရှိသည်။

အီရန် ရှေ့နေချုပ် မိုဟာမက် ဂျာဗာ မွန်တာဇာရီ (GETTY IMAGES)

သေဆုံးခဲ့သူ မာရှာ အေမီနီ (Mahsa Amini) ကို ခေါင်းဆောင်း ဆောင်းခြင်းနှင့်ပတ်သတ်သည့် တင်းကြပ်သော ဥပဒေများကို ချိုးဖောက်ခဲ့မှုအတွက် ကျင့်ဝတ်ထိန်းသိမ်းရေး ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။

တနင်္ဂနွေနေ့ အခမ်းအနားတွင် ကျင့်ဝတ် ထိန်းသိမ်းရေး ရဲတပ်ဖွဲ့ကို ဖျက်သိမ်းနိုင်ခြေ ရှိ/မရှိနှင့်ပတ်သတ်၍ သတင်းထောက်များက မေးမြန်းခဲ့ရာ “ ကျင့်ဝတ်ထိန်းသိမ်းရေး ရဲတပ်ဖွဲ့နှင့် တရားစီရင်ရေးတို့အကြား ပတ်သတ်စရာ မရှိကြောင်းနှင့် ထိုအဖွဲ့ကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း”ရှေ့နေချုပ်က ပြောခဲ့သည်။

အဆိုပါ အဖွဲ့သည် နိုင်ငံ၏ပြည်ထဲရေးဌာန အောက်တွင် တည်ရှိနေပြီး ၎င်းအဖွဲ့သည် တရားစီရင်ရေးနှင့် မသက်ဆိုင်ကြောင်း သိရသည်။

ကျင့်ဝတ်ထိန်သိမ်းရေးဆိုင်ရာ ရဲတပ်ဖွဲ့ကြောင့် သေဆုံးခဲ့တဲ့ အေမီနီ(GETTY IMAGES)

ရှေ့နေချုပ် မွန်တာဇာရီသည် အမျိုးသမီးများ ဟီဂျက် (Hijab) ခေါင်းဆောင်း ဆောင်းခြင်းနှင့် ပတ်သတ်သည့် ဥပဒေကို သုံးသပ်ရန်အတွက် စနေနေ့က လွှတ်တော်တွင် ပြောခဲ့သည်။ သို့သော် ကျင့်ဝတ်ထိန်းသိမ်းရေး ရဲတပ်ဖွဲ့ကို ဖျက်သိမ်းသည့်တိုင် ဆယ်စုနှစ်ချီ သက်တမ်းကြာနေပြီဖြစ်သော အဆိုပါ ဥပဒေကို ပြောင်းလဲရန်မှာ ဖြစ်လာနိုင်စရာ မရှိပါ။

အီရန်နိုင်ငံတွင် လက်ရှိ ဖြစ်ပွားနေသော ဆန္ဒပြပွဲအများစုကို အမျိုးသမီးများက ဦးဆောင်လျက်ရှိပြီး အာဏာပိုင်များက ထိုဆန္ဒပြပွဲများကို “ ဆူပူမှု” ဟု ခေါင်းစဉ်တပ်သည်။

အသက် ၂၂ နှစ်အရွယ် အာမီနီသည် ဒီဇင်ဘာ ၁၆ ရက်နေ့က ရဲဘက်ထိန်းသိမ်းမှုတွင် သေဆုံးခဲ့ရခြင်းဖြစ် သည်။ အဆိုပါ နေ့မတိုင်ခင် ၃ ရက်အလိုမှ သူမကို ကျင့်ဝတ်ထိန်းသိမ်းရေး ရဲတပ်ဖွဲ့က တီဟီရန်မြို့တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

သူမ သေဆုံးခဲ့သည့် ကိစ္စကြောင့် ဆန္ဒပြပွဲများ စတင်လာခဲ့ခြင်းဖြစ်သော်ငြား နိုင်ငံ၏ဆင်းရဲမွဲတေမှု၊ အလုပ် လက်မဲ့မှု၊ တရားမမျှတမှုနှင့် အကျင့်ပျက် ခြစားမှုများကလည်း ဆန္ဒပြပွဲများကို ပိုပြီးအရှိန် ကောင်းမွန်လာ စေလျက်ရှိသည်။

Source: BBC