CNI News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၁

မြန်မာနိုင်ငံတွင် မြန်မာ့တပ်မတော်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရကို ဖြုတ်ချခဲ့ပြီးနောက် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၃၁ ရက်နေ့အထိ လက်နက်ကိုင်ပဋိပက္ခနှင့် တိုက်ပွဲဖြစ်စဉ်များအတွင်း နေအိမ်၊ အဆောက်အအုံ (ဘာသာရေး အဆောက်အအုံများ အပါအဝင်) ၃၈,၅၆၈ လုံးထက် မနည်း မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသည်ဟု ISP Myanmar က နိုဝင်ဘာ ၁၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့သည်။

ISP မြန်မာ၏ ထုတ်ပြန်ချက်

အဆိုပါ မီးရှို့ဖျက်ဆီးခံရမှုများသည် ၂၀၂၂ ခုနှစ်အတွင်း ပိုမို မြင့်တက်ခဲ့ပြီး စုစုပေါင်း ပမာဏ၏ ၉၄ ရာခိုင်နှုန်း ကျော်အထိ ရှိကြောင်း ISP ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ် စသည့် ဒေသများတွင် လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားလျက်ရှိပြီး နေအိမ်၊ အဆောက်အအုံများ မီးရှို့ဖျက်ဆီးခံနေရသည်။