- By CNI
- Category: နိုင်ငံရေး
- Hits: 3985
CNI International News
ဘန်ကောက်၊ ဇွန်လ ၁၅
မြန်မာနိုင်ငံသို့ လက်နက်ခိုးသွင်းသည့် ရာဇဝတ်မှုတွင် ပါဝင်ပတ်သက်ခဲ့သည့် ထိုင်းအစိုးရဝန်ထမ်းများကို ထိုင်းအစိုးရက ဖမ်းဆီးခဲ့ပြီး ၎င်းတို့အား ဥပဒေချိုးဖောက်မှုများအတွက် ထိုင်းပြည်ထဲရေးဝန်ကြီးဌာနမှ ဆက်လက် စုံစမ်းစစ်ဆေးမည် ဖြစ်ကြောင်း ဘန်ကောက်ပို့စ်သတင်းအရ သိရသည်။
ဇွန်လ ၁၃ ရက်၌ ထိုင်းရဲတပ်ဖွဲ့က ချောင်ဘူရီပြည်နယ်၊ ဆက်တဟစ်ခရိုင်ရှိ လက်ထောက်ကျေးရွာ အုပ်ရေးမှူးဟောင်း ဒါနူပေါလ်ဘဲလ်ဆာမဲဆွန် ဦးစီးသည့် လက်နက်ဂိုဏ်း ကွန်ရက်ကို ဝင်ရောက်စီးနင်းခဲ့ပြီးနောက် အဆိုပါ ထိုင်းဝန်ထမ်းများ အား ဖမ်းဆီးခဲ့သည်။
ထိုင်း မှုခင်းနှိမ်နင်းရေးဌာနခွဲ (CSD) ၏ ဟာနုမန် အထူးစစ်ဆင်ရေးတပ်ဖွဲ့က ထိုဖြစ်စဉ်နှင့်ပတ်သက်၍ တရားရုံးဖမ်းဝရမ်း ၁၆ စောင်ဖြင့် ဘန်ကောက်မြို့တော်၊ ချောင်ဘူရီ၊ ကန်ချနဘူရီ၊ ဥဒုံသာနီနှင့် ချင်းမိုင် စသည့် ဒေသများရှိ နေရာ ၂၁ နေရာတွင် ရှာဖွေခဲ့ကြသည်။
၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၃ ရက် ဖမ်းဆီးရမိတဲ့ လက်နက်များ
အဆိုပါ ဖမ်းဆီးရမိမှု စစ်ဆင်ရေး အသေးစိတ် ဖြစ်စဉ်ကို ထိုင်းအမျိုးသားရဲချုပ် စူဝပ်ဂျန်ယောက်ဆက်က ဇွန်လ ၁၄ ရက် ညပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။
CSD အရာရှိများသည် သံသယရှိသူ ၅ ဦးကို ဖမ်းဆီးခဲ့ပြီး တရားမဝင် သေနတ်များနှင့် ဆက်စပ် အစိတ်အပိုင်းများကို သိမ်း ဆည်း ရမိခဲ့ကြောင်း စူဝပ်ဂျန်ယောက်ဆက်က ပြောကြားခဲ့သည်။
သံသယရှိသူ အသက် ၃၂ နှစ်အရွယ်ရှိ မစ္စတာ ဒါနူပေါလ်ကို ချောင်ဘူရီပြည်နယ်၊ ဆက်တဟစ်ခရိုင်၊ မိုး-၄ (Moo 4) ကျေးရွာရှိ နေအိမ်တစ်အိမ်တွင် ဖမ်းဆီးရမိခဲ့သည်။
အလားတူ စီရာချာခရိုင် အကြီးအကဲဖြစ်သူ အသက် ၄၉ နှစ်ရှိ ဒေါင်ပေါလ် ရူဂျီဟန် မာရက်ဂျ်ကို ချောင်ဘူရီပြည်နယ်၌ပင် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ အခြား သံသယရှိသူ ၃ ဦးကို ကန်ချနဘူရီတွင် ဖမ်းဆီးခဲ့သည်။
၎င်းတို့မှာ စိုင်းယွတ်ခရိုင်မှူးဟောင်း ဆူဝစ်ဂျီယာမီဂျီရာ ပေါင် (အသက် ၆၀) ၊ စိုင်းယွတ်ခရိုင်အရာရှိ ကွန်းနစ်ပေါင်သူ ရိုင် (အသက် ၅၂) ၊ စိုင်းယွတ်ခရိုင် ကာကွယ်ရေး ပြည်သူ့စစ်ဝန်ထမ်း ယန်ဒက်လမ်ဆာအက် (အသက် ၃၁) တို့ ဖြစ်ကြ သည်။
၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၃ ရက် ဖမ်းဆီးရမိတဲ့ လက်နက်များ
မစ္စတာဆူဝစ်နှင့် အခြားထိုင်းအရာရှိ ၃ ဦးတို့ကို ဇွန်လ ၁၃ ရက် ဖမ်းဆီးခြင်းအပေါ် ထိရောက်စွာ အရေးယူရန် စုံစမ်းစစ်ဆေး ရေး ကော်မတီတစ်ရပ်ကို ထိုင်းပြည်ထဲရေး အမြဲတမ်းအတွင်းဝန် စူသီပေါင်ဂျူချာရောင်က ဖွဲ့စည်းပေးခဲ့ကြောင်း လက်ရှိ စိုင်းယွတ်ခရိုင်အကြီးအကဲ နီရာမစ်က ပြောသည်။
မစ္စတာ ဆူဝစ်သည် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၇ ရက်တွင် ဆောင်ယောက်ခရိုင် အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်တွင် အစိုးရတာဝန်မှ သက်ပြည့် အငြိမ်းစားယူခဲ့သည်။
ထိုပုဂ္ဂိုလ်များသည် တာဝန် ထမ်းဆောင်နေစဉ်အတွင်း မြန်မာနိုင်ငံမှ အလုပ်အကိုင် ရှာဖွေသူများ၊ မှောင်ခိုကူးမှုများနှင့် သဘာဝ သယံဇာတ ခိုးထုတ်ခြင်း စသည့် အမှုအခင်းများစွာကို ကိုင်တွယ် ဆောင်ရွက်ခဲ့ဖူးသည်။
ထိုင်းရဲ၏ အဆိုအရ မစ္စတာ ဒါနူပေါလ်သည် အစိုးရ တာဝန်ရှိသူများ၊ ကာကွယ်ရေး ပြည်သူ့စစ်များနှင့် မူးယစ်နှိမ်နင်းရေး အဖွဲ့ဝင်များနှင့် ချိတ်ဆက် လုပ်ကိုင်မှုများရှိကြောင်း သိရသည်။
Source: Bangkok Post
- By CNI
- Category: နိုင်ငံရေး
- Hits: 1358
CNI International News
၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၄
ခိုလှုံခွင့်တောင်းခံသူများအတွက် ပထမဆုံး လေယာဉ်တစ်စင်းကို ဗြိတိန်အစိုးရက ရဝမ်ဒါနိုင်ငံသို့ စေလွှတ်မည်ဖြစ်ကြောင်း အေအက်ဖ်ပီ သတင်းအရ သိရသည်။
ဆန္ဒပြမှုများနှင့် ကုလသမဂ္ဂ၏ ဝေဖန်မှုများ ရှိနေသည့်ကြားမှ ဗြိတိန်အစိုးရသည် ခိုလှုံခွင့်တောင်းခံသူများ အရေးနှင့် ပတ်သက်၍ ၎င်း၏ အငြင်းပွားဖွယ်ရာ မူဝါဒကို ဇွန်လ ၁၃ ရက်က ခုခံကာကွယ်ခဲ့ရသည်။
အင်္ဂလန် ဘာသာရေး အသင်းတော် အကြီးတန်း ခေါင်းဆောင်များကတော့ “ဗြိတိန်အစိုးရ တာဝန်ရှိသူများသည် ရှက်စရာ ကောင်းပြီး အကျင့်သိက္ခာ ယိုယွင်းနေကြောင်း” ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။
ရဝမ်ဒါနိုင်ငံသို့ ပထမဆုံး ပျံသန်းမည့် လေယာဉ်တွင် ရွှေ့ပြောင်းနေထိုင်လိုသူ ၃၁ ဦးအနက် ၂၃ ဦး၏ ခရီးစဉ် လက်မှတ်များ ကို ပယ်ဖျက်ခဲ့ပြီး လေယာဉ်ပေါ် လိုက်ပါစီးနင်းခွင့်ရသူ အရေအတွက်ကို ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး လစ်ဇ်ထရက်စ်က အခိုင်အမာ ပြောကြားခဲ့သည်။
ဗြိတိန် အစိုးရကို ဆန္ဒပြနေကြ (AFP)
လန်ဒန်မြို့၊ ဂက်ဝစ်လေဆိပ်အနီးရှိ ထိန်းသိမ်းရေးစခန်းတွင် ဆန္ဒပြပွဲ ထပ်မံရှိနေစဉ်တွင် “ဒီနေ့ ညနေပိုင်းမှာ လေယာဉ်ခရီး စဉ်တစ်ခု စေလွှတ်ဖို့ ကျမတို့ မျှော်မှန်းထားပါတယ်” ဟု လစ်ဇ်ထရက်စ်က Sky News မီဒီယာသို့ ပြောကြားခဲ့သည်။
ဥရောပသမဂ္ဂ (EU) ကို ကျောခိုင်းခဲ့သည့် Brexit ဖြစ်စဉ်အပြီး နယ်နိမိတ် တင်းကျပ်သွားမည်ဟု ဗြိတိန်အစိုးရက ကတိပြု ပြီးနောက် ၎င်းနိုင်ငံအတွင်းသို့ ရွှေ့ပြောင်း နေထိုင်သူ အရေအတွက်မှာ စံချိန်တင် များပြားလာခဲ့သည်။ အများစုမှာ ပြင်သစ် နိုင်ငံ မြောက်ပိုင်းမှ အန္တရာယ်များသော ရေလမ်းခရီးကို ဖြတ်သန်းပြီး ရောက်ရှိလာခဲ့ရာ လန်ဒန်ရှိ အစိုးရအပေါ် ဖိအားများ သက်ရောက်စေခဲ့သည်။
Source: AFP
- By CNI
- Category: နိုင်ငံရေး
- Hits: 1514
CNI International News
ဆိုးလ်၊ ဇွန်လ ၁၄
တောင်ကိုရီးယားရှိ ကုန်တင်ယာဉ်မောင်းများ ရက်သတ္တတစ်ပတ်ကြာ သပိတ်မှောက်မှုကြောင့် တပိုင်းလျှပ်ကူး ပစ္စည်း ချစ်ပ် (Semiconductor Chip) ထုတ်လုပ်သူများ သုံးသည့် အရေးကြီးသော သန့်စင်ဆေးရည်ကို တရုတ် နိုင်ငံသို့ တင်ပို့မှု ရပ်တန့်သွားခဲ့ကြောင်း ကိုရီးယားနိုင်ငံတကာကုန်သွယ်ရေးအသင်း (KITA) က ဇွန်လ ၁၄ ရက် (ယနေ့) သတင်းထုတ်ပြန်ခဲ့သည်ဟု ရိုက်တာသတင်းတစ်ပုဒ်၌ တွေ့ရသည်။
အဆိုပါသပိတ်မှောက်မှုသည် တကမ္ဘာလုံးသို့ ချစ်ပ်ထုတ်လုပ်ရေးကွင်းဆက်ကို ပထမဆုံး ထိခိုက်စေခဲ့ကြောင်း၊ တောင်ကိုရီးယားစက်မှုလုပ်ငန်းတွင် ယင်းဖြစ်စဉ်ကြောင့် ဆုံးရှုံးသွားသော ထုတ်ကုန်တန်ဖိုးနှင့် သယ်ယူပို့ဆောင် ရေး အဆင်မပြေမှုကြောင့် ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံကျော် ထိခိုက်ခဲ့ရကြောင်း ရိုက်တာက ဆက်လက်ရေးသား ထားသည်။
ချစ်ပ်၏ပါးပါးလှပ်လှပ် အချပ်အလွှာ (chip wafers) များကို ဆေးကြောသန့်စင်ရာတွင်သုံးသည့် ဓါတုပစ္စည်း ဖြစ်သော အိုင်ဆိုပရိုပိုင်းအယ်လ်ကိုဟော (IPA) ထုတ်လုပ်သူများအနေဖြင့် ချစ်ပ်ပြုလုပ်သည့်တရုတ်ကုမ္ပဏီထံသို့ တင်ပို့ရာတွင် ယခုအခါ အခက်အခဲရင်ဆိုင်နေရကြောင်း၊ အဆိုပါကုန်စည် တန်ချိန် ၉၀ ခန့် (သို့မဟုတ်) ရက်သတ္တ တစ်ပတ်စာ ပို့နေကျပမာဏမှာ နှောင့်နှေးကြန့်ကြာနေခဲ့ကြောင်း KITA ၏ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထား သည်။
ထုတ်လုပ်မှုပြတ်တောက်သွားကြောင်း အစောပိုင်းထုတ်ပြန်ချက်ကို KITA က ပြန်လည်ပြင်ဆင်ခဲ့ရာတွင် ကိုရီးယားဆမ်ဆောင်းကုမ္ပဏီလီမိတက်အတွက် တရုတ်နိုင်ငံရှိ ချစ်ပ်ထုတ်လုပ်ငန်းများထံမှ wafer များ မရရှိ တော့၍ဖြစ်ကြောင်း ပြောင်းလဲကြေညာခဲ့သည်။
တောင်ကိုရီးယားနိုင်ငံ ဂွမ်ဂျူးမြို့ရှိ ဆမ်ဆောင်းနည်းပညာစက်ရုံရှေ့တွင် ဆန္ဒပြနေသည့် ကုန်တင်ယာဉ်မောင်း များကို ဇွန်လ ၁၄ ရက်နေ့က တွေ့ရစဉ်(ဓါတ်ပုံ-ရိုက်တာ)
ကုန်တင်ယာဉ်မောင်းသပိတ်ကြောင့် အဓိကရင်ဆိုင်ရသောပြဿနာမှာ ယောစူး (Yeosu) ဆိပ်ကမ်းမြို့ရှိ စက်ရုံမှ တောင်ကိုရီးယား ရေနံဓာတုကုမ္ပဏီကြီးတစ်ခု၏ IPA ဓာတုပစ္စည်း တင်ပို့ရေးဖြစ်သည်။
အဆိုပါ IPA ကို တပိုင်းလျှပ်ကူးပစ္စည်းနှင့် အရည်ပုံဆောင်ခဲမျက်နှာပြင် (LCD) တို့တွင် စက်မှုပိုင်းဆိုင်ရာ သန့်ရှင်းရေးအတွက် မရှိမဖြစ် အသုံးပြုရသည်။
လောင်စာဆီဈေးတက်ခြင်းကြောင့် အနည်းဆုံးဝန်ဆောင်ခငွေကြေးပမာဏ ရရှိရေးအာမခံချက် တောင်းဆို နေသည့် ကုန်တင်ယာဉ်မောင်းသမဂ္ဂသည် အစိုးရနှင့် ၄ ကြိမ်တိုင်တိုင် ဆွေးနွေးခဲ့သော်လည်း ပြေလည်မှု မရ ခဲ့သဖြင့် ဆက်လက်သပိတ်မှောက်ကြမည်ဟု ကြေညာခဲ့သည်။
အဆိုပါသမဂ္ဂ၏ ဇွန်လ ၁၄ ရက် (ယနေ့) ထုတ်ပြန်ချက်ထဲတွင် “တောင်ကိုရီးယား သယ်ယူပို့ဆောင်ရေး ဝန်ကြီး ဌာနအနေဖြင့် မိမိတို့နှင့် ဆွေးနွေးပြောဆိုလိုခြင်းမရှိသလို လက်ရှိအခြေအနေအပေါ် ဖြေရှင်းနိုင်စွမ်းမရှိကြောင်း” ရှုတ်ချထားသည်။
ဂွမ်ဂျောင်းဆိပ်ကမ်းတွင် ထားရှိသည့် ကွန်တိန်နာများကိုတွေ့ရစဉ်(ဓါတ်ပုံ-ရိုက်တာ)
ယခုဖြစ်စဉ်ကြောင့် တောင်ကိုရီးယားပြည်တွင်း ချစ်ပ်ထုတ်လုပ်သူများအတွက် သက်ရောက်မှုမှာ အကန့်အသတ် ဖြင့်သာ ရှိမည်ဖြစ်ကြောင်း၊ ဆမ်ဆောင်းနှင့် ကမ္ဘာ့ဒုတိယအင်အားအကောင်းဆုံး memory chip ထုတ်လုပ်သူ SK Hynix တို့သည် အရေးကြီးအသုံးအဆောင်များက ၎င်းတို့လက်ထဲတွင် ၃ လ (သို့မဟုတ်) ယင်းကာလထက်ပို၍ သိုလှောင်သိမ်းဆည်းထားလေ့ရှိကြောင်း လေ့လာသုံးသပ်သူများက ပြောကြသည်။
ယခုသပိတ်ကြောင့် မိမိတို့၏ကုန်စည်များ တင်ပို့ရောင်းချမှုမှာလည်း ၄၀ ရာခိုင်နှုန်း ထိခိုက်ခဲ့ရကြောင်း တောင် ကိုရီးယား၏ ဆိုဂျူးအရက် အများဆုံးချက်လုပ်ရောင်းချသည့် ဟိုက်ဂျင်ရိုအဖျော်ယမကာလုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
Source: Reuters
- By CNI
- Category: နိုင်ငံရေး
- Hits: 1382
CNI International News
မော်စကို ဇွန်လ ၁၄
ယူကရိန်းခွဲထွက်ရေးနယ်မြေခေါင်းဆောာင်က မော်စကိုထံမှ နောက်ထပ်စစ်အင်အားတောင်းခံပြီးနောက် ရုရှား၏ အဓိကစစ်ရေးရည်မှန်းချက်မှာ ဒွန်နက်ဆက်နှင့် လူဟန်ဆက် ပြည်သူ့သမ္မတနှစ်နိုင်ငံကို ကာကွယ်ရန်ဖြစ်ကြောင်း ကရင်မလင်နန်းတော်က ဇွန်လ ၁၃ ရက်တွင် ပြောကြားခဲ့သည်ဟု ရိုက်တာသတင်းတစ်ပုဒ်တွင် တွေ့ရသည်။
ယူကရိန်းအရှေ့ပိုင်းရှိ အဆိုပါနယ်မြေများတွင် ပစ်ခတ်တိုက်ခိုက်မှု တိုးလာနေကြောင်း ရုရှားကျောထောက် နောက်ခံပြု ခွဲထွက်ရေးခေါင်းဆောင် ဒင်းနစ်ပူသျှီလင်က ဇွန်လ ၁၃ ရက်အစောပိုင်းတွင် ပြောကြားခဲ့သည်။
“ကျနော်တို့ရဲ့ မဟာမိတ်တပ်တွေ အပါအဝင် လိုအပ်တဲ့ အင်အားအတွက် ရုရှားဖက်ဒရေးရှင်း တပ်ဖွဲ့အားလုံးဟာ ရန်သူကို တိုက်ခိုက်သွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
“ယေဘုယျအားဖြင့် သမ္မတနိုင်ငံနှစ်ခု (ဒွန်နက်ဆက်နှင့်လူဟန်ဆက်) တို့ကို အကာအကွယ်ပေးဖို့ အခု စစ်ဆင်ရေးရဲ့ အဓိက ပန်းတိုင် ဖြစ်ပါတယ်” ဟု ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့ဗ် (Dmitry Peskov) က ပြောကြားခဲ့ကြောင်း ရုရှားမီဒီယာ RIA က သတင်းဖော်ပြခဲ့သည်။
ဇွန်လ ၁၂ ရက် ပစ်ခတ်မှုများအတွင်း ကလေးငယ်တစ်ဦး အပါအဝင် အရပ်သား အများအပြား သေဆုံးခဲ့ကြောင်း RIA မီဒီယာ က အစောပိုင်းတွင် သတင်းထုတ်လွှင့်ခဲ့သည်။
ဒွန်ဘတ်ဒေသက ရုရှားခွဲထွက်ရေး တပ်ဖွဲ့က လက်နက်ကိုင်တစ်ဦး (GETTY IMAGES)
ဒွန်နက်ဆက်ဒေသတွင် ပစ်ခတ်မှု တိုးလာခြင်းအပေါ် ရုရှား၏ အခိုင်အမာ ပြောကြားချက်ကို ရိုက်တာသတင်းဌာနက သီးခြား အတည်ပြုနိုင်ခြင်း မရှိသလို စစ်ရေး အခြေအနေ တိုးတက်မှုနှင့် ပတ်သက်၍လည်း ကိယက်ဗ်(ယူကရိန်း)အစိုးရထံမှ ချက် ချင်း တုံ့ပြန် ဖြေကြားခြင်း မရှိသေးပေ။
ဒွန်နက်ဆက်နှင့် လူဟန်ဆက်တို့သည် ယူကရိန်းနိုင်ငံ အရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသရှိ ရုရှား ကျောထောက်နောက်ခံ ခွဲထွက် အဖွဲ့နှစ်ဖွဲ့ဖြစ်ပြီး ကိယက်ဗ်(ယူကရိန်း)အစိုးရ၏ ထိန်းချုပ်မှုမှ လုံးဝဖယ်ရှားရန် တိုက်ပွဲဝင်နေကြောင်း ရုရှားက ပြောကြား ထားပြီး ဖြစ်သည်။
ယူကရိန်းသို့ စတင် ကျူးကျော်စဉ်ကပင် အဆိုပါ ဒေသနှစ်ခုကို လွတ်လပ်သည့် နိုင်ငံများအဖြစ် အသိအမှတ်ပြုကြောင်း ဗလာဒီမာပူတင်က ကြေညာခဲ့သည်။
အဆိုပါ ခွဲထွက်ရေးသမားများသည် ၂၀၁၄ ခုနှစ်ကပင် ယူကရိန်းအရှေ့ပိုင်း နယ်မြေ အများအပြားကို သိမ်းယူခဲ့ကြသည်။
မော်စကို(ရုရှား)က ၎င်း၏လုပ်ရပ်သည် ယူကရိန်းကို လက်နက် ဖြုတ်သိမ်းရန်နှင့် နာဇီ ဖက်ဆစ်များထံမှ ဒွန်ဘတ်စ်ကို ကာကွယ်ရန် အထူးစစ်ဆင်ရေး လုပ်ဆောင်ခြင်းဖြစ်ကြောင်း ခေါင်းစဉ်တပ်ထားခဲ့သည်။
ထိုသို့ နာဇီဖက်ဆစ်ဟု စွပ်စွဲချက်သည် အခြေအမြစ်မရှိသလို ယခုစစ်ပွဲသည် ရန်လိုသော လုပ်ရပ်သာဖြစ်ကြောင်း ယူကရိန်း အစိုးရနှင့် အနောက်အုပ်စုနိုင်ငံများက တုံ့ပြန်ခဲ့သည်။
Source: Reuters
- By CNI
- Category: နိုင်ငံရေး
- Hits: 1650
CNI International News
ကိယက်ဗ်၊ဇွန်လ ၁၄
ရုရှားသည် ယူကရိန်းနိုင်ငံ၊ ဒွန်ဘတ်စ်ဒေသကို အမြောက်တပ်များ၊ လေကြောင်းပစ်ကူများဖြင့် နောက်မဆုတ် တမ်း နေ့စဉ်ထိုးစစ်ဆင်နေပြီး သိမ်းပိုက်ရေးမှာ နှေးကွေးနေသော်လည်း စစ်ရေးတိုးတက်မှုအလားအလာကို တည်ငြိမ်စွာ ဖော်ဆောင်နေဆဲဖြစ်ကြောင်း အေပီသတင်းအရ သိရသည်။
ရုရှား၏ကျူးကျော်စစ် စတုတ္ထလရောက်ရှိလာခြင်းနှင့်အတူ ဒွန်ဘတ်စ်တိုက်ပွဲသည် စစ်ပွဲတစ်ခုလုံး၏ လမ်း ကြောင်းကို အဆုံးအဖြတ်ပေးရန် လောင်းကြေးမြင့်သော ကြိုးပမ်းချက်တစ်ရပ်လည်းဖြစ်ကြောင်း အေပီက ဆက်လက်ရေးသားဖော်ပြသည်။
အကယ်၍ ဒွန်ဘတ်စ်တိုက်ပွဲကို ရုရှားနိုင်မည်ဆိုလျှင် ယူကရိန်းအတွက် နယ်မြေဆုံရှုံးစေရုံသာမက စစ်အင်အား အမြောက်အမြားပါ ဆုံးရှုံးစေမည်ဖြစ်ကြောင်း၊ မော်စကိုအတွက် နယ်မြေပိုသိမ်းနိုင်ရန် အခွင့်အလမ်းများမည် ဖြစ်ကာ ကိယက်ဗ်အစိုးရကို ပိုမိုတင်းကြပ်သည့် စည်းကမ်းသတ်မှတ်ချက်များ ချမှတ်လာနိုင်မည်ဖြစ်ကြောင်း သိရသည်။
ရုရှားအတွက် အကြောင်းမလှခဲ့သော် ယူကရိန်း၏တန်ပြန်ထိုးစစ်ကို အစပျိုးနိုင်စေပြီး ကရင်မလင်သမ္မတ နန်းတော်ထဲတွင်လည်း နိုင်ငံရေးအရ ကသောင်းကနင်းဖြစ်လာနိုင်စရာ ရှိနေသည်။
ယူကရိန်းအရှေ့ပိုင်း၊ Donetsk ဒေသ ရှေ့တန်းတပ်စခန်းအနီးရှိ ရွာတစ်ရွာကို ယူကရိန်းစစ်တပ်မှ ကင်းလှည့်နေစဉ်(ဓါတ်ပုံ-အေပီ)
စစ်ပွဲအစပိုင်းတွင် ရုရှားသည် ကိယက်ဗ်မြို့တော်နှင့် ဒုတိယအကြီးဆုံးမြို့ဖြစ်သော ခါကိဗ်တို့ကို သိမ်းပိုက်ရန် ကြိုးပမ်းခဲ့မှုအပြီး စက်မှုဒေသဖြစ်သော ဒွန်ဘတ်စ်သို့ အာရုံပြောင်းလာခဲ့သည်။ ယင်းဒေသတွင် ယူကရိန်း၏ သယံဇာတအဖိုးတန် မိုင်းတွင်းနှင့် စက်မှုလုပ်ငန်းများတည်ရှိပြီး ၂၀၁၄ ခုနှစ်ကတည်းက မော်စကိုကျောထောက် နောက်ခံ ခွဲထွက်ရေးသူပုန်များ ထကြွသောင်းကျန်းနေခဲ့သည်။
အစောပိုင်း စစ်ရေးအမှားများကို သင်ခန်းစာယူ၍ ရုရှားသည် ယခုအခါ ဒွန်ဘတ်စ်တွင် သတိကြီးကြီးဖြင့် ထိုးစစ်ဆင်ရာ၌ ယူကရိန်းကာကွယ်ရေးကို အားပျော့စေရန်အတွက် တာဝေးပစ်ခတ်ခြင်းနှင့် ဗုံးကြဲ တိုက်ခိုက် ခြင်းတို့ကို ဂရုတစိုက်လုပ်ဆောင်နေသည်။
ပိုမိုကောင်းမွန်အောင် ပြင်ဆင်ထားသော ရုရှားတပ်ဖွဲ့သည် ဒွန်ဘတ်စ်တွင် စစ်ဆင်ရေးအလုပ်ဖြစ်ပုံရပြီး လူဟန် ဆက်နှင့် ဒွန်နက်ဆက်ဒေသနှစ်ခုစလုံးတွင် စစ်ရေးသာလွန်မှုများ ရရှိနေသည်။
ရုရှားသည် နျူကလီးယားမဟုတ်သော လက်နက်အလုံးစုံကို ရှေ့တန်းသို့ ချသုံးစေ၍ တိုက်ခိုက်နေသဖြင့် ယူကရိန်းဘက်မှ တပ်ဖွဲ့ဝင်အင်အား ၁၀၀ မှ ၂၀၀ အထိ နေ့စဉ်ကျဆုံးနေကြောင်း သမ္မတဇာလန်းစကီး၏ အကြံပေး မီခေလ်လိုပိုဒယ်ယက် (Mykhailo Podolyak) က ဘီဘီစီသတင်းဌာနသို့ ပြောကြားခဲ့သည်။
Source: AP
- By CNI
- Category: နိုင်ငံရေး
- Hits: 1351
CNI International News
ဝါရှင်တန်၊ ဇွန်လ ၁၃
နိုင်ငံတဝန်း သေနတ်ဖြင့် အကြမ်းဖက်မှုကို ဆန့်ကျင်သည့် ပြည်လုံးကျွတ် ဆန္ဒပြပွဲတစ်ခုဖြစ်သော “ကျွန်ုပ်တို့ဘဝအတွက် ချီတက်ပွဲ”ကို အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီရှိ နေရှင်နယ်မောလ်တွင် စုဝေးချီတက်ခဲ့ကြသည်။
ပြီးခဲ့သည့်လက တက္ကဆက်ပြည်နယ်ရှိ မူလတန်းကျောင်း တစ်ကျောင်း၌ လူအစုလိုက် အပြုံလိုက် ပစ်သတ်ခံရပြီးနောက် ဇွန်လ ၁၁ ရက်မှာ ရာနှင့်ချီသော ဆန္ဒပြသူများက ဝါရှင်တန်နှင့် အမေရိကန်နိုင်ငံ တဝန်းတွင် စုဝေးချီတက်ခဲ့ကြပြီး သေနတ် ဖြင့် ပစ်ခတ်မှုများ ထိန်းချုပ် တားဆီးနိုင်ရေးအတွက် ဥပဒေတစ်ရပ် ရေးဆွဲပြဋ္ဌာန်းရန် ဥပဒေပြု လွှတ်တော်အမတ်များကို တောင်းဆိုခဲ့ကြသည်။
ဝါရှင်တန် အထိမ်းအမှတ် ကျောက်တိုင်အနီးက လူထုချီတက်ပွဲ(ရိုက်တာ)
၂၀၁၈ ခုနှစ်က ဖလော်ရီဒါပြည်နယ်၊ ပါ့ခ်လန်း အထက်တန်းကျောင်းအတွင်း အလားတူ သတ်ဖြတ်ခံရသည့် ဖြစ်စဉ်မှ လွတ်မြောက်လာသူ ကျောင်းသားများ တည်ထောင်ထားသော သေနတ်ဘေး ကင်းရှင်းရေး အဖွဲ့ကလည်း ဇွန်လ ၁၁ ရက် “ကျွန်ုပ်တို့ဘဝအတွက် ချီတက်ပွဲ”သို့ ပူးပေါင်းပါဝင်ပြီး နယူးယောက်၊ လော့အင်ဂျလိစ်နှင့် ချီကာဂိုမြို့တို့၌ ဆန္ဒထုတ်ဖော်မှု ၄၅၀ ကျော် စီစဉ်ခဲ့သည်။
ဝါရှင်တန်မြို့တော်တွင် မိုးဖွဲဖွဲရွာနေသည့်ကြားမှ လူ ရာနှင့်ချီ၍ ဝါရှင်တန် အထိမ်းအမှတ် ကျောက်တိုင်အနီးရှိ နေရှင်နယ် မောလ်သို့ ရောက်ရှိ စုဝေးခဲ့ကြသည်။
တိုက်ခိုက်ရေး လက်နက်များကို ပိတ်ပင်ရန်၊ နောက်ခံ စစ်ဆေးမှုများ တိုးချဲ့ရန်နှင့် သေနတ်ကိုင်ဆောင်မှု ထိန်းချုပ်ရေး အခြား အစီအမံများကို အကောင်အထည် ဖော်ရန်အတွက် ယခုအစောပိုင်းက ကွန်ဂရက်(လွှတ်တော်)သို့ တိုက်တွန်းခဲ့သည့် ဒီမိုကရက်တစ်ပါတီမှ သမ္မတ ဂျိုးဘိုင်ဒန်က ဇွန်လ ၁၁ ရက် ဆန္ဒပြမှုများကို ထောက်ခံကြောင်း တွစ်တာလူမှုကွန်ရက်တွင် ရေးသားလွှင့်တင်ခဲ့သည်။
Source: VOA
- By CNI
- Category: နိုင်ငံရေး
- Hits: 2361
CNI International News
စင်ကာပူ၊ ဇွန်လ ၁၃
မြောက်ကိုရီးယား၏ ဒုံးကျည်နှင့် နျူကလီးယား ခြိမ်းခြောက်မှုကို ဖြေရှင်းရန်အတွက် တောင်ကိုရီးယားက လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအတွက် ပူးပေါင်းဆောင်ရွက်ရာတွင် အနည်းဆုံး ဂျပန်နိုင်ငံနှင့် နယ်နိမိတ်အဟန့်အတားများ ပြုပြင်ပြောင်းလဲရန် ကြိုးပမ်းနေကြောင်း အာရ်တီသတင်းတစ်ပုဒ်အရ သိရသည်။
“တောင်ကိုရီးယားနဲ့ ဂျပန်တို့ကြားက ပြဿနာအတော်များများ မဖြေရှင်းနိုင်သေးပေမယ့် နှစ်နိုင်ငံ အကျိုးစီးပွားကို ထင်ဟပ် စေတဲ့ နည်းလမ်းနဲ့ ကျိုးကြောင်းဆီလျော်တဲ့ ဖြေရှင်းချက်တွေရဖို့ နှစ်ဘက်စလုံးက အမြော်အမြင်တွေကို စုစည်းရေး ရည်ရွယ် ထားပါတယ်” ဟု တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး လီဂျုံဆက် (Lee Jong-sup) က ဇွန်လ ၁၂ ရက်၌ စင်ကာပူတွင် ကျင်းပသည့် အာရှလုံခြုံရေးဆိုင်ရာ အစည်းအဝေး (Shangri-la dialogue) မှာ ပြောကြားခဲ့သည်။
တောင်ကိုရီးယားတွင် အသစ်ရွေးချယ်ခံရသည့် သမ္မတ ယွန်ဆော့ရွဲ အစိုးရအဖွဲ့က တိုကျိုနှင့် အလေးအနက် ဆွေးနွေးရာတွင် နိုင်ငံများအကြား လုံခြုံရေးဆိုင်ရာ ဆက်ဆံရေးကို ပုံမှန်ဖြစ်စေရုံသာမက မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှု တုံ့ပြန်ရာတွင် အမေရိကန်နှင့် သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွားမည်ဖြစ်ကြောင်း လီဂျုံဆက်က ဆက်လက် ပြောကြားခဲ့ သည်။
တစ်ချိန်တည်းမှာပင် ပြုံယမ်း၏ စစ်အင်အားကို ယွန်ဆော့ရွဲ အစိုးရအနေဖြင့် ကိုင်တွယ်ဖြေရှင်းရန် တောင်ကိုရီးယား စစ်တပ် ၏ တုံ့ပြန်နိုင်စွမ်းကို အလေးပေး အားဖြည့်တင်းရန် ရည်ရွယ်ထားကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။
တောင်ကိုရီးယား၊ ဂျပန်နှင့် အမေရိကန် တွေ့ဆုံ
လီဂျုံဆက်သည် ဂျပန်နှင့် အမေရိကန်တို့မှ အစိုးရတာဝန်ရှိသူများကို ရှန်ဂရီလာ ဆွေးနွေးပွဲတွင် ဇွန်လ ၁၁ ရက်က တွေ့ဆုံခဲ့ ပြီး သုံးပွင့်ဆိုင် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရန် သဘောတူညီမှုတစ်ရပ် ရရှိခဲ့ကြသည်။
အဆိုပါ ဆွေးနွေးပွဲသည် တောင်ကိုရီးယားနှင့် ဂျပန်ကာကွယ်ရေး အမြင့်ဆုံး တာဝန်ရှိသူများအကြား ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ နောက်ပိုင်း ပထမဆုံး လူချင်းတွေ့ဆုံမှု ဖြစ်သည်။
နိုင်ငံအချင်းချင်း ကုန်သွယ်ရေး အငြင်းပွားမှု ရှိခဲ့သဖြင့် ဆိုးလ်သည် ၂၀၁၉ ခုနှစ်၊ ဩဂုတ်လတွင် ဂျပန်နှင့် ထောက်လှမ်းရေး သတင်း မျှဝေမှု သဘောတူညီချက်ကို ဖျက်သိမ်းခဲ့သည်။
သို့ရာတွင် ယခု သဘောတူစာချုပ် အသစ်များအရ တောင်ကိုရီးယားနှင့် ဂျပန်တို့သည် မြောက်ကိုရီးယား ဒုံးကျည်နှင့် နျူကလီးယား အစီအစဉ်ဆိုင်ရာ သတင်း အချက်အလက်များကို မျှဝေခဲ့ကြပြီ ဖြစ်သည်။
၁၉၁၀ ပြည့်နှစ်မှ ၁၉၄၅ ခုနှစ်အထိ ကိုရီးယားကျွန်းဆွယ်ကို ဂျပန်သိမ်းပိုက်ခဲ့စဉ်အတွင်းက လျော်ကြေးများ ပေးဆောင်ရန် ဂျပန်ကုမ္ပဏီများကို ဆိုးလ်မြို့ရှိ တရားရုံးတစ်ရုံးက ဆုံးဖြတ်ခဲ့ရာ ၂၀၁၈ ခုနှစ်မှစတင်၍ တိုကျိုနှင့်ဆိုးလ်တို့၏ ဆက်ဆံရေးမှာ ယိုယွင်းလာခဲ့သည်။
ထိုဖြစ်စဉ် နောက်ပိုင်း ဂျပန်ကလည်း တောင်ကိုရီးယားသို့ အရေးပါသည့် နည်းပညာမြင့်မားသော ကုန်စည်များ တင်ပို့မှု အပေါ် ကန့်သတ်ချက်အသစ်များ ချမှတ်၍ တောင်ကိုရီးယားအစိုးရကို လက်တုံ့ပြန်ခဲ့သည်။
Source: အာရ်တီသတင်းဌာန
- By CNI
- Category: နိုင်ငံရေး
- Hits: 1459
CNI International News
စင်ကာပူ၊ဇွန်လ ၁၃
ယူကရိန်းစစ်ပွဲနှင့် အမေရိကန်-တရုတ် ဆက်ဆံရေးတင်းမာလာမှုတို့သည် စင်ကာပူနိုင်ငံတွင် ကျင်းပခဲ့သော ရှန်ဂရီလာဆွေးနွေးပွဲ၏ အစည်းအဝေးတိုင်းလိုလိုတွင် ပါဝင်ပြီး လွှမ်းမိုးခဲ့ကြောင်း၊ အဆိုပါဆွေးနွေးပွဲကို ၃ ရက်ကြာ ကျင်းပခဲ့ပြီးနောက် ဇွန်လ ၁၂ တွင် ပြီးဆုံးခဲ့ကြောင်း ရိုက်တာသတင်းဌာနက ရေးသားဖော်ပြသည်။
ဆွေးနွေးပွဲနောက်ဆုံးနေ့၌ တရုတ်ကာကွယ်ရေးဝန်ကြီး ဝေ့ဖန်း (Wei Fenghe) က မိန့်ခွန်းပြောကြားရာတွင် “နှစ်နိုင်ငံဆက်ဆံရေးအတွက်အရေးကြီးသည့်အတားအဆီးရှိနေသဖြင့် ဆက်ဆံရေးတိုးတက်ရန်မှာ အမေရိကန်အပေါ် မူတည်ကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။
“တရုတ်နိုင်ငံကို အပုပ်ချတာ ရပ်တန်းက ရပ်ပေးဖို့ ကျနော်တို့ တောင်းဆိုပါတယ်။ တရုတ်ပြည်တွင်းရေး ဝင်စွက်ဖက်တာကို အမေရိကန် မရပ်တန့်ရင် နှစ်နိုင်ငံဆက်ဆံရေး တိုးတက်နိုင်မှာ မဟုတ်ဘူး” ဟု တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ် (PLA) ဝတ်စုံ ဝတ်ဆင်ထားသည့် ဝန်ကြီးဝေ့ဖန်းက ဆွေးနွေးပွဲသို့ တက်ရောက် လာကြသည့် နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်များကို ပြောကြားခဲ့သည်။
ရှန်ဂရီလာဆွေးနွေးပွဲသည် အာရှထိပ်တန်းလုံခြုံရေးအစည်းအဝေးဖြစ်ပြီး ယခုနှစ်တွင် သံတမန်များ၊ ကာကွယ်ရေး ထိပ်တန်းအရာရှိများနှင့် လက်နက်ထုတ်လုပ်သူများအပါအဝင် နိုင်ငံပေါင်း ၄၀ မှ ကိုယ်စားလှယ် ၅၇၅ ဦးကို ဖိတ်ကြား၍ တက်ရောက်စေခဲ့သည်။
ဇွန်လ ၁၁ တွင် ကျင်းပသည့် အစည်းအဝေးတွင် အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က “တရုတ် လေယာဉ်နှင့် သင်္ဘောများသည် နိုင်ငံတချို့၏ ဘေးကင်းလုံခြုံရေးအတွက် စိုးရိမ်စရာတိုးလာစေခဲ့ကြောင်း၊ ထိုင်ဝမ်အပါအဝင် မိမိတို့မဟာမိတ်နိုင်ငံများဘက်မှ မိမိတို့ရပ်တည်သွားမည်ဖြစ်ကြောင်း” ဟု ၎င်း၏ မိန့်ခွန်း ထဲတွင် ထည့်သွင်းပြောကြားခဲ့သည်။
စင်ကာပူ ရှန်ဂရီလာဆွေးနွေးပွဲတွင် အမေရိကန်-တရုတ်ဆက်ဆံရေးကို ယခင်ဆွေးနွေးပွဲများ၌ လွှမ်းမိုးထားလေ့ ရှိသော်လည်း ကပ်ရောဂါကြောင့် ၂၀၁၉ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်ကျင်းပသည့် ယခုနှစ်တွင် ရုရှား၏ ယူကရိန်းကျူးကျော်စစ်က ထပ်တိုး၍ လွှမ်းမိုးလာခဲ့သည်။
သိသာထင်ရှားသည့်အချက်တစ်ချက်မှာ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာဇာလန်းစကီးသည် ဗီဒီယိုလင့်ခ်မှ ယခု ဆွေးနွေးပွဲတွင် မိန့်ခွန်းပြောကြားခဲ့ခြင်းဖြစ်သည်။ မိမိတို့နိုင်ငံကို ကျူးကျော်ဝင်ရောက်ခြင်းသည် နိုင်ငံတကာ စည်းမျဉ်းအခြေခံကို ခြိမ်းခြောက်ခြင်းဖြစ်ကြောင်း၊ ကမ္ဘာအရပ်ရပ်ကို အငတ်ဘေးနှင့်စားနပ်ရိက္ခာ အကျပ် အတည်းအန္တရာယ်ကျစေခဲ့ကြောင်း နိုင်ငံတကာမှ ကိုယ်စားလှယ်များကို ဇာလန်းစကီးက အသိပေးပြောကြား ခဲ့သည်။
တက်ရောက်လာကြသော ကိုယ်စားလှယ်အများပြားက ရုရှားနှင့်တရုတ်၏ ဆက်ဆံရေးကိုလည်း မေးခွန်း ထုတ်ခဲ့ကြကြောင်း ရိုက်တာသတင်းတွင် ဆက်လက်ဖော်ပြထားသည်။
Source: Reuters
- By CNI News
- Category: နိုင်ငံရေး
- Hits: 1772
CNI International News
ဘန်ကောက်၊ ဇွန်လ ၁၂
မြန်မာ့တပ်မတော်သည် ၎င်းကို ဆန့်ကျင်နေကြသည့် လက်နက်ကိုင် အဖွဲ့အစည်းများကို အနိုင်ရနိုင်သည့် အနေအထား မရှိ ကြောင်းနှင့် ယမန်နှစ် အာဏာသိမ်းပြီးနောက် ဒီမိုကရေစီ ပြန်လည်ထူထောင်ပေးသင့်ကြောင်း အမေရိကန် အကြီးတန်း သံတမန်တစ်ဦးက ပြောကြားခဲ့သည်ဟု ရိုက်တာသတင်းကို ကိုးကားလျက် ဘန်ကောက်ပို့စ်က ဖော်ပြသည်။
“သူတို့ အနိုင်ရဖို့ လက်တွေ့ကျကျ ဘယ်လိုတွေးမလဲဆိုတာ ဒီကနေ့ မြင်ကြည့်ဖို့က ခက်ပါတယ်။ သူတို့နယ်မြေတွေ ဆုံးရှုံး နေတယ်။ သူတို့စစ်တပ် အကြီးအကျယ် ရှုံးနေပြီ” ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အကြံပေး ဒဲရက်ခ်ချောလက်က ပြောကြားခဲ့သည်။
ဇွန်လ ၁၀ ရက်တွင် ဘန်ကောက်မြို့ရှိ ရိုက်တာနှင့် အခြား သတင်းထောက် တစ်ဦးတို့ကို တွေ့ဆုံခဲ့ရာတွင် “စစ်တပ်သည် နိုင်ငံတကာတွင်သာမက ပြည်တွင်း၌ အထီးကျန်ဖြစ်နေပြီး တိုက်ပွဲကို အဆုံးသတ်ကာ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်သွား သင့်ကြောင်း” ချောလက်က ပြောကြားခဲ့သည်။
နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်တပ်က ဖြုတ်ချခဲ့ပြီး ဆန္ဒပြပွဲများအား အင်အားသုံး ဖြိုခွင်းခဲ့သလို လူအစုလိုက် အပြုံလိုက် ဖမ်းဆီးခဲ့သည်။
ချောလက်၏ သဘောထား မှတ်ချက်များနှင့်ပတ်သက်၍ ဇွန်လ ၁၂ ရက် (ယနေ့)တွင် မြန်မာ့တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ထံသို့ ရိုက်တာက ဆက်သွယ် မေးမြန်းခဲ့သော်လည်း တယ်လီဖုန်း လက်ခံဖြေကြားခြင်း မရှိပါ။
Source: Reuters, Bangkok Post
