- By CNI
- Category: နိုင်ငံရေး
- Hits: 1118
CNI International News
အင်ကာရာ၊ ဇွန်လ ၂၇
ယူကရိန်း အကျပ်အတည်းကို အကြောင်းပြု၍ အနောက်အုပ်စုနိုင်ငံများ ရုရှားအပေါ် ဆန့်ကျင်ပိတ်ဆို့ရေး ချမှတ်ကြရာတွင် မိမိတို့နိုင်ငံ ပူးပေါင်းပါဝင်မည် မဟုတ်ကြောင်း တူရကီသမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ အီဘရာဟင်ကလင်းက ဇွန်လ ၂၆ ရက်တွင် ပြောကြားခဲ့သည်ဟု တာ့စ်သတင်းဌာနက ရေးသားဖော်ပြသည်။
“ရုရှားနဲ့ပတ်သက်ပြီး မျှတတဲ့မူဝါဒကို ကျနော်တို့ လုပ်နေပါတယ်။ ကျနော်တို့က ဒဏ်ခတ်ပိတ်ဆို့ဖို့ လှုံ့ဆော်ပေးနေတဲ့ သူတွေနဲ့ မပူးပေါင်းပါဘူး။ ကျနော်တို့ရဲ့ ကိုယ်ပိုင်အကျိုးစီးပွား အတွက်ပဲ လိုက်နာသွားမှာပါ။ လူတိုင်းက ကိုယ့်အပေါ် ထိခိုက် မှု ရှိရင်တော့ ဘယ်သူက ရုရှားနဲ့ သွားစကားပြောတော့မှာလဲဗျာ။ ရုရှားနဲ့ကျနော်တို့ စီးပွားရေးအရ ဆက်ဆံမှုမှာ ရုရှားအကျိုး ထက် ကျနော်တို့ တူရကီအကျိုး ပိုထိခိုက်မယ့် အနေအထား ရှိနေပါတယ်။ အဲဒီတော့ ကျနော်တို့ ရပ်တည်ချက်က ရှင်းပါ တယ်။ အနောက်အုပ်စု သဘောထားအတိုင်း လက်မခံပါဘူး” ဟု ၎င်းက Haberturk ရုပ်သံလိုင်းနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားသွားခဲ့သည်။

ရုရှားရဲ့ ရေနံထိန်းချုပ်ရေး ဆွေးနွေးခဲ့ကြတဲ့ G7 ခေါင်းဆောင်များ (AP)
ရုရှားသည် ယူကရိန်းကို ဖေဖော်ဝါရီလက ကျူးကျော်စစ်ကို စတင်ခဲ့ခြင်းကြောင့် ဉရောပနှင့် အနောက်နိုင်ငံများက စီးပွားရေး ပိတ်ဆို့ အရေးယူမှုများ ချမှတ်လျက်ရှိသလို ပိုမို ပြင်းထန်သည့် ပိတ်ဆို့မှုများ ပြုလုပ်နိုင်ရေး ဆွေးနွေးလျက်ရှိနေကြသည်။
ထို့နောက် အထူးသဖြင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ရနေ ရရှိနေသော အကျိုးအမြတ်များကို ထိန်းချုပ်နိုင်ရန်အတွက် G-7 ခေါင်းဆောင်များ ဆွေးနွေးခဲ့ကြသည်။
Source: တာ့စ်သတင်းဌာန
- By CNI
- Category: နိုင်ငံရေး
- Hits: 1331
CNI International News
ဆာရာဂျေဗို၊ ဇွန်လ ၂၇
ဘော့စနီးယားနိုင်ငံမှ ဆာ့ဘ်ခေါင်းဆောင်က “အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် တကျော့ပြန် အာဏာပြန်ရမည်ဟု မျှော်လင့် ဆုတောင်းမိကြောင်းနှင့် ပူတင်ကို ချီးကျူးခဲ့ကြောင်း ဇွန်လ ၂၆ ရက်တွင် ပြောကြားခဲ့သည်ဟု အေပီသတင်းဌာနက ရေးသားဖော်ပြထားသည်။
ထို့နောက် မီလိုရက်ဒိုဒစ်က ဆာ့ဘ်လူမျိုးများသည် ဘော့စနီးယားမှ ခွဲထွက်ရေးပန်းတိုင် လှမ်းကိုင်နိုင်ရန် သင့်လျော်မည့် ကမ္ဘာ့အခြေအနေကို စောင့်စားနေကြောင်း၊ မိမိနိုင်ငံ အခြေအနေမှာ ရေရှည် မတည်တံ့နိုင်သေးကြောင်း” ပြောကြားခဲ့သည်ဟု အေပီက ဆက်လက် ရေးသားဖော်ပြသည်။
ဆာ့ဘ်ခေါင်းဆောင် မီလိုရက်ဒိုဒစ် (Milorad Dodik) သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ယူကရိန်းသို့ ကျူးကျော်စစ် စတင်ပြီး ကတည်းက ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံဆွေးနွေးနိုင်ခဲ့သည့် ရှားရှားပါးပါး ဥရောပ ခေါင်းဆောင်တစ်ဦးဖြစ် သည်။
မီလိုရက်ဒိုဒစ်သည် လွန်ခဲ့သော အနှစ် ၃၀ ကပင် သွေးထွက်သံယိုမှုများ ပြင်းထန်ခဲ့သည့် ဘော့စနီးယားပ ဋိပက္ခများနှင့် ပတ်သက်၍ အစည်းအဝေးတစ်ခု၌ အထက်ပါအတိုင်း သဘောထား မှတ်ချက်ပေးခဲ့သည်။
ဘော့စနီးယားနိုင်ငံတွင် ၁၉၉၂-၉၅ ခုနှစ်များအတွင်း စစ်ဒဏ် ခံစားခဲ့ရပြီး ယင်းပဋိပက္ခကို အမေရိကန် ကြားဝင်စေ့စပ်မှု မပြီးဆုံးမီအထိ လူပေါင်း ၁ သိန်းကျော် သေကြေပျက်စီးခဲ့ရသည်။

ဆာ့ဘ်ခေါင်းဆောင် မီလိုရက်ဒိုဒစ်နဲ့ ပူတင် (GETTY IMAGES)
အမေရိကန် စေ့စပ်မှုဖြင့် ပေါ်ပေါက်လာသော ဒေတန်သဘောတူညီချက် (Dayton Accords) ငြိမ်းချမ်းရေး စာချုပ်အရ ဘော့စနီးယား ဆာ့ဘ်နှင့် ဘော့စနီးယား ခရိုအေးရှားတို့ ပေါင်းစပ်၍ ဘော့စနီးယား-ခရိုအက် အဖွဲ့အစည်းများ ဖန်တီး ဖြစ်တည်လာခဲ့သည်။ ထိုအဖွဲ့အစည်းများတွင် ပူးတွဲသမ္မတအဖြစ် မီလိုရက်ဒိုဒစ်က တာဝန်ယူခဲ့သည်။
ယခုအခါ ယူကရိန်းသို့ ရုရှားကျူးကျော်စစ် ဂယက်သည် ဘော်လကန်ဒေသ နိုင်ငံများသို့ပါ မငြိမ်မသက် ပျံ့နှံ့သွားစေနိုင်သည် ဟူသော စိုးရိမ်မှုများကို နှိုးဆွပေးခဲ့သည်။ ဘော်လကန်ဒေသတွင် ဆလာဗစ်အနွယ်ဝင် ဆာ့ဘ်လူမျိုးများ (Slavic Serbs) ကြား၌ ရုရှားဩဇာက လွှမ်းမိုးနေဆဲဖြစ်သည်။
ဘော့စနီးယား ဆာ့ဘ်ခွဲထွက်ရေး ဦးဆောင်နေခဲ့သူ ဒိုဒစ်သည် ဆာ့ဘ်လူမျိုးများ အနေဖြင့် ဘော့စနီးယား၌ မိမိတို့ ကံကြမ္မာ အတွက် အရေးကြီးသော ဆုံးဖြတ်ချက်များ မကြာမီ ချမှတ်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
ထို့အတွက် ထရမ့်သည် အမေရိကန်ကို နောက်တစ်ကြိမ် ဦးဆောင်နိုင်ဖို့ မျှော်လင့်ဆုတောင်းမိကြောင်း ဒိုဒစ်က ထုတ်ဖော် ပြောကြားခဲ့သည်။

ဆာ့ဘ်ခေါင်းဆောင် မီလိုရက်ဒိုဒစ် (AP)
“သမိုင်းမှာ ပထမဆုံးအနေနဲ့ ဆာ့ဘ်တွေဟာ အချိန်တစ်ခုကို စောင့်နေပါတယ်။ ဒါ့အတွက် စိတ်ရှည်ရမယ်၊ အချိန်ကာလကို နားလည်ရမယ်။ ဥရောပနိုင်ငံတွေဟာ ပြည်တွင်းရေး ပြဿနာ ကိုယ်စီနဲ့ ရှုပ်ထွေးနေပါတယ်။ ဒေါ်နယ်ထရမ့် အမေရိကမှာ အာဏာပြန်ရပါစေလို့ ဘုရားသခင်ဆီမှာ ဆုတောင်းမိတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
ထရမ့်သည် ၎င်း၏ သမ္မတသက်တမ်းအတွင်း ဘော့စနီးယားနိုင်ငံ မတည်မငြိမ် ဖြစ်စေရန် ဆာ့ဘ်များ၏ လှုပ်ရှားမှုများအပေါ် ဆန့်ကျင်ပြောဆိုခြင်း လွန်စွာနည်းပါးခဲ့သည်။
ဂျိုးဘိုင်ဒန် သမ္မတ ဖြစ်လာပြီးနောက် ဒိုဒစ်သည် ဘော့စနီးယား နယ်မြေ ထက်ဝက်ခန့်ကို ခွဲခြမ်း၍ အိမ်နီးချင်း ဆားဘီးယား နှင့် ပူးပေါင်းရန် ကြွေးကြော်လာသဖြင့် အမေရိကန်နှင့်ဗြိတိန်တို့၏ ပူးပေါင်း ဒဏ်ခတ်ပိတ်ဆို့မှုကို ခံလိုက်ရသည်။
ဒိုဒစ်သည် ယခုလ အစောပိုင်းတွင် ရုရှားနိုင်ငံသို့ သွားရောက်၍ ဗလာဒီမာပူတင်နှင့် တွေ့ဆုံခွင့်ရခဲ့ပြီး ယင်းသို့ တွေ့ဆုံရခြင်း အတွက် မိမိဂုဏ်ယူကြောင်း ဇွန်လ ၂၆ ရက် အစည်းအဝေးတွင် ပြောကြားခဲ့သည်။
“သူက ကျနော့်ကို တစ်ခွန်းပဲ ပြောတယ်ဗျ။ အဲဒါက သူ့ရဲ့မိတ်ဆွေကို ချန်ထားခဲ့မှာ မဟုတ်ဘူးတဲ့။ သူဟာ ကျနော်တို့ကို တစ်ခါမှ ဒုက္ခမပေးဖူးတဲ့ ရုရှားလူမျိုးတစ်ယောက်ပါပဲ” ဟု ဒိုဒစ်က ဖြည့်စွက်ပြောကြားခဲ့သည်။
Source: AP
- By CNI
- Category: နိုင်ငံရေး
- Hits: 1517
CNI International News
ဘာလင်၊ ဇွန်လ ၂၇
ယူကရိန်းကို ကျူးကျော်နေသည့် ရုရှားသည် ရေနံနှင့်သဘာဝဓာတ်ငွေ့ကနေ အကျိုးအမြတ်ရနေခြင်းကြောင့် G-7 ခေါင်းဆောင်များက ရုရှားရေနံဈေးနှုန်းကို ထိန်းချုပ်ရန် ဆွေးနွေးခဲ့ကြသည်ဟု အယ်လ်ဂျာဇီးယားသတင်းတစ်ပုဒ်တွင် တွေ့ရသည်။
ဂျာမနီနိုင်ငံ၊ ဘာဗာရီယန်အဲလ်ပ်စ် တောင်တန်းဒေသတွင် ကျင်းပသည့် G-7 ခေါင်းဆောင်များ အစည်းအဝေးတွင် အထက်ပါ အတိုင်း အဆိုပြု ဆွေးနွေးခဲ့ကြခြင်းဖြစ်ပြီး စွမ်းအင် ဝယ်ယူကြသည့် နိုင်ငံများအနေဖြင့် ဈေးနှုန်း သတ်မှတ်ကြရန် အမေရိကန်က အကြံပေးခဲ့သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ၌ ရုရှားက ယူကရိန်းကို စတင်ကျူးကျော်ခဲ့ရာ အနောက်အုပ်စု နိုင်ငံများက ကိယက်ဗ်မြို့တော်ကို အာရုံ စူးစိုက်ခဲ့ကြသော်လည်း စစ်ပွဲကာလ ၄ လ ကျော်လာသည့်အခါ ငွေကြေးဖောင်းပွမှုနှင့် စွမ်းအင်ဆာလောင်မှု များပြား လာသဖြင့် နိုင်ငံအသီးသီးမှ ပြည်သူများ၏ စည်းလုံးညီညွတ်မှုကို စမ်းသပ်စရာ ဖြစ်လာခဲ့သည်။
ရုရှားကို အနောက်အုပ်စု အပြစ်ပေးရာ၌ ထိရောက်မှု အတိုင်းအတာကို ယူကရိန်းက အားမလို အားမရ ဖြစ်သော်လည်း G-7 နိုင်ငံများမှ ခေါင်းဆောင်များကတော့ အမှန်တကယ် အပြုသဘောဆောင်သည့် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း ဂျာမနီ အစိုးရ သတင်းရင်းမြစ် တစ်ခုကို ကိုးကားလျက် ရိုက်တာသတင်းဌာနက ရေးသားဖော်ပြသည်။

ရုရှားရေနံထုတ်လုပ်မှုကိုတွေ့ရစဉ်(GETTY IMAGES)
“သဘောတူညီချက် တစ်ခုရဖို့ ကျနော်တို့က ကောင်းမွန်တဲ့ လမ်းကြောင်းပေါ် လျှောက်နေပါတယ်” ဟု အဆိုပါ သတင်း ရင်းမြစ်က ပြောကြားခဲ့သည်။
ပါရီအနေဖြင့် ရေနံနှင့်သဘာဝ ဓာတ်ငွေ့ဈေးနှုန်း သတ်မှတ်ချက်ကို တွန်းအားပေးသွားမည်ဖြစ်ပြီး အမေရိကန်၏ အကြံပေး ဆွေးနွေးခြင်းအတွက် လမ်းဖွင့်ထားကြောင်း ပြင်သစ်သမ္မတရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
သို့သော်လည်း G-7 သည် အမြင့်ဆုံး ရေနံဈေး ရရန် လုပ်ဆောင်သွားဖို့ လိုအပ်ကြောင်း၊ ရုရှား အပါအဝင် အိုပက်ပလက်စ် (OPEC+)အဖွဲ့ရှိ ရေနံထုတ်လုပ်သည့် နိုင်ငံများနှင့် ၎င်း၏ မဟာမိတ် အဖွဲ့ဝင်များနှင့် ဝယ်ယူရေး ဆက်လက် ဆွေးနွေးရမှာ ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ထပ်လောင်း ပြောကြားခဲ့သည်။
“ဒါကို အောင်မြင်ဖို့အတွက် အိုပက်ပလက်စ်နဲ့ ရေနံထုတ်လုပ်တဲ့ နိုင်ငံတွေနဲ့ ညှိရဦးမှာပါ” ဟု ၎င်းက ဆက်လက် ပြောကြား ခဲ့သည်။
ယခု နှစ်ကုန်ပိုင်းတွင် ရုရှားထံမှ ရေနံအများဆုံး တင်သွင်းမှုကို တားမြစ်ရန် စီစဉ်နေသည့် ဥရောပသမဂ္ဂ (EU) အနေဖြင့် မော်စကို၏ စွမ်းအင်ဝင်ငွေကို ကန့်သတ်ရန် ရေနံဈေးနှုန်း (သို့မဟုတ်) နှုန်းထားခြွင်းချက်အတွက် အမေရိကန် တွန်းအားပေး မှုအပေါ် မူတည်၍ ကြိုတင် စီမံရဦးမည် ဖြစ်သည်။
နှုန်းထားခြွင်းချက် တစ်ခုကို ရုရှားရေနံ တင်ပို့မှုအတွက် အာမခံခြင်း (သို့မဟုတ်) ငွေကြေးပေးချေမှု ကန့်သတ်ခြင်း (သို့မဟုတ်) တားမြစ် ယန္တရားတစ်ခုခု သုံးစွဲခြင်းတို့မှတဆင့် လုပ်ဆောင်နိုင်ကြောင်း သိရသည်။
Source: Aljazeera
- By CNI
- Category: နိုင်ငံရေး
- Hits: 1443
CNI International News
ဝါရှင်တန်၊ ဇွန်လ ၂၅
Roe v. Wade ပြဋ္ဌာန်းချက်ကို ပြောင်းပြန်လှန်ခဲ့သည့် အမေရိကန် တရားရုံးချုပ်၏ ဇွန်လ ၂၄ ရက် စီရင်ဆုံးဖြတ်ချက်သည် မျိုးဆက် တစ်ဆက်အတွင်း အကြီးမားဆုံး အောင်ပွဲတစ်ခုဖြစ်ကြောင်း သမ္မတဟောင်း ဒေါ်နယ်ထရမ့်က ချီးကျူး ပြောကြား လိုက်သည်။
နိုင်ငံတဝန်း ကိုယ်ဝန်ဖျက်ချခြင်းကို တရားဝင် ခွင့်ပြုခဲ့သော ၁၉၇၃ ခုနှစ်က ဟိုးလေးတကျော် ဖြစ်ခဲ့သည့် အဆိုပါ ပြဋ္ဌာန်း ချက်အား ယခုအခါ ပယ်ဖျက်လိုက်ပြီ ဖြစ်သည်။
တရားရုံးချုပ်၏ အဆိုပါ ဆုံးဖြတ်ချက်နှင့်စပ်လျဉ်း၍ ဥပဒေပိုင်းဆိုင်ရာ ထိန်းညှိပေးဖို့ ပြည်နယ် တရားရေး နယ်ပယ် အသီးသီး ထံသို့ ပေးပို့ခဲ့သည်။
အဆိုပါ ဖွဲ့စည်းထားသော Save America PAC အဖွဲ့၏ ထုတ်ပြန်ချက်ထဲတွင် သမ္မတဟောင်း ဒေါ်နယ်ထရမ့်က “ယနေ့ ဆုံးဖြတ်ချက်သည် မျိုးဆက် တစ်ဆက်အတွင်း အကြီးမားဆုံး အောင်ပွဲတစ်ခုဖြစ်ကြောင်း၊ မကြာသေးမီက ထုတ်ပြန်ခဲ့သော အခြားဆုံးဖြတ်ချက် များနည်းတူ ဖြစ်နိုင်ခြေ အလားအလာ ကောင်းကြောင်း၊ အကြောင်းရင်းမှာ မိမိသည် အမေရိကန် ပြည်ထောင်စု၏ တရား ရုံး ချုပ်ကို အလွန်လေးစားလျက် ခိုင်မာအားကောင်းသော ဖွဲ့စည်းပုံအခြေခံဆိုင်ရာ ဥပဒေပညာရှင် ၃ ဦးကို အမည်စာရင်း တင် သွင်းခြင်း အပါအဝင် ကတိပြုထားသည့် ကိစ္စအားလုံးကို ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း” ထည့် သွင်း ပြောကြားခဲ့သည်။

ကိုယ်ဝန်ဖျက်ခြင်းဆိုင်ရာ လူထုသဘောထား ထုတ်ဖော်နေကြ (AP)
အစောပိုင်း အင်တာဗျူး တစ်ခုတွင်လည်း သမ္မတဟောင်း ဒေါ်နယ်ထရမ့်က တရားရုံးချုပ်ကို ချီးကျူးပြောကြားခဲ့ပြီး ယခု ကဲ့သို့ ဆုံးဖြတ်ပေး ခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုက်နာလျက် ယခင်ကတည်းက ပေးသင့်သည့် အခွင့်အရေးကို ပြန်လည် အပ်နှင်းခြင်း ဖြစ်ကြောင်း မှတ်ချက်ချခဲ့သည်။
“ဒီလို အခွင့်အရေးကို အမြဲတမ်း ပိုင်ဆိုင်ခွင့်ရှိတဲ့ ပြည်နယ်တွေဆီ ပြန်ပို့နိုင်ပါပြီ” ဟု သမ္မတဟောင်း ထရမ့်က Fox News မီဒီယာသို့ ပြောကြားခဲ့သည်။
ရှေးရိုးစွဲ ကွန်ဆာဗေးတစ် ဆန်ခါတင် စာရင်းတွင် ပါဝင်သော တရားရုံး၏ အဆုံးအဖြတ်ထဲ၌ သမ္မတဟောင်း ဒေါ်နယ်ထရမ့် ပါဝင်သလားဟု သတင်းထောက်များက မေးမြန်းရာ သူက “ဘုရားသခင် ဆုံးဖြတ်တဲ့ကိစ္စပါ” ဟု ဖြေကြားခဲ့သည်။

ကိုယ်ဝန်ဖျက်ခြင်းဆိုင်ရာ လူထုသဘောထား ထုတ်ဖော်နေကြ (AP)
သမ္မတဟောင်း ဒေါ်နယ်ထရမ့်သည် ၎င်း၏ သမ္မတ သက်တမ်းအတွင်း ရှေးရိုးစွဲ ကွန်ဆာဗေးတစ် လွှတ်တော် တရားစီရင်ရေး အတွက် ဥပဒေပညာရှင်များ ဖြစ်ကြသည့် နေးလ်ဂေါ်ဆက်၊ ဘရက်ကာဗာနောက်နှင့် အေမီကို နေးဘာရက်တို့ကို တရားရုံး ချုပ်တွင် ခန့်အပ် တာဝန်ပေးခဲ့သည်။
၎င်းထံတွင် ရွေးချယ်စရာ လိုလားသည့် ထောက်ခံမှု တစ်ခုခုအတွက် သတင်းစကား(message) ရှိပါသလားဟု ဆက်လက် မေးမြန်းခဲ့ရာ သမ္မတဟောင်း ဒေါ်နယ်ထရမ့်က “နောက်ဆုံးတော့ ဒါက လူတိုင်းအတွက် အဆင်ပြေစေမယ့်ကိစ္စလို့ ထင်ပါ တယ်” ဟု Fox News သို့ ဖြေကြားခဲ့သည်။
Source: News Max
- By CNI
- Category: နိုင်ငံရေး
- Hits: 2884
CNI International News
ဘေဂျင်း၊ ဇွန်လ ၂၅
တရုတ်သမ္မတ ရှီကျင့်ဖျင်သည် လာမည့်သီတင်းပတ်၌ ဗြိတိန်ကိုလိုနီအဖြစ်မှ တရုတ်ပြည်မကြီး လက်ဝယ်သို့ ဟောင်ကောင်ကျွန်း လွှဲပြောင်းရယူခြင်း ၂၅ နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ် ဂုဏ်ပြုရန်အတွက် ဟောင်ကောင်သို့ သွားရောက်မည် ဖြစ်ကြောင်း အေပီသတင်းဌာနက ရေးသားဖော်ပြသည်။
ဝါရှင်တန်၊ ဥရောပနိုင်ငံများနှင့် တင်းမာမှုများရှိလျက် ဟောင်ကောင် ဒီမိုကရေစီအရေး လှုပ်ရှားမှုကို ဖြိုခွင်းပြီးနောက် ယခု ကဲ့သို့ ရှီကျင့်ဖျင်၏ ခရီးစဉ် ပေါ်ပေါက်လာခဲ့သည်။
ရှီကျင့်ဖျင်သည် ဟောင်ကောင်မြို့တော်တွင် နှစ်ပတ်လည် အစည်းအဝေးနှင့် ဟောင်ကောင် အစိုးရသစ် အမှုဆောင်ချုပ် ဂျွန်လီ၏ ပထမဆုံး အစည်းအဝေးများသို့ တက်ရောက် သွားမည်ဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနက ဇွန်လ ၂၄ ရက်တွင် ကြေညာခဲ့သည်။
အာဏာရ ကွန်မြူနစ်ပါတီ၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ သမ္မတ ရှီကျင့်ဖျင်သည် ဟောင်ကောင် ကျွန်းပေါ်တွင် အချိန်မည်မျှနေထိုင်မည် (သို့မဟုတ်) အခြား သတင်းအချက်အလက် အသေးစိတ်ကိုတော့ ဆင်ဟွာသတင်း၌ မတွေ့ရပေ။
ရှီကျင့်ဖျင်သည် ပြီးခဲ့သည့် ၂ နှစ်ခွဲ ကာလအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ စတင်ဖြစ်ပွားစဉ် ကတည်းက တရုတ် ပြည်မကြီး၏ အပြင်ဘက်သို့ သွားလာရသည့် နိုင်ငံခြားခရီးစဉ်များကို ရှောင်ရှားခဲ့သည်။
ယခုနှစ်အတွင်း ကူးစက်ရောဂါ တကျော့ပြန် ဖိစီးလာမှုကို ထိန်းချုပ်ရန် ကြိုးစားနေရသည့် ဟောင်ကောင်သို့ သွားရောက်မည့် ရှီကျင့်ဖျင်၏ ဆုံးဖြတ်ချက်သည် အဆိုပါ နှစ်ပတ်လည်နေ့၏ အရေးပါမှုကို ထင်ဟပ်နေစေသည်။

ဟောင်ကောင် ဒီမိုကရေစီအရေးတောင်းဆိုမှု (GETTY IMAGES)
တရုတ် မူဝါဒအောက်၌ စစ်ရေး တည်ဆောက်မှုနှင့် ပြည်ပတွင် ပိုမိုခိုင်မာလာစေဖို့အတွက် အမျိုးသားရေး သွေးသစ်လောင်းမှု ကို ဦးတည်သွားရန် ရှီက လိုလားနေသည်။
ဒီမိုကရေစီ လိုလားသည့် စိတ်ဓာတ်များကို ဟောင်ကောင် လုံခြုံရေးအကြီးအကဲဟောင်း ‘လီ’ ဦးဆောင်ခဲ့သည့် ဖြိုခွင်းမှုအပြီး အထက်ပါအတိုင်း ဟောင်ကောင် ၂၅ နှစ်ပြည့် အထိမ်းအမှတ်ပွဲ ကျင်းပရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။
ပြည်မကြီး လိုလားသည့် ဟောင်ကောင် အာဏာပိုင်များသည် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများကို ထောင်ဒဏ် ချမှတ်ခြင်း၊ မြို့တော်၏ အထင်ရှားဆုံး ဒီမိုကရေစီ လိုလားသည့် သတင်းစာတိုက်များကို ပိတ်ပင်ခြင်းတို့ ပြုလုပ်ခဲ့သည်။
၂၀၂၀ ပြည့်နှစ်တွင် ပြဋ္ဌာန်းခဲ့သော ပြည်မကြီး၏ အမျိုးသားလုံခြုံရေး ဥပဒေအောက်၌ ဖိနှိပ်ချုပ်ချယ်မှု ရှိနေသဖြင့် ဟောင်ကောင် အခြေစိုက် နေထိုင်သူအချို့ကို ထိုင်ဝမ်၊ ဗြိတိန်နှင့် အခြားနိုင်ငံများသို့ ပြောင်းရွှေ့နေထိုင်ရန် စေ့ဆော်ပေးခဲ့ သည်။
တစ်ချိန်တည်းမှာပင် အာဏာရပါတီသည် ဟောင်ကောင်၏ ကမ္ဘာ့စီးပွားရေးနှင့် ဘဏ္ဍာရေး အချက်အချာကျသည့် နေရာ အဆင့်အတန်းကို ဖျက်ဆီးနေပြီဖြစ်ကြောင်း သတိပေးသံများ ကျယ်လောင်သွားခဲ့သည်။
Source: AP
- By CNI
- Category: နိုင်ငံရေး
- Hits: 1300
CNI International News
ဝါဂါဒူဂူ၊ ဇွန်လ ၂၅
သူပုန်များအပေါ် စစ်ဆင်ရေးမစတင်မီ နိုင်ငံမြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသခံအရပ်သားများ ဘေးလွတ်ရာ တိမ်းရှောင်နေကြရန် ဘာကီနာဖာဆိုစစ်တပ်က သီတင်းနှစ်ပတ်ကြာ အချိန်ပေးထားကြောင်း အယ်လ်ဂျာဇီးယား သတင်းဌာနက ရေးသားဖော်ပြသည်။
ယခု ဇွန်လ ၁၁ ရက်၌ သူပုန်များ၏ အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် အရပ်သား ၁၀၀ ထက်မနည်းသေဆုံးပြီး ထောင်နှင့်ချီ၍ နေအိမ်စွန့်ခွာထွက်ပြေးခဲ့ရသဖြင့် အထက်ပါအတိုင်း စစ်တပ်က ဘေး လွတ်ရာ ကြိုတင်တိမ်းရှောင်နေကြရန် အမိန့်တစ်ရပ် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အနောက်အာဖရိကဒေသရှိ ဘာကီနာဖာဆိုနာနိုင်ငံ၏ စစ်တပ်သည် အရပ်သားများအပေါ် ကျရောက်မည့် အန္တရာယ်ကို ကာကွယ်ရန်အတွက် စစ်ရေးဇုန်နှစ်ခုမှ အဆောတလျင်ထွက်ခွာကြဖို့ ယခုသီတင်းပတ်၌ အမိန့် ထုတ်ခဲ့သည်။ သို့သော် မည်မျှကြာအောင် တိမ်းရှောင်ရမည် (သို့မဟုတ်) မည်သည့်နေရာသို့ တိမ်းရှောင် ရမည်တို့ကိုမူ ယင်းအမိန့်၌ မဖော်ပြထားပေ။
စစ်ရေးဇုန်များထဲမှ တစ်ခုသည် မြောက်ပိုင်းခရိုင် ဆိုရန် (Soum) ဒေသဖြစ်သည်။ ယင်းဒေသသည် အိမ်နီးချင်း မာလီနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေပြီး ခန့်မှန်းခြေ စတုရန်းကီလိုမီတာ ၂,၀၀၀ (၇၇၂ စတုရန်းမိုင်) ကျယ်ဝန်း သော ကျေးလက်ဒေသဖြစ်သည်။
အခြားစစ်ရေးဇုန်သည် ဘီနင်နိုင်ငံနှင့် ထိစပ်နေသော တောင်ဘက်နယ်စပ်ဒေသဖြစ်ပြီး ၁၁,၀၀၀ စတုရန်း ကီလိုမီတာ (၄၂၄၇ စတုရန်းမိုင်) ခန့် ကျယ်ဝန်းလျက် နယ်မြေအစိတ်အပိုင်းအတော်များများမှာ အမျိုးသား ဥယျာဉ်အဖြစ် သတ်မှတ်ထားသည်။

ဘာကီနာဖာဆိုစစ်တပ် တင့်ကားများကိုတွေ့ရစဉ်(ဓါတ်ပုံ- Getty)
“ဘေးကင်းတဲ့ဇုန်တွေထဲကို ရွှေ့ဖို့က ၁၄ ရက်လောက် ကြာလိမ့်မယ်” ဟု ဘာကီနာဖာဆိုစစ်တပ်၏ ပြောရေး ဆိုခွင့်ရှိသူ ယက်ဒီဒီးယားဘာမွာနီ (Yves Didier Bamouni) က ဇွန်လ ၂၄ ရက် သတင်းစာရှင်းလင်းပွဲ၌ ပြောကြား ခဲ့သည်။
“မိတ်ဆွေနှင့် ရန်သူကို ခွဲခြားသိမြင်နိုင်စေဖို့ အင်မတန်အရေးကြီးပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြား ခဲ့သော်လည်း အသေးစိတ်အချက်အလက်များ ထုတ်ဖော်ခြင်းမရှိပေ။
နိုင်ငံ၏ဧရိယာ ၆၀ ရာခိုင်နှုန်းကိုသာ ဘာကီနာဖာဆိုအာဏာပိုင်များက ထိန်းချုပ်ထားနိုင်ကြောင်း၊ ကျန်ရှိ သည့်ဧရိယာအားလုံးမှာ အစိုးရထိန်းချုပ်မှု၏ပြင်ပသို့ ရောက်ရှိနေကြောင်း၊ ပြည်တွင်း၌ လုံခြုံရေး၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာပြဿနာများ၊ နိုင်ငံရေး၊ စီးပွားရေးအကျပ်အတည်းနှင့် ရင်ဆိုင်နေရကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
စစ်ဘေးရှောင်သူများကို အစိုးရက ပံ့ပိုးပေးမည်ဟု စစ်တပ်သတင်းရင်းမြစ်များက ပြောသော်လည်း ဘေးလွှတ်ရာ ရွှေ့ပြောင်းစေလိုသည့် လျာထားသောနေရာများ၌ လူဦးရေ မည်မျှ ခိုလှုံနိုင်မည်ဟု မသိရှိရကြောင်း ရိုက်တာ သတင်းဌာနက ဖော်ပြခဲ့သည်။
ထို့ပြင် ရိုက်တာက ဆက်သွယ်မေးမြန်းချက်ကိုလည်း ဘာကီနာဖာဆို အစိုးရက ချက်ချင်းတုံ့ပြန်ဖြေကြားခြင်း မရှိပေ။
ဘာကီနာဖာဆိုနိုင်ငံသည် အနောက်အာဖရိကဒေသတွင်း၌ သူပုန်များ ဆက်တိုက်နှိမ်နင်းနေရဆဲဖြစ်သည်။ သူပုန်အဖွဲ့အချို့သည် ၂၀၁၅ ခုနှစ်ကတည်းက အယ်လ်ကိုင်းဒါးနှင့် အိုင်အက်စ်စစ်သွေးကြွများကို ချိတ်ဆက် ထားသည်။
Source: Aljazeera
- By CNI
- Category: နိုင်ငံရေး
- Hits: 1366
CNI International News
ကွီတို၊ ဇွန်လ ၂၅
ပြည်လုံးကျွတ် သပိတ်ဆင်နွှဲရန် ဦးဆောင်နေသည့် ဌာနေတိုင်းရင်းသား ခေါင်းဆောင်သည် နိုင်ငံ့အာဏာသိမ်းရန် ကြိုးပမ်းနေကြောင်း အီကွေဒေါသမ္မတက ဇွန်လ ၂၄ ရက်တွင် စွပ်စွဲလိုက်သည်။
သပိတ်မှောက် ဆန္ဒပြခြင်းများမှ ပေါ်ပေါက်လာမည့် အကြမ်းဖက်မှုများကို ထိန်းသိမ်းရန်အတွက် တရားရေးဆိုင်ရာ ယန္တရား အားလုံးကို သုံးသွားမည်ဟုလည်း အီကွေဒေါသမ္မတ တစ်ဆက်တည်း သတိပေးခဲ့သည်။
ရုပ်သံလိုင်းမှ ထုတ်လွှင့်ခဲ့သော မိန့်ခွန်းထဲတွင် သမ္မတ ဂွဲလာမိုလက်ဇိုက “ဌာနတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ပြည်ထောင်စုခေါင်းဆောင် လီယိုနီဒက်အီဇာ အနေဖြင့် လက်ရှိအစိုးရကို ဖြုတ်ချရန် ဦးတည် ကြိုးစားနေကြောင်း” အတိ အလင်း ပြောကြားခဲ့သည်။
သို့သော် တိုင်းရင်းသားများ၏ ၁၃ ရက်မြောက် ဆန္ဒပြပွဲများ အဆုံးသတ်ရေး ဆွေးနွေးမှုတွင် မိမိပါဝင်လိုသည့် ဆန္ဒရှိကြောင်း သမ္မတလက်ဇိုက ထပ်လောင်း ပြောကြားခဲ့သည်။
“အခု အကြမ်းဖက် ဆန္ဒပြနေတဲ့သူတွေရဲ့ ရည်ရွယ်ချက် အစစ်အမှန်က အာဏာသိမ်းဖို့ ဦးတည်နေတယ်ဆိုတာ သက်သေပြ နေပါတယ်။ ဒါကြောင့် အီကွေဒေါမှာ ဒီမိုကရေစီအရေး မတည်မငြိမ်ဖြစ်အောင် အခုလို ကြိုးစားနေတဲ့အပေါ် သတိပေးတဲ့ အကြောင်း နိုင်ငံတကာ အသိုင်းအဝိုင်းကိုလည်း ပန်ကြားလိုပါတယ်” ဟု လက်ဇိုက ဆက်လက် ပြောကြားခဲ့သည်။

အီကွေဒေါ သမ္မတ ဂွဲလာမိုလက်ဇို (Reuters)
“မစ္စတာအီဇာ(တိုင်းရင်းသားခေါင်းဆောင်) က အခြေအနေကို မထိန်းနိုင်တော့ဘူးဗျ။ ရာဇဝတ်မှု ကျူးလွန်တဲ့သူတွေ လက်ထဲ ရောက်ပြီး အကြမ်းဖက်မှု ထိုးဖောက်လာပြီ” ဟု ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။
ဓါတ်ဆီဈေးနှုန်းကို ၄၅ ဆင့်မှ ၂ ဒသမ ၁၀ ဒေါ်လာအထိသာ သတ်မှတ်ပေးရန်၊ စိုက်ပျိုးရေး ထွက်ကုန်များ ဈေးနှုန်းထိန်းရန် နှင့် ပညာရေးဘတ်ဂျက် ပိုမိုထုတ်ပေးရန် စသည့် တောင်းဆိုချက်များဖြင့် ဇွန်လ ၁၄ ရက်တွင် စတင်ခဲ့သော ဆန္ဒပြပွဲများကို တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီက ဦးဆောင်ခဲ့သည်။
တောင်အမေရိကတိုက်တွင် တည်ရှိသော အီကွေဒေါနိုင်ငံတွင် မြောက်ဘက်နှင့် အလယ်ပိုင်းရှိ ပြည်နယ် ၆ ခုတွင် ဆန္ဒပြပွဲ များ အထူးပြင်းထန်လာခဲ့သည်။
ကွီတိုမြို့တော်ရှိ အမျိုးသားလွှတ်တော်အနီး ဆန္ဒပြပွဲ၌ ပါဝင်ခဲ့သူတစ်ဦးမှာ ရင်ဘတ်နှင့်ဝမ်းဗိုက် ဒဏ်ရာရခဲ့ကြောင်း၊ အခြား ဒဏ်ရာရသူပေါင်း ၁၀၀ ခန့်ရှိကြောင်း ဖက်ဒရယ်ကောင်စီက ဇွန်လ ၂၃ ရက်တွင် ကြေညာခဲ့သည်။
ဆန္ဒပြသူများ၏ တုံ့ပြန် တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် အချို့လည်း ဒဏ်ရာရခဲ့ကြောင်း အီကွေဒေါရဲက တွစ်တာ လူမှုကွန် ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ပါချက်တစ်ဟု ထင်ရှားသည့် ဖက်ဒရယ်ကောင်စီအဖွဲ့ချုပ်မှ နိုင်ငံရေးဝါဒရေးရာ ညှိနှိုင်းရေးမှူး မာလွန်ဆန်တီ (Marlon Santi) က “ယခု ဆန္ဒထုတ်ဖော်မှုများသည် ကျနော်တို့၏ ရုန်းကန်မှု စိတ်ဓာတ်ဟု ယုံကြည်သဖြင့် အစိုးရက တိုင်းရင်းသား များ၏ တောင်းဆိုချက်များကို ဖြည့်ဆည်းပေးရန် လူမှုကွန်ရက်မီဒီယာပေါ်တွင် တောင်းဆိုသည်” ဟု ရေးသားလွှင့်တင်ခဲ့ သည်။
Source: AP
- By CNI
- Category: နိုင်ငံရေး
- Hits: 1184
CNI International News
တိုင်ပေ၊ ဇွန်လ ၂၄
ဆတ်ဆတ်ထိမခံသည့် တရုတ်ကွန်မြူနစ်ပါတီအကြောင်း စာအုပ်များ ရောင်းချမှုကြောင့် ၅ လကြာ အဖမ်းခံရဖူးသူ ဟောင်ကောင် စာအုပ်ပိုင်ရှင် လမ်ဝင်ကီးအတွက် ထိုင်ဝမ်သို့ ရောက်လာဖို့ အကြောင်းပြချက်က ခိုင်ခိုင်လုံလုံဖြစ်နေသည်။
ဟောင်ကောင်မှ မိုင် ၄၀၀ သာဝေးသည့် ထိုင်ဝမ်ကျွန်းသည် ပထဝီဝင် အနေအထားသာမက ဘာဘာစကားနှင့် ယဉ်ကျေးမှု အရပါ နီးစပ်လွန်းလှသည်။
ဟောင်ကောင် သားများအတွက် ၎င်းတို့မွေးရပ်မြေတွင် ပျောက်ဆုံးသွားသည်မှာ ကြာမြင့်ပြီဖြစ်သည့် လွတ်လပ်ခွင့် အရသာ ကို ထိုင်ဝမ်ကျွန်းရောက်မှ တွေ့ထိခံစားရလေသည်။
လမ်ဝင်ကီးသည် ၂၀၁၉ ခုနှစ်တွင် ထိုင်ဝမ်သို့ ပြောင်းရွှေ့ခဲ့ပြီး မြို့တော်တိုင်ပေတွင် သူ့စာအုပ်ဆိုင်ကို ပြန်လည် ဖွင့်လှစ်ပေးခဲ့ ရာ ဟောင်ကောင်မှ ပြောင်းရွှေ့ အခြေစိုက်ခြင်းဟူသော လှိုင်းလုံးတစ်ခု၏ နိဒါန်းဟု ပြော၍ ရသည်။ ဗြိတိသျှကိုလိုနီဟောင်း ဖြစ်သော ဟောင်ကောင်ကျွန်းသည် တရုတ်ဗဟိုအစိုးရနှင့် ကွန်မြူနစ်ပါတီ၏ ချုပ်ချယ်မှုအောက်တွင် လုံးဝရောက်နေပြီ ဖြစ် သည်။
“ဟောင်ကောင်မှာ ဒီမိုကရေစီမရှိဘူး။ လွတ်လပ်ခွင့်တောင် ပျောက်နေပြီ။ အင်္ဂလိပ်တွေ ဟောင်ကောင်ကို အုပ်ချုပ်နေတုန်း က စစ်မှန်တဲ့ ဒီမိုကရေစီ (ဒါမှမဟုတ်) မဲပေးပိုင်ခွင့်တောင် မရှိဘူးဆိုတာ ဟုတ်ပါတယ်။ ဒါပေမယ့် အင်္ဂလိပ်က ဟောင်ကောင် မှာ လွတ်လွတ်လပ်လပ် နေလို့ရအောင် ထားခဲ့တယ်” ဟု လမ်က အင်တာဗျူးတစ်ခုတွင် ပြောခဲ့သည်။
လာမည့် ရက်သတ္တပတ်ဆိုလျှင် ဟောင်ကောင်ကျွန်းကို တရုတ်လက်သို့ ပြန်လည်ရောက်ရှိခြင်း ၂၅ နှစ်ပြည့် နှစ်ပတ်လည် အဖြစ် ဟောင်ကောင်နှင့် တရုတ်ခေါင်းဆောင်တို့ အထိမ်းအမှတ်တစ်ခုခု ပြုကြမည်ဖြစ်သည်။
ကျွန်းကို လွှဲပြောင်းစဉ်က အချို့က တရုတ်ကို အခွင့်အရေးတစ်ခုပေးဖို့ ဆန္ဒရှိခဲ့ကြသည်။ တရုတ်ကလည်း “တစ်နိုင်ငံ၊ စနစ် နှစ်မျိုး” မူဘောင်အောက်တွင် မြို့တော်ကို အနှစ် ၅၀ တိုင်အောင် အုပ်ချုပ်ပါမည်ဟု ကတိပြုခဲ့သည်။
ထိုကတိစကား၏ ဆိုလိုရင်းမှာ ဟောင်ကောင်သည် တရုတ်ပြည်မကြီးတွင် မပေးနိုင်သည့် ကိုယ်ပိုင်တရားဥပဒေ၊ နိုင်ငံရေး စနစ်နှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ဆက်ထားပေးမည်ဟူသော သဘောရသည်။
သို့သော် နောက်ပိုင်း ဆယ်စုနှစ်များအတွင်း ဟောင်ကောင်၏ အနောက်တိုင်းပုံစံ လစ်ဘရယ် တန်ဖိုးများနှင့် ပြည်မကြီး၏ အာဏာရှင် နိုင်ငံရေးစနစ်တို့ကြားတွင် တင်းမာမှု တစတစ ကြီးထွားလာခဲ့သည်။ ၂၀၁၉ ခုနှစ် အရောက်တွင်တော့ ဒီမိုကရေစီ လိုလားသည့် ဆန္ဒပြပွဲများ ပေါ်ပေါက်လာခြင်းဖြင့် အဆုံးစွန်ဆုံး ကြီးထွားလာခဲ့လေသည်။
သည့်နောက်တွင် တရုတ်အစိုးရသည် ဟောင်ကောင်ရှိ တက်ကြွလှုပ်ရှားသူများနှင့် အခြားသူများကို ဖမ်းဆီးနိုင်မည့် ခြိမ်းခြောက်စရာ တစ်ခုအဖြစ် အမျိုးသားလုံခြုံရေးဥပဒေသစ်ကို ရေးဆွဲချပြလာခဲ့သည်။
ဟောင်ကောင်၏ မြို့ပြအသွင်အပြင်မှာ မပြောင်းလဲဘဲ ကောင်းဆဲဖြစ်သည်။ ကုန်တိုက်များ စည်စည်ကားကား ဖွင့်ထားပြီး မိုးမျှော်တိုက်များ ဖွေးဖွေးလှုပ်နေသည်။
သို့သော် ယမန်နှစ်က ထိုင်ဝမ်သို့ ပြောင်းသွားခဲ့သည့် နာမည်ကျော် အနုပညာရှင် ကေစီဝေါင် (Kacey Wong) က “ဟောင် ကောင် တွင် အဖမ်းအဆီး ကြမ်းနေခြင်းနှင့် သူ့ သူငယ်ချင်းများ ယခု ထောင်နန်းစံ နေရသဖြင့် ရတက်မအေးဖြစ်နေရ ကြောင်း” ပြောကြားခဲ့သည်။
“အပြင်မှာ ဆိပ်ကမ်း နေဝင်ချိန်က လှနေသေးတယ်။ ဒါပေမယ့် ဒါလေးကိုပဲ ကြည့်ပြီး ခင်ဗျား လွတ်လပ်နေသေးတယ်လို့ ထင်ရင် မှားလိမ့်မယ်။ တကယ်တော့ ခင်ဗျားအတွက် လွတ်လပ်တာ မရှိဘူး။ အစိုးရက ခင်ဗျားကို စောင့်ကြည့်နေတယ်။ လျှို့ဝှက်လိုက်နေပါတယ်” ဟု ကေစီဝေါင်က ပြောသည်။
သူ့အဖို့ ထိုင်ဝမ်တွင် လုံခြုံသည်ဟု ခံစားရသော်လည်း ပြည်နှင်ဒဏ်ခံရသည့် ဘဝမှာတော့ အဆင်ပြေ ချောမွေ့လှသည်တော့ မဟုတ်ပါ။ ဟောင်ကောင်နှင့် ဆင်တူသော်လည်း ထိုင်ဝမ်ရှိ သူ့အိမ် အသစ်ကတော့ သူ့အတွက် သူစိမ်းပြင်ပြင် ဖြစ်နေသလို ခံစားရသည်။ သူသည် ထိုင်ဝမ်ဘာသာစကားဖြစ်သည့် ဖူဂျီယန်ဒေသိယစကားကို ကောင်းကောင်း မပြောတတ်ပေ။

ဟောင်ကောင်ကနေ ထိုင်ဝမ်ကို ရွှေ့ပြောင်းခဲ့တဲ့ ကေစီဝေါင် (AP)
ပြီးတော့ သူရောက်နေသည့် ကျွန်းသည် သူကျောခိုင်း ထွက်ခွာလာခဲ့သည့် ငွေကြေးမြို့တော် ဟောင်ကောင်နှင့် မတူညီသည် က အများကြီး ရှိလေသည်။
ထိုင်ဝမ်သို့ ရောက်ပြီးခါစ ၆ လအတွင်း သူသည် ခရီးသွား ဧည့်သည် တစ်ယောက်လိုပင် ဖြစ်နေခဲ့ပြီး မိမိဘာသာ ရွှေ့ပြောင်း နေထိုင်ခြင်း၏ အရသာ သတိပြုမိကြောင်း ကေစီဝေါင်က ပြောကြားခဲ့သည်။
“နေရာတွေ၊ လမ်းတွေ၊ လူတွေနဲ့ ဘာသာစကားက အစိမ်းသက်သက်ပဲ။ ကျနော့်တိုက်အောက်က ဆိုင်နဲ့တောင် သိပ်မရင်းနှီး သေးဘူး” ဟု သူက ပြောပြသည်။
လမ်ဝင်ကီး (သို့မဟုတ်) ကေစီဝေါင်တို့ထက် ထင်ရှားသည့် အခြားပြည်ပြေးများသည် နေထိုင်ပုံ စနစ်တစ်ခုကို လမ်းညွှန်စနစ် သစ်တစ်ခု အမှန်ပင် လိုအပ်သည်။ လက်ရှိ လမ်းညွှန်စနစ်ဟောင်းသည် ဒုက္ခသည်များနှင့် ခိုလှုံခွင့် ရှာသူများအတွက် ဥပဒေ (သို့မဟုတ်) အုပ်ချုပ်ရေးယန္တရား မပါသလို အမြဲတမ်းပျူငှာစွာ ကြိုဆိုခြင်း မပါဝင်ပေ။
ထိုင်ဝမ်ကျွန်းကို ၎င်း၏ပြည်နယ် အစိတ်အပိုင်းဖြစ်ကြောင်း အခိုင်အမာ ပြောကြားလာသော ဘေဂျင်းကြောင့် ထိုင်ဝမ်၏ လုံခြုံရေး အန္တရာယ် ပိုများလာခဲ့သည်။
ထိုင်ဝမ်ပြဿနာကို ပိုမိုရှုပ်ထွေးစေသည်က ဟောင်ကောင်တွင် ဘေဂျင်း၏ ဩဇာ လွှမ်းမိုးမှု ကြီးထွားလာသည့် အကြောင်းတရားလည်း ပါဝင်နေသည်။
ဥပမာအားဖြင့် အစိုးရကျောင်းဆရာများနှင့် ဆရာဝန်များ ကဲ့သို့သော လူပုဂ္ဂိုလ်အချို့သည် ဟောင်ကောင် အစိုးရအတွက် အလုပ်လုပ်ခဲ့ဖူးသဖြင့် ထိုင်ဝမ်တွင် အမြဲတမ်းနေထိုင်ခွင့် ငြင်းပယ်ခံခဲ့ရကြောင်း ဟောင်ကောင် ပြင်ပရောက်သူများအဖွဲ့ (Hong Kong Outlanders) မှ အထွေထွေအတွင်းရေးမှူး Sky Fung က ပြောပြသည်။
ထိုအဖွဲ့သည် ထိုင်ဝမ်ရောက် ဟောင်ကောင်သူ၊ ဟောင်ကောင်သားများအတွက် ထောက်ခံအားပေးနေသည့် အဖွဲ့ဖြစ်သည်။
အခြားသူများအတွက်လည်း ပိုမိုတင်းကျပ်သော လိုအပ်ချက်များနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပြည်ဝင်ခွင့်ဗီဇာများ လျှောက်ထား ရာ၌ နှေးကွေးနေသဖြင့် ရုန်းကန်ကြိုးစားနေရသည်။
ဘာသာစကားနှင့် ယဉ်ကျေးမှုအရ ဟောင်ကောင်သားများနှင့် ထိုင်ဝမ်တို့ ပိုမိုနီးကပ်သော်လည်း ဗြိတိန်နှင့် ကနေဒါတို့ သွား နေလိုလျှင် ပိုမိုရှင်းလင်းသော လူဝင်မှုကြီးကြပ်ရေး လမ်းကြောင်းကလည်း အသင့်နေရှိသဖြင့် အချို့က လွန်ခဲ့သည့် တစ်နှစ် အတွင်း ထိုင်ဝမ်ကို ကျောခိုင်း ထွက်ခွာကြရန် ရွေးချယ်ခဲ့ကြပြန်သည်။
သို့ဖြစ်၍ ထိုင်ဝမ်သည် ဟောင်ကောင်မှ ထူးချွန်သူများကို ထိန်းသိမ်းရန် ရွှေရောင် အခွင့်အရေးကို လက်လွတ်သွားကြောင်း ကေစီဝေါင်က ပြောကြားခဲ့သည်။
ထိုင်ဝမ်အမျိုးသား လူဝင်မှုကြီးကြပ်ရေးဌာန၏ အဆိုအရ ယမန်နှစ်တွင် ဟောင်ကောင်သား ၁၁,၀၀၀ ခန့် ထိုင်ဝမ်တွင် နေထိုင်ခွင့်ရခဲ့ရာ ထိုအထဲမှ ၁၆၀၀ သည် အမြဲတမ်း နေထိုင်ခွင့်ရခဲ့ကြောင်း သိရသည်။
တရုတ်၏ ဖြိုခွင်းမှုကို လက်တုံ့ပြန်သည့် အနေဖြင့် ယမန်နှစ်တွင် ဟောင်ကောင်နိုင်ငံကူး လက်မှတ် ကိုင်ဆောင်ထားသူများ နေထိုင်ခွင့် လျှောက်ထားသူ လူဦးရေ ၉၇,၀၀၀ ကို ဗြိတိန်နိုင်ငံက ခွင့်ပြုပေးခဲ့သည်။
မည်သို့ပင်ဆိုစေ အတိတ်၏ အရိပ်များကြောင့် တိုက်ရိုက် မလုပ်ပေးနိုင်သည့်တိုင် နေထိုင်ခွင့်ကိစ္စ မပြည့်စုံသော ထိုင်ဝမ်သည် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများအတွက် ၎င်းတို့အလုပ် ဆက်လုပ်နိုင်ဖို့ အခွင့်အရေးတော့ ပေးနေသည်။
လမ်ဝင်ကီးသည် ၂၀၁၆ ခုနှစ်၌ တရုတ်လုံခြုံရေးအေးဂျင့်များ၏ ဖမ်းဆီးခံရသော ဟောင်ကောင် စာအုပ်ရောင်းသူ ၅ ဦးထဲမှ တစ်ဦးဖြစ်သည်။
သူသည် ၁၉၈၉ ခုနှစ်၊ ဘေဂျင်းမြို့၊ တီအန်နန်မင် ရင်ပြင်၌ ဒီမိုကရေစီအရေး ဆန္ဒပြသူများကို သွေးထွက်သံယိုဖြိုခွင်းမှု နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ယခုလဆန်း ဇွန်လ ၄ ရက်၌ ကျင်းပပြီးစီးခဲ့သော အောက်မေ့ဖွယ် အခမ်းအနားသို့ တက်ရောက်ခဲ့သည်။ ထို့ပြင် တရုတ်ပြည်မကြီး ဆန့်ကျင်ရေး ဆန္ဒပြပွဲများသို့လည်း မကြာခဏ သူ ရောက်လေ့ရှိသည်။
တီအန်နန်မင် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုအကြောင်း အထိမ်းအမှတ်ပွဲကို မကြာသေးမီ ကာလအထိ ဟောင်ကောင်နှင့် မကာအို ကျွန်းတို့တွင် ပိတ်ပင်တားဆီးခဲ့သည်။
“ဟောင်ကောင်သား တစ်ယောက်အနေနဲ့ ကျနော်တို့ ခုခံတွန်းလှန်မှုကို မရပ်တန့်ခဲ့ဘူး။ ထိုင်ဝမ်မှာ လုပ်စရာရှိတာတွေ အမြဲ တမ်း ဆက်လုပ်နေပြီး အခမ်းအနားတွေတိုင်း ကျနော် ပါခဲ့တယ်။ ဒီတိုက်ပွဲကို အရှုံးမပေးခဲ့ဘူး” ဟု လမ်ဝင်ကီးက ပြောကြား ခဲ့သည်။
Source: AP
- By CNI
- Category: နိုင်ငံရေး
- Hits: 1662
CNI International News
ဝါရှင်တန်၊ ဇွန်လ ၂၄
နောက်ထပ် တာဝေးပစ် ဒုံးကျည်စနစ်များ အပါအဝင် ယူကရိန်းနိုင်ငံသို့ စစ်ရေးအကူအညီ ဒေါ်လာ သန်း ၄၅၀ တန်ဖိုး ထပ်မံ ပေးအပ်သွားမည်ဖြစ်ကြောင်း အမေရိကန်အစိုးရ တာဝန်ရှိသူများက ဇွန်လ ၂၃ ရက်တွင် ပြောကြားခဲ့သည်ဟု ရိုက်တာ သတင်းအရ သိရသည်။
လက်ရှိ အခြေအနေတွင် မော်စကို(ရုရှား) တပ်များသည် ဒွန်ဘတ်စ် စက်မှုဒေသကို သိမ်းပိုက်ရန် အပြင်းအထန် ကြိုးပမ်းနေ ပြီး ယူကရိန်းအရှေ့ဘက်ခြမ်း၌ ထိုးစစ်ဆင်လျက်ရှိသည်။ ထိုဒေသ၌ ယူကရိန်းတပ်ဖွဲ့ဝင် အချို့မှာ ရုရှားသံချပ်ကာ ယာဉ်များ ၏ ဝိုင်းရံပိတ်ဆို့ ခံရမည်ကို စိုးရိမ်နေကြသည်။
ယခုနောက်ဆုံး အမေရိကန် ပေးပို့သော လက်နက်ပံ့ပိုးမှုသည် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၄၅၀ ရှိပြီး နောက် ထပ် HIMARS (ဟီမားစ်) အဆင့်မြင့် ဒုံးကျည်စနစ်များ၊ ကမ်းရိုးတန်းနှင့်မြစ်ကြောင်း ကင်းလှည့်ရေယာဉ် ၁၈ စင်းနှင့် ကျည် ဆန် ထောင်နှင့်ချီ၍ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
စစ်ရေး အကူအညီတိုင်း၌ လိုအပ်ချက်များကို အကောင်းဆုံး ဖြည့်ဆည်းပေးနိုင်သည့် လက်နက် အမျိုးအစားသိရှိရန် ဝါရှင်တန်သည် ကိယက်ဗ်အစိုးရနှင့် အနီးကပ် လက်တွဲ လုပ်ဆောင်နေကြောင်း မဟာဗျူဟာမြောက် ဆက်ဆံရေးဆိုင်ရာ အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ ညှိနှိုင်းရေးမှူး ဂျွန်ကာဘီ (John Kirby) က ပြောကြားခဲ့သည်။

အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ ညှိနှိုင်းရေးမှူး ဂျွန်ကာဘီ
“ဒီလို အနီးကပ် လုပ်ဆောင်ရခြင်းရဲ့ အကြောင်းရင်းကတော့ စစ်မြေပြင်မှာ ဖြစ်ပျက်နေတာတွေကို ဆက်စပ် သိရှိနိုင်ဖို့ ဖြစ်ပါ တယ်” ဟု ဂျွန်ကာဘီက အိမ်ဖြူတော် သတင်းစာ ရှင်းလင်းပွဲ၌ သတင်းထောက်များကို ပြောကြားခဲ့သည်။
လပေါင်းများစွာ ကြာမြင့်ပြီဖြစ်သည့် စစ်ပွဲ၌ အင်အားကြီးမားသော တာဝေးပစ် လက်နက်ကြီး HIMARS ကို မကြာမီကပင် လက်ခံ ရရှိခဲ့ကြောင်း ဇွန်လ ၂၃ ရက် အစောပိုင်းက ယူကရိန်းဘက်မှ သတင်းထုတ်ပြန်ခဲ့သည်။
သင်္ဘောဖျက် ဒုံးကျည်စနစ်၊ အမြောက်ဒုံးကျည်၊ ဟောင်ဝစ်ဇာများနှင့် ခဲယမ်းမီးကျောက် ပါဝင်မည့် ဒေါ်လာ ၁ ဘီလီယံ တန် ဖိုးရှိ စစ်ရေး အကူအညီကို ယူကရိန်းသို့ အမေရိကန် ပေးမည်ဟု ကြေညာပြီးနောက် ယင်းအကူအညီ၏ တစိတ်တပိုင်းအဖြစ် ယခု ဒေါ်လာသန်း ၄၅၀ တန် ပံ့ပိုးမှု အစီအစဉ် ပေါ်ပေါက်လာခဲ့သည်။
စစ်ပွဲသည် မကြာသေးမီ ရက်သတ္တပတ်များအတွင်း ရက်စက်ကြမ်းကြုတ်သည့် သရုပ်ပြမှုအဆင့်သို့ ရောက်ရှိလာခဲ့ရာ ရုရှား တပ်ဖွဲ့များသည် ဒွန်ဘတ်စ်ဒေသတွင် အမြောက်ကျည်ဆန်များ စုစည်း တိုက်ခိုက်နေခဲ့ကြသည်။ ထိုဒေသကို ယူကရိန်း ခွဲထွက်ရေး သမားများက လက်ဝယ်သိမ်းပိုက်နိုင်ဖို့ မော်စကို(ရုရှား)ထံသို့ တောင်းဆိုနေခဲ့ကြသည်။
Source: Reuters
