CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၉

မြန်မာနေရှင်နယ်ပွဲစဉ် ၁ တွေထဲက ပွဲစဉ်တစ်ပွဲအဖြစ် ISPE FC နဲ့ ရခိုင်ယူနိုက်တက်တို့ ဇန်နဝါရီ ၂၉ ရက်(ယနေ့)တွင် ယှဉ်ပြိုင်ကစားခဲ့ရာ ISPE FC က အနိုင်ရခဲ့တာဖြစ်ပါတယ်။

ဒီပွဲမှာ ISPE FC က ရခိုင်ယူနိုက်တက်အသင်းကို ၃ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။ISPE FC အတွက်ဂိုးတွေကို ခင်ကျော်ဝင်းက ၂ ဂိုးနဲ့ ပြည့်ဖြိုးခိုင်က ၁ ဂိုးသွင်းယူခဲ့ပြီး ရခိုင်ယူနိုက်အတွက် ဂိုးကို ဇော်ဇော်နိုင်က သွင်းယူခဲ့တာ ဖြစ်ပါတယ်။ဒီပွဲရဲ့ ပွဲအစ ၅ မိနစ်မှာကတည်းက ရခိုင်ယူနိုက်တက်အသင်း ဦးဆောင်ဂိုး စတင်ရရှိခဲ့တာဖြစ်ပြီး ဇော်ဇော်နိုင်က ပင်နယ်တီကနေ သွင်းယူခဲ့တာပါ။ဒါပေမယ့် ISPE FC အသင်းရဲ့ ထိုးဖောက်မှုတွေကို မထိန်းနိုင် ခဲ့တာကြောင့် ပထမပိုင်းမှာ ချေပဂိုးပြန်ပေးခဲ့ရပါတယ်။

ဒီဂိုးကို ခင်ကျော်ဝင်းက သွင်းယူခဲ့တာဖြစ်ပါတယ်။အဲဒါကြောင့် ပထမပိုင်းမှာ တစ်ဖက်တစ်ဂိုးစီသရေနဲ့ ပြီးဆုံး ခဲ့ပါတယ်။ဒုတိယပိုင်းမှာ နှစ်သင်းလုံးနိုင်ပွဲရဖို့ အားစိုက်ခဲ့ပေမယ့် ISPE FC အသင်းက ပိုပြီးကောင်းမွန်ခဲ့တာ ကြောင့် ဦးဆောင်ဂိုး နှစ်ဂိုးထပ်မံသွင်းယူသွားနိုင်ခဲ့တာပါ။ဒီဂိုးတွေကို ပွဲချိန် ၈၁ မိနစ်မှာ ပြည့်ဖြိုးခိုင်နဲ့ ပွဲချိန် ၈၉ မိနစ်မှာ ခင်ကျော်ဝင်းတို့က သွင်းယူခဲ့တာဖြစ်ပါတယ်။

ဒီပွဲစဉ်ရဲ့ပွဲပြီးဆုံးခါနီးမှာ ကစားပုံကြမ်းတမ်းရင်းနဲ့ အချင်းများခဲ့လို့ ဒိုင်လူကြီးက နှစ်ဖက်ကစားသမားတွေဖြစ်တဲ့ ရခိုင်ယူနိုက်တက်က ဇော်ဇော်နိုင်နဲ့ ISPE FC က ဇင်ရဲနောင်တို့က တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာပါ။

အဲဒါကြောင့် ပွဲအပြီးမှာ ISPE FC က ရခိုင်ယူနိုက်တက်ကို ၃ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။ဇွန်လ ၃၀ ရက်မှာတော့ ပွဲစဉ် ၁ ရဲ့နောက်ဆုံးပွဲစဉ်အဖြစ် GFA အသင်းနဲ့ ရတနာပုံအသင်းတို့ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။