“နိုင်ငံ့လက်ရွေးစင်လူငယ်ဘောလုံးသမားတစ်ဦးဖြစ်သည့် ဇာကီအန်ဝါရီသည် ဆိုးရွားသောအဖြစ်အပျက်တွင် အသက်ဆုံးရှုံးခဲ့ရခြင်းအတွက် ဝမ်းနည်းရပါကြောင်း” အာဖဂန်အားကစားဌာနထုတ်ပြန်ချက်ထဲတွင် ဖော်ပြ ထားသည်။

လူမှုကွန်ရက်ပေါ်တွင် လွှင့်တင်ထားသည့် အဆိုပါထုတ်ပြန်ချက်၌ “မိမိတို့တိုင်းပြည်မှ ရာနှင့်ချီသော လူငယ်များ ပြည်ပသို့ထွက်ခွာရန် ကြိုးစားစဉ် ဇာကီအန်ဝါရီသည် အမေရိကန်စစ်လေယာဉ်ပေါ်မှ ပြုတ်ကျသေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း” ဆက်လက်ဖော်ပြထားသည်။

ဩဂုတ် ၁၅ ရက်က တာလီဘန်တို့ အာဖဂန်နစ္စတန်မြို့တော် ကဘူးလ်ကို ထိန်းချုပ်ခဲ့ပြီး နောက်တစ်နေ့တွင် ရာနှင့်ချီသောလူများ ကဘူးလ်မြို့ရှိ ဟာမစ်ကာဇိုင်းနိုင်ငံတကာလေဆိပ်သို့ အလုံးအရင်းဖြင့် ထွက်ပြေးခဲ့ကြသည်။ အမေရိကန်စစ်လေယာဉ် C-17 သည် လေယာဉ်ပြေးလမ်းပေါ် အရှိန်ယူနေစဉ် လေယာဉ်ကွင်းထဲ ရောက်ရှိ နေသူများက လေယာဉ်ကိုယ်ထည်ပေါ် တွယ်ကပ်လိုက်ပါကြသည်။ အဆိုပါလေယာဉ် ပျံတက်သွားပြီးနောက် မရှေးမနှောင်းမှာပင် လေယာဉ်ပေါ်မှ ပြုတ်ကျသေဆုံးခဲ့သည့် အလောင်းနှစ်လောင်း ရိုက်ကူးထားသည့် ဗီဒီယိုဖိုင် ထွက်ပေါ်လာခဲ့သည်။

ပြုတ်ကျသေဆုံးခဲ့သည့် ဇာကီအန်ဝါရီအတွက် ဘုရားသခင်ထံ သူ့မိသားစု၊ သူငယ်ချင်းမိတ်ဆွေ၊ လုပ်ဖော်ကိုင်ဘက်များနှင့်အတူ ဆုတောင်းပေးပါကြောင်း အာဖဂန်အားကစားဌာန၏ထုတ်ပြန်ချက်ထဲတွင် ဆက်လက်ရေးသားထားသည်။

Source: CNN

#အာဖဂန်နစ္စတန်

#အမေရိကန်

#ဘောလုံးသမား

#သေဆုံး

#cninews

#CNIMyanmar

#ChannelNewsInedpendent