ဥရောပအကောင်းဆုံးဘောလုံးသမားဆုဖြစ်တဲ့ Ball d’Or ကို ၆ ကြိမ်တိုင်တိုင် လက်ဝယ်ပိုင်ပိုင် ဆွတ်ခူးခဲ့သူ မက်စီဟာ တတိယမြောက်နှစ်အတွက် ရွေးချယ်မှုအဖြစ် ဩဂုတ် ၁၀ ရက်မှာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ် ချုပ်လိုက်ပြီဖြစ်တယ်လို့ အဲဒီအသင်းက သူတို့ဝက်ဘ်ဆိုက်မှာ အတိအလင်းကြေညာလိုက်ပါတယ်။

အခုလိုအပြောင်းအရွှေ့ဟာ လက်ရှိမျိုးဆက်ရဲ့အကောင်းဆုံးဘောလုံးသမားတွေကို ထည့်သွင်းစုဆောင်းနေတဲ့ ပီအက်စ်ဂျီအသင်းရဲ့တိုက်ကွက်သစ်တစ်ခုလို့လည်း ရိုက်တာက ဆိုပါတယ်။ အဲဒီအထဲမှာ ဘရာဇီးအသင်းက နေမာနဲ့ ပြင်သစ်ကမ္ဘာ့ဖလားချန်ပီယံ ကိုင်လီယန်အမ်ဘာပေတို့လည်း ပါဝင်ပါတယ်။

 “ပီအက်စ်ဂျီအသင်းမှာ ကျနော့်ကစားသမားဘဝရဲ့အခန်းကဏ္ဍသစ်ကို စတင်ဖွင့်လှစ်နိုင်ဖို့ စိတ်လှုပ်ရှား နေပါတယ်”လို့ မက်စီရဲ့ပြောကြားချက်ကို ပီအက်စ်ဂျီအသင်းရဲ့ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ 

ပုံ-မက်ဆီ PSG အသင်းမှာ ကျောနံပါတ် ၃၀ ၀တ်ဆင်မည်(Messi-fb)

ဂိုးပေါင်း ၆၇၂ ဂိုးသွင်းနိုင်ခဲ့လို့ ဘာစီလိုနာရဲ့စံချိန်တင် ဂိုးသွင်းဘုရင် မက်စီတစ်ယောက် ပီအက်စ်ဂျီ ရောက်လာတဲ့အတွက် ပီအက်စ်ဂျီအဖို့ ဥရောပချန်ပီယံလိဂ်ဖလားကို ပထမဆုံးဆွတ်ခူးနိုင်ရေး ရည်မှန်းချက် ပြည့်ဝမယ်လို့ ယူဆရပါတယ်။

မက်စီဟာ လက်ရှိဇနီးဖြစ်သူ၊ ရင်သွေးငယ် ၃ ဦးတို့နဲ့အတူ ပါရီမြို့ကို ဆိုက်ရောက်လာခဲ့ပြီး ရာနဲ့ချီတဲ့ သူ့ပရိသတ်တွေကို လက်ပြနှုတ်ဆက်ပြီးတာနဲ့ လေဆိပ်အပြင်ဘက်က ပုဂ္ဂလိကဆေးရုံမှာ ဆေးစစ်ခဲ့ပါတယ်။ အဲဒီနောက် သူ့ခေတ္တနေထိုင်တဲ့ ဟိုတယ်အခန်းရဲ့လသာဆောင်အောက်ကို စုဝေးရောက်ရှိလာတဲ့ ပရိသတ်တွေကို ထပ်မံ လက်ပြနှုတ်ဆက်ခဲ့ကြောင်း ရိုက်တာသတင်းအရ သိရပါတယ်။

လီယွန်နယ်မက်စီဟာ အခွန်ပါပြီးသား တစ်နှစ်လျှင် စတာလင်ပေါင် ၂၅ သန်းနဲ့ တတိယနှစ်အတွက် ပီအက်စ်ဂျီ အသင်းနဲ့ နှစ်နှစ်စာချုပ် ချုပ်ထားလိုက်ပြီဖြစ်ပါတယ်။

Source-Reuters

#မက်ဆီ

#ဘာစီလိုနာ

#ပီအက်စ်ဂျီ

#PSG

#ဂိုးသွင်းဘုရင်

#CNINews

#CNIMyanmar

#ChannelNewsIndependent