CNI Sport News
၂၀၂၂ ခုနှစ်၊ မတ်လ ၇
မန်စီးတီးနဲ့ကစားခဲ့တဲ့ ပွဲမှာ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ရှက်ဖွယ်ကောင်းတဲ့ စွမ်းဆောင်ရည်ကို အသင်း ခေါင်းဆောင်ဟောင်း ရွိုင်ကိန်းက ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက် အသင်းဟာ မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းနဲ့ ကစားခဲ့ရာ ၄ ဂိုး-၁ ဂိုးနဲ့ ဂိုးပြတ် အရေးနိမ့်သွားခဲ့တာပါ။ အိုးထရက်ဖိုဒ့်ကလပ်ဟာ ဒီရှုံးပွဲကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်ရမယ့် အဆင့်(၄)နေရာရဖို့ ရုန်းကန်ရတော့မှာဖြစ်ပါတယ်။ မန်စီးတီး အသင်းဟာ ကစားရခက်တဲ့ အသင်းဖြစ်ပေမယ့် မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အားစိုက်ထုတ်မှုအပေါ်ကို ရွိုင်ကိန်းက ပြစ်တင်ဝေဖန်ခဲ့တာဖြစ်ပါတယ်။
ရွိုင်ကိန်းက “သူတို့ကို ကြည့်ရတာ တကယ်ကိုစိတ်ပျက်ဖို့ကောင်းပါတယ်။ အမှားတွေကို ကျနော်ခွင့်လွှတ်လို့ ရပါတယ်။ ဒါပေမယ့် ခင်ဗျားတို့ ပြန်ပြီးပြေးနေရမယ်။ အနောက်ကို ပြန်မပြေးနိုင်တာ ရှက်ဖို့ကောင်းပါတယ်။ မန်စီးတီးနဲ့ကစားခဲ့တဲ့ ဒုတိယပိုင်းမှာ အသင်းအနေနဲ့ အရည်အသွေးမပြည့်မီတာကို ကျနော်ခွင့်လွှတ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် မန်စီးတီး က နောက်ဆုံး(၃)နှစ်၊ (၄)နှစ် (၅)နှစ်တွေမှာ ထူးချွန်တဲ့အသင်းဖြစ်လို့ပါ” လို့ ပြောခဲ့ ပါတယ်။
ဒါ့အပြင် ရွိုင်ကိန်း က အသင်းမှာရှိတဲ့ ကစားသမား(၆)ဦးလောက်ဟာ အသင်းအတွက် ဘယ်တော့မှ မကစားသင့် တော့ဘူးလို့လည်း မှတ်ချက်ပြုခဲ့ပါတယ်။ “ကစားသမား(၅)ဦး၊ (၆)ဦးလောက်က ယူနိုက်တက်အတွက် ဘယ် တော့မှထပ်မကစားသင့်တော့ဘူး။ ရှက်ဖို့ကောင်းပါတယ်။ ကွင်းလယ်ကစားသမားတွေ၊ ဝမ်ဘစ်စကာ၊ ဖရက်ဒ်၊ မက်ဂွိုင်းယားနဲ့ ရက်ရှ်ဖိုဒ့်တို့လည်း ဝင်လာတာပဲ၊ကျနော်ဆိုရင်တော့ ဆက်သွားနေမှာ။ (၄)ဂိုးပေးလိုက်ပေမယ့် မန်စီးတီး က အကောင်းဆုံးပုံစံမှာ ရှိမနေပါဘူး။ သူတို့ကိုယ်တိုင်က လက်လျှော့ခဲ့ကြတာ။ ရှက်ဖို့ကောင်းတယ်”လို့ ပြောသွားခဲ့တာပါ။
မန်ချက်စတာယူနိုက်တက် အသင်းဟာ ဒီရှုံးပွဲကြောင့် အဆင့်(၄)နေရာက အာဆင်နယ် အသင်းနဲ့ တစ်မှတ်အကွာ အဆင့်(၅)နေရာကို ရောက်ရှိသွားခဲ့ပါတယ်။အာဆင်နယ် အသင်းဟာ မန်ချက်စတာယူနိုက်တက် အသင်းထက် (၃)ပွဲလျော့ပြီး ကစားထားတာပါ။ မန်ချက်စတာယူနိုက်တက် အသင်းဟာ ဒီတစ်ပတ်မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် စပါး အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Soure:TheSun