CNI Sport News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅

ရုရှားက ယူကရိန်း ဝင်ရောက်တိုက်ခိုက်မှုကြောင့် ဒီရာသီ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို စိန့်ပီတာစဘတ်(ရုရှား)မှာ ကျင်းပရန် သတ်မှတ် ထားချက်ကို ရုပ်သိမ်းပြီးတော့ ပြင်သစ်နိုင်ငံ၊ ပဲရစ်မှာ ပြောင်းလဲကျင်းပဖို့ ယူအီးအက်ဖ်အေ(UEFA)က ဆုံးဖြတ် လိုက်ပြီ ဖြစ်ပါတယ်။

ချန်ပီယံလိဂ်ဖလားကိုတွေ့ရစဉ်(Twitter)

အစောပိုင်းက ရုရှားနိုင်ငံ စိန့်ပီတာစဘတ်က Gazprom Arena မှာ မေလ ၂၈ ရက်ကျရင် ကျင်းပဖို့ သတ်မှတ်ထားတာပါ။ ဒါပေမယ့် သောကြာနေ့က ပြုလုပ်တဲ့ အစည်းအဝေးအပြီးမှာတော့ ပဲရစ်မှာ ပြောင်းလဲပြီး ကျင်းပဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါ တယ်။

ယူအီးအက်ဖ်အေ ဥက္ကဋ္ဌ ဆက်ဖာရင်ဟာ ကြာသပတေးနေ့က ပြင်သစ်သမ္မတ မက်ခရွန်နဲ့ တွေ့ဆုံဖို့ ပဲရစ်ကို သွားခဲ့ပါတယ်။ ဒီနောက်မှာတော့ ကွင်းပြောင်းဖို့အတွက် ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ အခုနှစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ဝင်ဘာလေကွင်းမှာ ပြောင်းလဲပြီး ကျင်းပဖို့ စဉ်းစားခဲ့ပေမယ့် နောက်ဆုံးမှာတော့ ပဲရစ်ကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

Source: BBC