CNI Sport News
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅
ဖော်မြူလာဝမ်းပြိုင်ပွဲရဲ့ ကမ္ဘာ့ချန်ပီယံဆုကို (၄)ကြိမ် ရရှိထားတဲ့ ဗက်တဲလ်ကတော့ ရုရှားဂရမ်းပရီပြိုင်ပွဲကို ဖျက်သိမ်းပစ်ဖို့ ပြောလိုက်ပါတယ်။ ဒီပြိုင်ပွဲကို ကျင်းပမယ်ဆိုရင်လည်း သူဝင်ပြိုင်မှာ မဟုတ်ကြောင်း ဗက်တဲလ်က ပြောခဲ့တာ ဖြစ်ပါတယ်။
ရုရှားတပ်တွေဟာ သမ္မတပူတင်ရဲ့ အမိန့်နဲ့ ယူကရိန်းနိုင်ငံကို ဝင်ရောက် တိုက်ခိုက်နေတာပါ။ အက်စတန်မာတင်ရဲ့ ကား မောင်းသမားဖြစ်သူ ဗက်တဲလ်က “စစ်ပွဲဖြစ်ပွားနေတဲ့ တိုင်းပြည်မှာ ပြိုင်ပွဲမကျင်းပ သင့်ပါဘူး။ ကျနော်ကတော့ သွားပြီး ယှဉ်ပြိုင်မှာ မဟုတ်ပါဘူး။ မိုက်မဲတဲ့ အကြောင်းပြချက်တွေနဲ့ အသတ်ခံနေရတဲ့ အပြစ်မဲ့ ပြည်သူတွေအတွက် ကျနော် စိတ် မကောင်းပါဘူး။ ဒါဟာ ကျနော်တို့ ပြောရမယ့် အရာတစ်ခုဆိုတာ သေချာပါတယ်”လို့ ပြောခဲ့ပါတယ်။
ဂျာမနီ ကားမောင်းသမားက ယူကရိန်းမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကြောင့် တုန်လှုပ်ခဲ့ရပြီး ရုရှားမှာ မပြိုင်ဖို့ ဆုံးဖြတ်ချက် က ချပြီးသားဖြစ်တယ်လို့ ပြောခဲ့တာပါ။
ရုရှားဂရမ်းပရီပြိုင်ပွဲ ဆုဖလားကိုတွေ့ရစဉ်(BBC)
ရုရှားဂရမ်းပရီပြိုင်ပွဲကို စက်တင်ဘာ ၂၅ ရက် ဆိုချီမှာ ကျင်းပဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ ဖော်မြူလာဝမ်းပြိုင်ပွဲက ဒီအခြေ အနေကို အနီးကပ် စောင့်ကြည့်နေတယ်လို့ ပြောခဲ့ပါတယ်။ ဖော်မြူလာဝမ်းပြိုင်ပွဲရဲ့ ပြောရေးဆိုခွင့်ရှိသူက “ဖော်မြူလာဝမ်း ဟာ ဒီအခြေအနေကို စောင့်ကြည့်နေပါတယ်။ ပြိုင်ပွဲနဲ့ပတ်သက်ပြီး ထပ်မံမှတ်ချက်ပေးခြင်း မရှိသေးပါဘူး”လို့ ပြောခဲ့တာပါ။
ရုရှားကားမောင်းသမားဖြစ်သူ မက်ဇီပင်က ဆိုချီမှာ ကျင်းပမယ့် ဒီပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ မျှော်လင့်ထားကြောင်း ပြော ခဲ့ ပါတယ်။
“ဖော်မြူလာဝမ်းနဲ့ ပတ်သက်ပြီး နားလည်ထားတာက ဒီပြိုင်ပွဲဟာ ရှေ့ကို ဆက်သွားနေပါတယ်။ ကျနော် ဒီပြိုင်ပွဲမှာ သေချာ ပေါက်ရှိနေမှာပါ။ ကျနော်က နိုင်ငံရေးမပါဘဲ အားကစားကို အမြဲတမ်း ထောက်ခံအားပေးတဲ့သူပါ”လို့ ပြောခဲ့ပါတယ်။
ဖော်မြူလာဝမ်း သမိုင်းတလျှောက် ရုရှားဂရမ်းပရီပြိုင်ပွဲမှာ အများဆုံး ဗိုလ်စွဲထားတာကတော့ မာစီဒီးစ် ကားမောင်းသမား ဟာမီလ်တန်ပါ။ သူဟာ ဒီပြိုင်ပွဲမှာ (၅)ကြိမ် ဗိုလ်စွဲထားတာ ဖြစ်ပါတယ်။
Source: BBC