CNI Sport News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃

မော်ရင်ဟိုဟာ ရိုးမားအသင်းနဲ့ ဗီရိုနာအသင်းတို့ သရေကျခဲ့တဲ့ စီးရီးအေပွဲစဉ်မှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကြောင့် (၂)ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံလိုက်ရပါတယ်။

ပေါ်တူဂီလူမျိုးနည်းပြ မော်ရင်ဟိုဟာ ဘောလုံးကို ယူပြီးအဝေးကို ကန်မထုတ်ခင် ကွင်းလယ်ဒိုင်လူကြီးအား အော်ဟစ်ပြောခဲ့ တဲ့အတွက် နာကျင်အချိန်ပိုမှာ တိုက်ရိုက် အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

မော်ရင်ဟိုဟာဆိုရင် ဒီပွဲမှာ ကွင်းလယ်ဒိုင်လူကြီးကို ဂျူဗင်တပ်စ်က စေလွှတ်လိုက်တာလားဆိုပြီးတော့လည်း ပြောခဲ့ပါသေး တယ်။ အနီကတ်နဲ့ ထုတ်ပယ်ခံရတဲ့ချိန်မှာ မော်ရင်ဟိုဟာ ပြိုင်ဘက်နည်းပြကို နှုတ်ဆက်ပြီး ထွက်သွားခဲ့ပါတယ်။

La Stampa သတင်းမှာတော့ မော်ရင်ဟိုဟာ ကွင်းလယ်ဒိုင်လူကြီး လူကာပါရီတိုကို “သူတို့က မင်းကို ရည်ရွယ်ချက်ရှိရှိနဲ့ စေလွှတ်လိုက်တာ၊ ဂျူဗင်တပ်စ်က မင်းကို စေလွှတ်လိုက်တာ”လို့ ပြောခဲ့ကြောင်း အဆိုပါ သတင်းက ဖော်ပြခဲ့တာ ဖြစ်ပါ တယ်။

ဘောလုံးကိုကန်ထုတ်နေတဲ့ မော်ရင်ဟို(Sports)

စီးရီးအေပြိုင်ပွဲမှာ ပြိုင်ပွဲပေါင်း(၉၂)ပွဲကို ဒိုင်လူကြီးအဖြစ် ဆောင်ရွက်ခဲ့တဲ့ ပါရီတိုဟာ ပြီးခဲ့တဲ့ စက်တင်ဘာလကမှ နိုင်ငံ တကာ ဒိုင်လူကြီးအဖြစ် ဆောင်ရွက်ခွင့် ရခဲ့တာပါ။ ပါရီတိုရဲ့ အစ်ကိုဖြစ်သူကတော့ ဂျူဗင်တပ်စ်မှာ (၈)နှစ်ကြာ အလုပ်လုပ် ခဲ့တာ ဖြစ်ပါတယ်။

အခုရာသီအစပိုင်းကမှ စီးရီးအေ လောကထဲကို ပြန်လည် ဝင်ရောက်လာခဲ့တဲ့ မော်ရင်ဟိုဟာ ရိုးမားအသင်းကို ကိုင်တွယ်ပြီး ကတည်းက စည်းကမ်းပိုင်းဆိုင်ရာ အများအပြားကို ရင်ဆိုင်ခဲ့ရတာပါ။ မော်ရင်ဟိုဟာဆိုရင် နာပိုလီအသင်းနဲ့ ကစားခဲ့တဲ့ ပွဲမှာလည်း ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။
ပေါ်တူဂီ လူမျိုးနည်းပြ မော်ရင်ဟိုဟာ ရာသီမစခင် ကစားခဲ့တဲ့ ဘက်တစ် အသင်းနဲ့ ခြေစမ်းပွဲမှာလည်း ကွင်းလယ်ဒိုင် လူကြီးနဲ့ ထိပ်တိုက်တွေ့ဖို့ ကြိုးစားခဲ့တာကြောင့် ထုတ်ပယ်ခံခဲ့ရပါသေးတယ်။

အခု မော်ရင်ဟို (၂)ပွဲ ပယ်ခံရတာကြောင့် စပီဇီယာ၊ အတ္တလန္တာတို့နဲ့ ကစားရမယ့် ပွဲစဉ်တွေမှာ အသင်းကို ကွင်းအတွင်း ဝင်ရောက်ပြီး ကြီးကြပ်လို့ မရတော့ပါဘူး။

Source: Goal