CNI Sport News
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၉
နယူးကာဆယ်နဲ့ ချန်ပီယံလိဂ်ဖလား ရနိုင်လို့ အာဆင်နယ်အသင်းကို ငြင်းပယ်ခဲ့တာဖြစ်တယ်လို့ ဘရူနိုဂွီမာရေ့စ်က ပြော လိုက်ပါတယ်။
အသက်(၂၄)နှစ်အရွယ်ရှိ ဘရူနိုဂွီမာရေ့စ်ကို ခေါ်ယူဖို့ အာဆင်နယ်အသင်းက ကြိုးစားခဲ့ပေမယ့် ဆော်ဒီအိမ်ရှေ့မင်းသား ပိုင်တဲ့ နယူးကာဆယ်အသင်းက ပေါင် ၄၂ သန်းနဲ့ အပြီးသတ် ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ နယူးကာဆယ်အသင်းဟာ တန်းဆင်းဇုန်ကနေ လွတ်မြောက်ဖို့ ကြိုးစားနေရတာပါ။
ဘရူနိုဂွီမာရေ့စ်က “အသေအချာပါပဲ။ ကျနော်တို့ဟာ ကမ္ဘာ့ဘောလုံးလောကရဲ့ အင်အားကြီး တစ်သင်းဖြစ်လာမှာပါ။ ကောင်းမွန်တဲ့ အစဉ်အလာနဲ့ လှပတဲ့ သမိုင်းကြောင်းရှိတဲ့ သမိုင်းဝင် ကလပ်ပါ။ နယူးကာဆယ်ကို လာဖို့ ဆုံးဖြတ်ခဲ့တဲ့ အပေါ်မှာ သံသယမရှိပါဘူး။ သူတို့က လိဂ်ဖလားတွေ ပိုပြီးရယူထားပေမယ့် ကျနော်တို့ကလည်း သူတို့ထက် ပိုလိုချင်သလို ချန်ပီယံလိဂ်ဖလားကိုလည်း လိုချင်ပါတယ်”လို့ နယူးကာဆယ်က အာဆင်နယ်ထက် ပိုပြီး ကြီးမားသလားလို့ မေးမြန်းခဲ့ရာမှာ ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
ဘရူနိုဂွီမာရေ့စ်ကို တွေ့ရစဉ်(DailyNationToday)
ဒါ့အပြင် ဘရူနိုဂွီမာရေ့စ်က “လာမယ့် ရာသီတွေ ကျရင်တော့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရှိနေချင်ပြီး နောက်ဆုံးမှာ ချန်ပီယံလိဂ် ဖလားကို ရယူနိုင်ဖို့ပါ။ ကျနော်ဟာ အသင်းရဲ့ စီမံကိန်းကို ယုံကြည်သလို သူတို့ပြောတဲ့ အရာအားလုံးကိုလည်း ယုံကြည်ပါ တယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
နယူးကာဆယ် အသင်းဟာ ဒီရာသီ တန်းဆင်းဇုန်ကနေ လွတ်မြောက်နိုင်ဖို့အတွက် ပြီးခဲ့တဲ့ အပြောင်းအရွှေ့မှာ ဘရူနို ဂွီမာရေ့စ် အပါအင် ထရစ်ပီယာ၊ ခရစ်ဝုဒ်၊ ဒန်ဘန်းမ်နဲ့ မတ်တားဂတ်တို့ကို ခေါ်ယူ အားဖြည့်ခဲ့တာ ဖြစ်ပါတယ်။
ဆော်ဒီအိမ်ရှေ့မင်းသား ပိုင်ဆိုင်တဲ့ နယူးကာဆယ်အသင်းဟာ ပြီးခဲ့တဲ့ နိုင်ငံတကာ ပွဲစဉ်တွေကစားတဲ့ အချိန်တုန်းက ဆော်ဒီနိုင်ငံမှာ သွားရောက် လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့တာပါ။ နယူးကာဆယ် အသင်းဟာ အဲဗာတန်အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မတိုင်ခင် ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့်(၁၉)နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
နယူးကာဆယ် အသင်းအနေနဲ့ လာမယ့်ပွဲတွေမှာ ရလဒ်တွေကောင်းခဲ့ရင် တန်းဆင်းဇုန်ကနေ လွတ်မြောက်နိုင်တဲ့ အခြေ အနေမှာ ရှိနေတာ ဖြစ်ပါတယ်။
Source: The Sun