CNI Sport News
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၉
ရော်နယ်ဒိုဟာ ဘန်လေအသင်းနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဂိုးမသွင်းနိုင်ခဲ့တာကြောင့် ဆယ်စုနှစ်အတွင်း အဆိုးရွား ဆုံး ဂိုးပေါက်ပျောက်ဆုံးမှုနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ မန်ချက်စတာယူနိုက်တက် အသင်းအတွက် နောက်ဆုံး(၅)ပွဲဆက်တိုက် ဂိုးပေါက်ပျောက်ဆုံးခဲ့တာ ဖြစ်ပါ တယ်။
ရော်နယ်ဒိုဟာ ဘန်လေအသင်းနဲ့ တဖက်တစ်ဂိုးစီ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အပြီးမှာ စိတ်ပျက်လက်ပျက်နဲ့ ဥမင် လှိုဏ်ခေါင်းထဲကို တန်းပြီး ဝင်သွားခဲ့တာပါ။ ပေါ်တူဂီ ကစားသမားဟာ အဝတ်လဲခန်းထဲကို တန်းပြီးဝင်သွားတဲ့ အချိန်မှာ အသင်းဖော်တွေကတော့ အဝေးကွင်းကို လိုက်ပြီး အားပေးတဲ့ ပရိသတ်တွေကို လက်ခုပ်တီး နှုတ်ဆက်ဖို့ ကွင်းထဲမှာ ဆက်ရှိ နေခဲ့တာ ဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ ဒီဇင်ဘာ ၃၀ ရက်က ဘန်လေအသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ မန်ချက်စတာယူနိုက်တက် အတွက် နောက်ဆုံး သွင်းဂိုးရယူခဲ့တာပါ။
ရော်နယ်ဒို အဝတ်လဲခန်းထဲ တန်းဝင်သွား(The Sun)
အဲဒီနောက်ပိုင်းပွဲတွေမှာ ရော်နယ်ဒိုဟာ ဂိုးလည်း မသွင်းယူနိုင်ခဲ့သလို ခြေစွမ်းပြဖို့လည်း ရုန်းကန်ခဲ့ ရတာဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ဒီပွဲမှာ လူစားဝင် ကစားသမားအဖြစ်သာ ပါဝင်ခွင့်ရခဲ့ပြီး ပွဲချိန် ၆၈ မိနစ်မှာ ကာဗာနီနဲ့ လူစားလဲ ဝင်ခွင့်ရခဲ့ တာပါ။ အသင်းဟာ တဖက်တစ်ဂိုးစီနဲ့ သရေကျခဲ့သလို သူကလည်း ဂိုးပေါက် ပျောက်ဆုံးခဲ့တာကြောင့် ပေါ်တူဂီ ကစားသမား ဟာ စိတ်ပျက်ပြီး အဝတ်လဲခန်းထဲကို တန်းဝင်သွားခဲ့တာ ဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက် အသင်းဟာ လာမယ့်အပတ်တွေမှာ ချန်ပီယံလိဂ်ကစားဖို့ ရှိတာကြောင့် ယာယီနည်းပြ ရက်ဂ်နစ် ဟာ ရော်နယ်ဒိုထက် ကာဗာနီကိုသာ ပွဲထွက်လူစာရင်းမှာ အသုံးပြုခဲ့တာပါ။ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ အပတ်က မယ်ဒယ်ဘ ရော့အသင်းကို အရေးနိမ့်ပြီး အက်ဖ်အေဖလားကနေ ထွက်ခဲ့ရတဲ့ပွဲမှာ ပင်နယ်တီ ကန်သွင်းခွင့်ရခဲ့ပေမယ့် လွဲချော်ခဲ့တာ ဖြစ် ပါတယ်။
ရော်နယ်ဒိုဟာ ၂၀၁၀ နောက်ပိုင်း အဆိုးရွားဆုံး ဂိုးပေါက်ပျောက်ဆုံးမှုနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ ရော်နယ်ဒို ရီးရယ်လ် အသင်းမှာ ကစားနေတဲ့အချိန် ၂၀၀၉-၁၀ ရာသီက အခုလို ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။
ပေါ်တူဂီ အသင်းခေါင်းဆောင်ဟာ မန်ချက်စတာယူနိုက်တက် အသင်းအတွက် ဒီရာသီ ပရီးမီးယား လိဂ်ပြိုင်ပွဲမှာ ၈ ဂိုး သွင်း ယူထားပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၆ ဂိုး သွင်းယူထားတာပါ။ မန်ချက်စတာယူနိုက်တက် အသင်းဟာ ဘန်လေအသင်းနဲ့ တစ်ဂိုး စီ သရေကျခဲ့တာကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၅ နေရာကို ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက် အသင်းဟာ အခု လာမယ့်အပတ်မှာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဆောက်သမ်တန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: The Sun