CNI Sport News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၉

ဇူးမားဟာ ဝက်ဖို့ဒ်အသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာ ဝက်စ်ဟမ်း အသင်းရဲ့ လူစာရင်းမှာ အားသင့်ဖွယ် ပါဝင်လာခဲ့ပြီးနောက် နှစ်ဖက် အသင်း ပရိသတ်တွေရဲ့ ကျယ်လောင်စွာ လှောင်ပြောင်ခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။ ဇူးမားဟာ ကြောင်ကို ကန်ခဲ့တဲ့အပြင် ရိုက်နှက်ခဲ့တဲ့ ဗီဒီယိုကြောင့် ဝေဖန်မှုတွေ အတော်လေးခံနေရတာပါ။

ဒါပေမယ့် ဝက်စ်ဟမ်း အသင်းနည်းပြ ဒေးဗစ်မိုယက်စ်ကတော့ ဇူးမားကို အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ အသုံးပြုခဲ့တာ ဖြစ်ပါ တယ်။ ဇူးမားကတော့ ဒီဗီယိုဖိုင်နဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန် တောင်းပန်ထားတာဖြစ်ပြီး ကလပ်အသင်းကလည်း ပြင်သစ် နောက်ခံလူရဲ့ လုပ်ရပ်ကို ရှုတ်ချခဲ့တာပါ။

ဝက်စ်ဟမ်း အသင်းကတော့ ဒီအဖြစ်အပျက်ကို အသင်းရဲ့ အတွင်းပိုင်းမှာ ဖြေရှင်းမယ်လို့ ပြောထားခဲ့တာ ဖြစ်ပါတယ်။ ဝက်စ် ဟမ်းနည်းပြ မိုယက်စ်က သူဟာ တိရစ္ဆာန်ချစ်သူတစ်ဦးဖြစ်ပေမယ့် ပွဲအနိုင်ရဖို့ အရေးကြီးတယ်လို့ ဇူးမားကို အသုံးပြုခဲ့တာနဲ့ ပတ်သက်ပြီး ရှင်းပြခဲ့တာပါ။

ဇူးမားနဲ့ မိုယက်စ်ကိုတွေ့ရစဉ်(Football Soccer)

မိုယက်စ်က “ကျနော့် အနေနဲ့ ပြောရရင် အလွန်စိတ်ပျက်မိပြီး ကလပ်အသင်းကလည်း လက်ရှိအချိန်မှာ သူတို့လုပ်နိုင်တဲ့ လုပ်ဆောင်ချက် အားလုံးကို လုပ်ဆောင်ခဲ့ပါတယ်။ ကျနော့်အလုပ်က ဝက်စ်ဟမ်းအတွက် အကောင်းဆုံးအသင်းကို ရွေးဖို့ ဖြစ်ပြီး ဇူးမားကလည်းဒီထဲမှာ အစိတ်အပိုင်း အနေနဲ့ ပါဝင်ပါတယ်။ ကျနော်က တိရစ္တာန်တွေကို ချစ်မြတ်နိုးသူပါ။ ကျနော် ပြောခဲ့သလိုပဲ ကျနော့်အလုပ်က ဝက်စ်ဟမ်းအသင်း အနိုင်ရဖို့အတွက် ကြိုးစားဖို့နဲ့ အကောင်းဆုံးအသင်းကို ဖော်ထုတ် နိုင်ဖို့ ပါ။ ကလပ်က ဒါကို အချိန်မှီဖြေရှင်းရင် ပိုကောင်းမယ်လို့ ထင်ပါတယ်။ သူက ဘာလုပ်မလဲဆိုတာ ခင်ဗျားတို့ကို အသိပေးပါ လိမ့်မယ်”လို့ ပြောခဲ့ပါတယ်။

ဝက်စ်ဟမ်းအသင်း နောက်ခံလူဟောင်း ကောလင်းစ်က ဇူးမားကို အသုံးပြုခဲ့တဲ့ အသင်းရဲ့ ဆုံးဖြတ်ချက်ကို ဝေဖန်ခဲ့ပါတယ်။

ကောလင်းစ်က “ကျနော်ကတော့ ဇူးမားကို ခေါ်ယူအသုံးပြုမူဟာ မှန်ကန်တယ်လို့ မထင်ပါဘူး။ ကလပ်ကလည်း သူ့ကို ပွဲ ထွက်ခွင့် မပေးသင့်ပါဘူး။ သူ့ကို ဒဏ်ခတ် အရေးယူတာမျိုး ရှိသင့်တယ်လို့တော့ ထင်ပါတယ်။ ကလပ်အသင်းအနေနဲ့ သူ့ကို အသုံးပြုတာ မှားယွင်းတယ်လို့ ထင်တယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

Essex ရဲတပ်ဖွဲ့ကတော့ ဒီဗီဒီယိုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ သူတို့ရဲ့ အရေးပေါ် စုံစမ်းမေးမြန်းမှု အစိတ်အပိုင်းအနေနဲ့ ဇူးမားကို တရားစွဲဆိုနိုင်တဲ့ RSPCA နဲ့ ချိတ်ဆက်နေတယ်လို့ အတည်ပြုထားတာ ဖြစ်ပါတယ်။ RSPCA ဟာ တိရစ္ဆာန်တွေအပေါ် ရက်စက်ကြမ်းကြုတ်မှု တားဆီးရေး တော်ဝင်အဖွဲ့အစည်း ဖြစ်တယ်လို့ သိရပါတယ်။

Source: The Sun