CNI Sport News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ  ၂

မုဒိမ်းမှု၊ ကိုယ်ထိလက်ရောက် ကျူးလွန်မှုနဲ့ သတ်ပစ်ဖို့ ခြိမ်းခြောက်မှုတွေကြောင့် ဖမ်းဆီးခံထားရတဲ့ ဂရင်းဝုဒ် ကို အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။

ဂရိတ်မန်ချက်စတာ ရဲတပ်ဖွဲ့က စုံစမ်းမှုတွေ ဆက်လက် လုပ်ဆောင်နေချိန်မှာ ဂရင်းဝုဒ်ကို အချုပ်အနှောင်တွေ ကနေ လွတ်မြောက်ခွင့် ပေးခဲ့တယ်လို့ ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

ဂရိတ်မန်ချက်စတာရဲတပ်ဖွဲ့က "အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်မှု၊ ကိုယ်ထိလက်ရောက် ကျူးလွန်မှု သံသယနဲ့ ဖမ်းဆီးခံထားရတဲ့ အသက်(၂၀)အရွယ်ရှိ အမျိုးသားကို အာမခံနဲ့ လွှတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။ နောက်ထပ် စုံစမ်းမှုတွေကိုလည်း ဆိုင်းငံ့ထားတယ်"လို့ ထုတ်ပြန်ခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းကတော့ ဂရင်းဝုဒ်ကို အသင်းနဲ့ ပတ်သက်ခွင့် ပိတ်ပင်ထားသလို သူနဲ့ ပတ် သက်တဲ့ အမှတ်တရ ပစ္စည်းတွေကိုလည်း အသင်းရဲ့ တရားဝင် ဝက်ဘ်ဆိုက်၊ တရားဝင် စတိုးဆိုင်တွေမှာ ဖယ်ရှားထားပါတယ်။

ဂရင်းဝုဒ်ဟာ ချစ်သူဖြစ်သူ ဟာရီးရက်စ် ရော့ဘ်ဆင်ကို သွေးထွက်သံယိုဖြစ်အောင် ရိုက်နှက်ခဲ့တယ်ဆိုပြီး သူမက အင်စတာဂရမ်မှာ ဓါတ်ပုံနဲ့အသံဖိုင်တွေ တင်ပြီးနောက် အခုလို အဖြစ်အပျက်တွေ ဖြစ်ပျက်ခဲ့တာ ဖြစ်ပါတယ်။

Source: Goal