(၂၅)နှစ်လုံး တူညီတဲ့အစားအစာကိုပဲစားတဲ့ ဇနီးသည်အကြောင်းကို ဖွင့်ချခဲ့တဲ့ ဒေးဗစ်ဘက်ခမ်း

CNI Sport News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂

ဇနီးသည်ဖြစ်သူ ဗစ်တိုးရီးယားနဲ့ အတူတွဲလာခဲ့တဲ့ ၂၅ နှစ်စလုံး နေ့တိုင်း တူညီတဲ့အစားအစာတွေကိုပဲ စားသောက်ကြောင်း ဒေးဗစ်ဘက်ခမ်းက ဖွင့်ချလိုက်ပါတယ်။

ဒေးဗစ်ဘက်ခမ်းဟာ ၁၉၉၀ ခုနှစ်တွေတုန်းက Spice Girl အဖွဲ့ဝင် ဗစ်တိုးရီးယားနဲ့ တွေ့ဆုံခဲ့တာဖြစ်ပြီး သူတို့ရဲ့ အချစ်ရေး ဟာ ကမ္ဘာအနှံ သတင်းထွက်ခဲတာ ဖြစ်ပါတယ်။

ဒေးဗစ်ဘက်ခမ်းက သူ့ရဲ့ ဇနီးဖြစ်သူနဲ့ နှိုင်းယှဉ်ပြီး သူ့ရဲ့ စားသောက်မှု အလေ့အထကို ဆွေးနွေးခဲ့တာပါ။

ဒေးဗစ်ဘက်ခမ်းက “အစားအသောက်နဲ့ ဝိုင်ကို ကောင်းကောင်း စားသောက်တဲ့အခါမှာ လူတိုင်းကို စမ်းသပ်ကြည့် စေချင်ပါ တယ်။ ကံမကောင်းစွာနဲ့ပဲ လွန်ခဲ့တဲ့ (၂၅)နှစ်ကတည်းက တူညီတဲ့ အစားအစာတွေကိုပဲ စားသုံးတဲ့ သူနဲ့ လက်ထပ်ခဲ့ပါတယ်။ သူနဲ့ စတွေ့ကတည်းက ငါးကင်၊ အသီးအရွက်ပြုတ်တွေပဲ စားသောက်ပါတယ်။ အဲ့ဒါကို ရှောင်လွှဲပြီး စားသောက်ဖို့ဆိုတာ တော်တော်လေးရှားပါတယ်”လို့ ပြောခဲ့ပါတယ်။

                                                                                      ဒေးဗစ်ဘက်ခမ်းနဲ့သားဖြစ်သူကိုတွေ့ရစဉ်(The Sun)

ဒေးဗစ်ဘက်ခမ်းက ထပ်ပြီး “ကျနော်စားတာမျိုး သူလိုက်မစားတာတစ်ခုပဲ ရှိပါတယ်။ အဲ့ဒီတုန်းက ဟာပါရဲ့ ကိုယ်ဝန်ကို လွယ်ထားရတဲ့ အချိန်ပါ။ အဲ့ဒီအချိန်က အံ့သြဖို့ ကောင်းပါတယ်။ အဲ့ဒါက ကျနော်အကြိုက်ဆုံး ညနေခင်းတစ်ခုပါပဲ”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ဒေးဗစ်ဘက်ခမ်းနဲ့ ဗစ်တိုးရီးယားတို့ဟာ သားသမီး(၄)ဦးရှိပြီး ဒုတိယအကြီးဆုံးသားဖြစ်သူ ရိုမီရိုကတော့ ဖခင်ဖြစ်သူရဲ့ ခြေရာကို လိုက်နင်းပြီး ပရော်ဖက်ရှင်နယ် ဘောလုံးသမားဖြစ်လာဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

အသက်(၁၉)နှစ်အရွယ်ရှိ ရိုမီရိုဟာ ပြီးခဲ့တဲ့အပတ်က ဖခင်ပိုင်ဆိုင်တဲ့ အင်တာမိုင်ယာမီ အသင်းအတွက် ပွဲထွက်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။ ရိုမီရိုဟာ ကျောနံပတ်(၃၇)ဂျာစီကို ဝတ်ဆင်ခဲ့ပြီး ဖီးလ်နဗီးလ်ရဲ့ သားဖြစ်သူ ဟာဗေးနဲ့အတူ ပွဲထွက်ခဲ့တာပါ။

အဲ့ဒီပွဲမှာ အင်တာမိုင်ယာမီ အသင်းက ၄ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ရိုမီရိုဟာ အင်တာမိုင်ယာမီ အသင်းရဲ့ အရန် အသင်းဖြစ်တဲ့ ဖောဒ့်လော်ဒါဒေးလ်အသင်းမှာ စာရင်းတင်သွင်းထားတာဖြစ်ပြီး အခုရာသီ အသင်းကြီးအတွက် ပါဝင်ခွင့် ရနိုင် တာလည်း ဖြစ်ပါတယ်။ ရိုမီရိုဟာ ပြီးခဲ့တဲ့နှစ် ကုန်ခါနီးက ပူးမားနဲ့ ပေါင် ၁ ဒသမ ၂ သန်း တန်ကြေးရှိတဲ့ စာချုပ်ချုပ် ဆိုခဲ့တာ လည်း ဖြစ်ပါတယ်။

Source: Sportbible