CNI Sport News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ဂရင်းဝုဒ်ဟာ လိင်ပိုင်းဆိုင်ရာနဲ့ ကိုယ်ထိလက်ရောက် ကျူးလွန်မှု၊ သတ်ဖြတ်ဖို့ ခြိမ်းခြောက်မှု သံသယတွေနဲ့ ထပ်မံ ဖမ်းဆီးခံခဲ့ရတယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြထားပါတယ်။

အသက်(၂၀)အရွယ် တိုက်စစ်မှူးရဲ့ ချစ်သူဖြစ်သူက သူမကို ဂရင်းဝုဒ်က နှိပ်စက်ခဲ့တဲ့ ဓါတ်ပုံတွေ၊ အသံဖိုင်တွေကို ဆိုရှယ် မီဒီယာပေါ်မှာ တင်ခဲ့တာ ဖြစ်ပါတယ်။ ဒီလိုဖြစ်ခဲ့ပြီးနောက် ဂရင်းဝုဒ်ကို မုဒိမ်းမှုကျူးလွန်မှု သံသယတွေနဲ့ တနင်္ဂနွေနေ့က ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။

ဂရိတ်မန်ချက်စတာရဲ့တပ်ဖွဲ့ က “အခုအချိန်ထိ စုံစမ်းမေးမြန်းမှုတွေအရ အသက်(၂၀)အရွယ်ရှိ ကစားသမားကို လိင်ပိုင်း ဆိုင်ရာ ကိုယ်ထိလက်ရောက် ကျူးလွန်မှု၊ သတ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်မှု သံသယတွေနဲ့ ဖမ်းဆီးထားခဲ့တယ်”လို့ ထုတ်ပြန် ခဲ့တာပါ။

                                                                                             ဂရင်းဝုဒ်ကိုတွေ့ရစဉ်(The Guardian)

မန်ချက်စတာယူနိုက်တက် အသင်းကလည်း ဘယ်လိုအကြမ်းဖက်မှုကိုမှ လက်ခံမှာ မဟုတ်ဘူးလို့ပြောပြီးနောက် ဂရင်းဝုဒ်ကို အသင်းနဲ့ပတ်သက်တာတွေကို ပိတ်ပင်ထားခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဂရင်းဝုဒ် ပါဝင်တဲ့ ကုန်ပစ္စည်း တွေကို တနင်္လာနေ့ကစပြီး ကလပ်အသင်းရဲ့ တရားဝင် ဝက်ဘ်ဆိုက်ကနေ ဖယ်ရှားခဲ့ပါတယ်။ အဲဒါကြောင့် ကစားသမားနဲ့ ပတ်သက်ပြီး ရှာဖွေလို့မရတော့ပါဘူး။

Nike ကလည်း ဂရင်းဝုဒ်နဲ့ သူတို့ရဲ့ ဆက်ဆံရေးကို တရားဝင် ဆိုင်းငံ့လိုက်ပြီလို့ မကြာသေးခင် ရက်ပိုင်းက ထုတ်ပြန် ထားပါ တယ်။ ဒါ့အပြင် ဂရင်းဝုဒ်ဟာ EA Sports ရဲ့ FIFA 22 ဂိမ်းကနေလည်း ဖယ်ရှားထားခဲ့ ရတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အကယ်ဒမီထွက် ဂရင်းဝုဒ်ဟာ ၂၀၁၉ မှာ အသင်းကြီးအတွက် ပွဲထွက်ခွင့်ရခဲ့ပြီး ဒီရာသီမှာ ၆ ဂိုး သွင်းယူထားတာပါ။ အင်္ဂလန်လက်ရွေးစင်အတွက် (၁)ပွဲသာ ပါဝင်ကစားထားရတဲ့ ဂရင်းဝုဒ်ဟာ မန်ချက်စတာယူနိုက်တက် အတွက် ပြိုင်ပွဲစုံ ၁၂၉ ပွဲ ပါဝင်ကစားပြီး ၃၅ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။

လက်ရှိ အဖြစ်အပျက်ကြောင့် ခြေစွမ်းပိုင်းကောင်းမွန်ပြီး ထွန်းတောက်နေတဲ့ ဂရင်းဝုဒ်ရဲ့ ကစားသမားဘဝဟာ အဆုံးသတ် သွားနိုင်ပါတယ်။ မန်ချက်စတာယူနိုက်တက် ကစားသမားတွေကလည်း ဂရင်းဝုဒ်ကို Unfollow တွေ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

Source: Sport Bible