CNI Sport News

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၃၁

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ဂရင်းဝုဒ် ဟာ မုဒိန်းမှု၊ ကိုယ်ထိလက်ရောက်ကျုးလွန်းမှု သံသယတို့နဲ့ ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရပါတယ်။ ရဲတပ်ဖွဲ့က ၎င်းကို အဆိုပါစွပ်စွဲမှုများနဲ့ပတ်သက်ပြီး ထိန်းသိမ်း ထားတယ်လို့ အတည်ပြုထားတာဖြစ်ပါတယ်။

ဂရင်းဝုဒ် ဟာ ချစ်သူဖြစ်သူ ဟာရီးရက် ရောဘ့်ဆင်ကို သွေးထွက်သံယိုဖြစ်အောင် ရိုက်နှက်ခဲ့တာဖြစ်ပြီး ဒီပုံ တွေကို သူမက အင်စတာဂရမ်မှာ တင်ခဲ့တာပါ။ ဒီပုံတွေဟာ ဆိုရှယ်မီဒီယာပေါ်မှာ ပျံနှံ့သွားခဲ့တာဖြစ်ပြီး ဟာရီးရက် ရောဘ့်ဆင် ကိုယ်တိုင်က အိမ်တွင်းအကြမ်းဖက်မှုနဲ့ စွဲချက်တင်မယ်လို့ ပြောထားခဲ့တာဖြစ်ပါတယ်။

အဲဒါကြောင့် ဂရိတ်မန်ချက်စတာ ရဲတပ်ဖွဲ့က ဂရင်းဝုဒ်ကို ဖမ်းဆီးခဲ့တာဖြစ်ပြီး အဆိုပါ ကစားသမားရဲ့ အိမ်အပြင် ဘက်မှာ ရဲတပ်ဖွဲ့တွေက စုံစမ်းစစ်ဆေးဖို့ ဗင်ကားတွေ ရပ်ထားတာကို မြင်တွေ့ခဲ့ရတာပါ။ မန်ချက်စတာယူနိုက် တက် အသင်းကလည်း ဂရင်းဝုဒ်ကို ရက်အကန့်အသတ်မရှိ ဆိုင်းငံ့ထားတာဖြစ်ပါတယ်။ မန်ချက်စတာကလပ် က ဘယ်လိုအကြမ်းဖက်မှုမျိုးကိုမှ လက်ခံမှာမဟုတ်ဘူးလို့ အစာပိုင်းက ထုတ်ပြန်ထားခဲ့ပေမယ့် နောက်ပိုင်းမှာ ရဲ တပ်ဖွဲ့က စုံစမ်းနေချိန်အတွင်းမှာ ၎င်းကို အသင်းကနေ ရပ်ဆိုင်းခဲ့တာပါ။

မန်ချက်စတာယူနိုက်တက် အသင်းကတော့ နောက်ထပ်ထုတ်ပြန်ချက်အသစ်တွေ မရခင်အချိန်ထိ ဂရင်းဝုဒ်ကို အသင်းနဲ့ လေ့ကျင့်ခန်းဆင်းခွင့်ရော ပွဲကစားခွင့်ရော ပြုမှာမဟုတ်ဘူးလို့ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ အသင်းကို ထောက်ခံအားပေးတဲ့ ပရိသတ်တွေကလည်း ကလပ်ရဲ့ဆုံးဖြတ်ချက်ကို အပြည့်အဝထောက်ခံတယ်လို့ ပြောခဲ့ တာပါ။ ဒီလိုအဖြစ်အပျက်တွေကြောင့် ဂရင်းဝုဒ်ရဲ့ ကစားသမားဘဝကို အပြင်းအထန် ထိခိုက်သွားနိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေကြတာဖြစ်ပါတယ်။

ဂရိတ်မန်ချက်စတာရဲတပ်ဖွဲ့က “အမျိုးသမီးတဦးက ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုနဲ့ပတ်သက်ပြီး ဆိုရှယ် မီဒီယာမှာ တင်ထားတဲ့ပုံတွေနဲ့ ဗီဒီယိုတွေကို ဇန်နဝါရီ(၃၀)ရက် တနင်္ဂနွေ အစောပိုင်းက ရဲတပ်ဖွဲ့က သတိပြု မိပါတယ်။ စုံစမ်းစစ်ဆေးမှုတွေစတင်ပြုလုပ်ခဲ့ပြီး အဆိုပါ စစ်ဆေးမှုတွေအရ အသက်(၂၀)အရွယ် အမျိုးသား တဦးကို မုဒိမ်းမှု၊ကိုယ်ထိလက်ရောက် ကျုးလွန်မှု သံသယတို့နဲ့ ဖမ်းဆီးထားကြောင်း အတည်ပြုနိုင်ပါတယ်။ သူ့ကို လက်ရှိအချိန်မှာ စုံစမ်းမေးမြန်းမှုတွေပြုလုပ်ဖို့ ထိန်းသိမ်းထားတယ်လို့’ပြောခဲ့တာဖြစ်ပါတယ်။

ဂရင်းဝုဒ် ဟာ အသက်(၆)နှစ်အရွယ်ကတည်းက မန်ချက်စတာယူနိုက်တက် အကယ်ဒမီကို ရောက်ရှိလာခဲ့တာ ဖြစ်ပြီး အသက်(၁၇)နှစ်အရွယ် (၂၀၁၉)မှာ အသင်းကြီးအတွက် စတင်ပွဲထွက်ခွင့်ရရှိခဲ့တာပါ။ သူက မန်ချက်စတာ ယူနိုက်တက် အတွက် ပွဲပေါင်း(၁၂၉)ပွဲ ပါဝင်ကစားထားခဲ့တာဖြစ်ပါတယ်။ ဂရင်းဝုဒ် ဟာ အင်္ဂလန်လက်ရွေးစင် အသင်းကြီးအတွက် (၂၀၂၀) သြဂုတ်လမှာ ရွေးချယ်ခံရပေမယ့် လောဒ့်ဒေါင်းစည်းမျဉ်းကို ချိုးဖျက်ကာ အမျိုးသမီး များကို ဟိုတယ်ကိုခေါ်ခဲ့တာကြောင့် ဖိုဒန်နဲ့အတူ အိမ်ပြန်ပို့ခံခဲ့ရတဲ့ အခြေအနေတွေလည်း ရှိခဲ့တာပါ။

အခုအဖြစ်အပျက်တွေကြောင့် ဂရင်းဝုဒ်ရဲ့တောက်ပနေတဲ့ ကစားသမားဘဝဟာ အဆုံးသတ်သွားနိုင်တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

 

Soure: TheSun