CNI Sport News

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၉

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ရော်နယ်ဒိုဟာ Globe Soccer ရဲ့ အချိန်တိုင်း ဂိုးသွင်းအများဆုံး ကစားသမားဆုကို ရယူခဲ့ပါတယ်။ စူပါစတားတစ်ဦးဖြစ်တဲ့ ရော်နယ်ဒိုဟာ ကလပ်နဲ့ နိုင်ငံအသင်းအတွက် ကစားခဲ့တဲ့ ပွဲပေါင်း ၁၁၀၄ ပွဲမှာ ၈၀၃ ဂိုး သွင်းယူထားတာဖြစ်ပြီး ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။

ဒီလို မှတ်သားလောက်အောင် ကောင်းမွန်တဲ့ သူ့ရဲ့ ဂိုးသွင်းနှုန်း ကိန်းဂဏန်းတွေကြောင့် အရှေ့အလယ်ပိုင်းဒေသမှာ အခုလို ဂုဏ်ပြုဆုကို ရယူနိုင်ခဲ့တာပါ။ ရော်နယ်ဒိုဟာ ဒါကို တိုက်ရိုက်ကြည့်ရှုနေကြတဲ့ ပရိသတ်တွေရှေ့က ဒူဘိုင်းပြပွဲစင်တာမှာရှိတဲ့ စင်မြင့်ပေါ်ကို တက်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ ပေါ်တူဂီအသင်း ခေါင်းဆောင်ဟာ ဒီဆုကို ရယူပြီးနောက် စကားပြောခဲ့ တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုက“သေချာ နားထောင်ကြပါ။ ကျနော်ပြောမယ့် အရာက ကျနော့်ရဲ့ နှလုံးသားထဲကနေ ထွက်လာခဲ့တာ ဖြစ်ပါ တယ်။ ဒီစင်မြင့်ပေါ်ကို တက်ရောက်လာဖို့ မမျှော်လင့်ထားပါဘူး။ ဒီလိုမျိုးလူတွေ အများကြီးက ကျနော့်ကို စောင့်မျှော်နေတာ ကို မြင်တွေ့ရမှာပါ။ အဲ့ဒါကြောင့် ခင်ဗျားတို့တွေက ကျနော်ဘောလုံး ကစားဖို့ တွန်းအားတွေပါပဲ။ ပရိသတ်တွေက ကျနော်တို့ ကို လမ်းညွှန်ပါတယ်။ နွေးထွေးမှု၊ ချစ်ခြင်းမေတ္တာတွေကို ခံစားခဲ့ရလို့ ဒါဟာ ကျနော့်ကို ဂုဏ်ယူစေခဲ့ပါတယ်။ ကျနော့်မှာ ဒီ ထက်ပိုပြီး ဖော်ပြနိုင်တဲ့ စကားလုံးတွေ မရှိပါဘူး”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုကိုတွေ့ရစဉ်။(AFP)

ရော်နယ်ဒိုဟာ မိသားစုနဲ့အတူ ဒူဘိုင်းကို ရောက်ရှိနေတာဖြစ်ပြီး ချစ်သူ ဂျော်ဂျီနာရဲ့  ၂၈ နှစ်ပြည့်မွေးနေ့ကို ဂုဏ်ပြုခဲ့တာပါ။ လက်ရှိအချိန်မှာ နိုင်ငံတကာပွဲစဉ်တွေ ယှဉ်ပြိုင်နေတာကြောင့် ရော်နယ်ဒိုဟာ အားလပ်ရက် ရရှိထားပြီး အပန်းဖြေ အနားယူ နေတာ ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ Globe Soccer ဆုပေးပွဲမှာ မတက်ရောက်နိုင်ခဲ့လို့ ဒီဆုကို အခုမှ လက်ခံရယူခဲ့ တာလည်း ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ရော်နယ်ဒိုဟာ ဒီရာသီမှာ အသင်းအတွက် ၂၃ ပွဲ ပါဝင်ကစားထားပြီး ၁၄ ဂိုး သွင်းယူ ထားတာပါ။ ပေါ်တူဂီ ကစားသမားဟာ မယ်ဒယ်ဘရော့နဲ့ ကစားမယ့် အက်ဖ်အေဖလားပွဲစဉ်ကို ပြင်ဆင်မှုတွေ ပြုလုပ်ဖို့ မကြာခင် ရက်ပိုင်းအတွင်းမှာ အသင်းနဲ့ ပူးပေါင်းရတော့မှာလည်း ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဝက်စ်ဟမ်းအသင်းကို အနိုင်ရပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၄ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

Source: The Sun