CNI Sport News

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၉

ရာဖေးလ်နာဒယ်လ်ဟာ ဘာရက်တီနီကို အနိုင်ရပြီး သြစတြေးလျ အိုးပန်းပြိုင်ပွဲ ဗိုလ်လုပွဲ တက်သွားပြီးနောက် ခြေဖဝါး ဒဏ်ရာကို ကျော်ဖြတ်ကာ အသက်ပြန်ရှင်လာတယ်လို့ ခံစားရကြောင်း ပြောလိုက်ပါတယ်။

၂၀၀၉ က ကျင်းပခဲ့တဲ့ သြစတြေးလျ အိုးပန်းပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူထားတဲ့ ရာဖေးလ်နာဒယ်လ်ဟာ အကြိုဗိုလ်လုပွဲမှာ ဘာရက်တီနီကို ၆-၃၊ ၆-၂၊ ၃-၆၊ ၆-၃ နဲ့ အနိုင်ရပြီး ဒီပြိုင်ပွဲရဲ့ ဗိုလ်လုပွဲကို ၆ ကြိမ်မြောက်အဖြစ် တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါ တယ်။

ရာဖေးလ်နာဒယ်လ်ဟာ အစောပိုင်းက ပြိုင်ပွဲရဲ့ ညံ့ဖျင်းတဲ့ ပြင်ဆင်မှုတွေကြောင့် ဒီပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ဖို့ မသေချာ မရေ မရာ ဖြစ်ခဲ့ပေမယ့် အခုအချိန်မှာတော့ ရလဒ်ကောင်းတွေရယူပြီး ဗိုလ်လုပွဲအထိ တက်နိုင်ခဲ့တာပါ။ ကမ္ဘာ့နံပတ်(၁) တင်းနစ် ကစားသမားဟောင်းဟာ ခြေဖဝါးဒဏ်ရာကြောင့် ပြီးခဲ့တဲ့နှစ်ရာသီရဲ့ ဒုတိယနှစ်ဝက်ကို လွဲချော်ခဲ့တာ ဖြစ်ပါတယ်။ စပိန် တင်းနစ် ကစားသမားဟာ ဒီဇင်ဘာလက ကျင်းပခဲ့တဲ့ သရုပ်ပြပွဲတစ်ပွဲမှာ ဝင်ရောက် ကစားခဲ့ပေမယ့် နောက်ပိုင်းမှာ ကိုဗစ် ကူးစက်ခံခဲ့ရတာပါ။

ရာဖေးလ်နာဒယ်လ်(Daily Advent)

ရာဖေးလ်နာဒယ်လ်က “တင်းနစ်ကစားရတာ ကံကောင်းတယ်လို့ ခံစားရပါတယ်။ ကောင်းမွန်တဲ့ နည်းဗျူဟာ၊ အပြုသဘော ဆောင်တဲ့ ခံစားချက်တွေနဲ့ ကစားနေခဲ့တာပါ။ ကျနော် အနည်းငယ်ပြန်ပြီး အသက်ရှင်နေသလို ခံစားရပါတယ်။ စိတ်နေ သဘောထားတွေရော ပြိုင်ဆိုင်မှု စိတ်ဓါတ်တွေရောပေါ့။ အဲ့လို ခံစားချက်တွေကို တစ်ခါတစ်ရံ သတိရလွမ်းဆွတ်မိပြီး အခု ပျော်ရွှင်နေပါတယ်။ အခုအချိန်မှာ ဖိအားတွေ သိပ်မရှိတော့ဘူးဆိုတာ သိပါတယ်။ ကျနော်ဒီနေရာကို ရောက်ပြီး အခွင့်အရေး ရလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ထားတာကြောင့် အခိုက်အတန့်တိုင်းကို ပျော်ရွှင်စွာ ဖြတ်သန်းနေပါတယ်”လို့ ပြောခဲ့ပါ တယ်။

ရာဖေးလ်နာဒယ်လ်ဟာ သြစတြေးလျ အိုးပန်းပြိုင်ပွဲ ဗိုလ်လုပွဲမှာ မက်ဗီဒပ်ဗ်နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ စပိန် ကစားသမား အနေနဲ့ ဒီပွဲမှာ အနိုင်ရခဲ့မယ်ဆိုရင် ဂရမ်းဆလမ်းချန်ပီယံဆု (၂၁)ကြိမ်ရတဲ့ ပထမဆုံးအမျိုးသား တင်းနစ် ကစားသမားလည်း ဖြစ်လာမှာပါ။ ရာဖေးလ်နာဒယ်လ်ဟာ ဖက်ဒဲရား၊ ဂျိုကိုဗစ်တို့နဲ့အတူ ဂရမ်းဆလမ်း ချန်ပီယံဆု အကြိမ် (၂၀) ရရှိထားတာ ဖြစ်ပါတယ်။

Source: Metro