CNI Sport News

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၂

မန်ချက်စတာယူနိုက်တက် တိုက်စစ်ကစားသမား ရော်နယ်ဒို ဟာ လက်တွဲဖော် ဂျီအိုဂျီနာ နဲ့ ပထမဆုံးအကြိမ်တွေ့ဆုံပြီး ချစ်ကြိုက်မိသွားတဲ့ အခိုက်အတန့်ကို ပြောပြလာခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ဂူဆီစတိုးမှာ အရောင်းလက်ထောက်အဖြစ် လုပ်ကိုင်နေတဲ့ ဂျီအိုဂျီနာနဲ့ တွေ့ခဲ့တာဖြစ်ပြီး သူတို့နှစ်ဦးဟာ(၂၀၁၆)မှာ စတင်ချိန်းတွေ့ခဲ့တာဖြစ်ပါတယ်။ သူတို့အတွဲမှာ သားသမီးလေးဦးရှိပြီး ဂျီအိုဂျီနာဟာ ရော်နယ်ဒိုရဲ့သားဖြစ်သူ ခရစ်စတီယာနို ဂျုနီယာရဲ့ မိထွေးလည်းဖြစ်ပါတယ်။

မကြာခင်မှာ ထွက်မယ့် Netflix ရဲ့ မှတ်တမ်းရုပ်ရှင်မှာ ရော်နယ်ဒိုက “သူမ အလုပ်လုပ်နေတဲ့ အဝတ်အစား ကုမ္ပဏီ အပြင်ဘက်ကနေ ဖြတ်သွားတဲ့အချိန် ကျနော့်ရဲ့ခေါင်းထဲမှာ သူမရောက်ရှိသွားခဲ့ပါတယ်။ ကလစ်ဆိုပြီး နှိပ်လိုက်တဲ့ အခိုက်အတန့်လို ဖြစ်သွားခဲ့ပါတယ်။ ရော်နယ်ဒိုနဲ့ဂျီအိုဂျီနာတို့ဟာ (၂၀၂၂) မှာ နောက်ထပ် အမြွှာ နှစ်ဦးမွေးဖွားမှာဖြစ်ပြီး သားသမီး(၆)ဦးအထိ ရှိလာမှာလည်းဖြစ်ပါတယ်။

ဂျီအိုဂျီနာ က “ခရစတီယာနိုနဲ့တွေ့တဲ့နေ့က ကျမ အလုပ်သွားခဲ့တာပါ။ ဂူဆီကိုရောက်ပြီး စတိုးဆိုင်က ပြန်ထွက် ချိန်မှာ အလွန်ချောမောလှပတဲ့ အမျိုးသားတဦးပေါ်လာတာကို တွေ့လိုက်ရပါတယ်။ ကျမရပ်တန့်လိုက်ပါတယ်။ ရင်ဘတ်ထဲမှာ ကလိကလိနဲ့ခံစားလာခဲ့ရပြီး ဟေး ငါ ဘာဖြစ်နေတာလဲဆိုပြီး ကိုယ့်ကိုကိုယ် ပြန်မေးမိလိုက်ပါ တယ်”လို့ ပြောလိုက်ပါတယ်။ ဘောလွန်းဒီအော(၅)ကြိမ်ရ ရော်နယ်ဒိုဟာ မန်ချက်စတာယူနိုက်တက် အသင်းကို ဒီရာသီမှာ ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းကတော့ ရလဒ်တွေ မတည်မငြိမ်ဖြစ်နေခဲ့တာပါ။

ရော်နယ်ဒို ဟာ ဝက်စ်ဟမ်းအသင်းနဲ့ ပွဲမတိုင်ခင် ဒီ ရာသီမှာ မန်ချက်စတာယူနိုက်တက် အသင်းအတွက် (၁၄) ဂိုး သွင်းယူထားတာဖြစ်ပြီး အသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့်(၇)နေရာမှာ ရပ်တည်နေကာ နည်းပြ ဆိုးလ်ရှားကိုလည်း ထုတ်ပယ်ထားပြီးဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့အတွက် အဆင့်(၄)နေရာအတွင်း ရပ်တည်နိုင်ဖို့ ကြိုးစားနေရတာပါ။ ဒါ့အပြင် ရော်နယ်ဒို ဟာ နွေရာသီအပြောင်းအရွှေ့က ဗာရန်း၊ဆန်ချိုတို့နဲ့ အတူ မန်ချက်စတာယူနိုက်တက်အသင်းကို ပြန်လည် ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

Source: Sportbible