၂၀၂၂ ခုနှစ်၊ဇန်နဝါရီ ၂၂

ပီအက်စ်ဂျီ အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီက မက်ဆီကို ခေါ်ယူခဲ့ပြီးနောက်အသင်းရဲ့ ဆိုရှယ်မီဒီယာမှာ Follower သန်း(၁၅၀)ကျော် ရှိသွားခဲ့ပြီဖြစ်ပါတယ်။ (၂၀၂၁) မှာ ပီအက်စ်ဂျီအသင်းဟာ သူတို့ရဲ့ ပရိသတ်အရေအတွက် (၅၀) ရာခိုင်နှုန်းတိုးလာပြီး (၁၀)လ အကြာမှာ Follower  သန်း(၁၀၀) ပြည့်သွားခဲ့ပါတယ်။

အခုဆိုရင် သန်း(၁၅၀)ကျော်နဲ့ တနှစ်ကို အဆုံးသတ်နိုင်ခဲ့တယ်လို့ ကလပ်အသင်းက သောကြာနေ့မှာ ထုတ်ပြန် ခဲ့တာပါ။အခုလို တိုးလာခဲ့တဲ့ အဓိက အကြောင်းရင်းကတော့ ပြီးခဲ့တဲ့နှစ် သြဂုတ်လက ဘာစီလိုနာကနေ မက်ဆီ ရောက်ရှိလာခဲ့တာကြောင့်ဖြစ်ပါတယ်။

ရက်သတ္တပတ်အနည်းငယ်အတွင်းမှာပဲ ကလပ်အသင်းဟာ နောက်ထပ် Follower သန်း(၂၀) ရရှိခဲ့တာပါ။ အဲဒီ အချိန်ကစပြီး ကလပ်အသင်းဟာ ပျှမ်းမျှအားဖြင့် တပတ်ကို Follower တစ်သန်း ရရှိခဲ့တာဖြစ်ပါတယ်။ ပီအက်စ် ဂျီအသင်းဟာ အခုလို Follower သန်း(၁၅၀)ကျော် သွားတာကို ဂုဏ်ပြုတဲ့အနေနဲ့ အဆိုပါ စာသားပါတဲ့အရာကို မြို့တော်ရဲ့နေရာအများအပြားမှာ ထားရှိခဲ့တာပါ။ ပြင်သစ်ကလပ်ဟာ ဒီ ဂုဏ်ပြုထားတဲ့အရာနဲ့ ပရိသတ်တွေကို ဓါတ်ပုံရိုက်ပြီး သူတို့ရဲ့ ဆိုရှယ်မီဒီယာပေါ်မှာ တင်ဖို့ ဖိတ်ခေါ်ခဲ့တာဖြစ်ပါတယ်။ အသင်းက လတ်မှတ်ရေးထိုး ထားတဲ့ အင်္ကျီတစ်ထည်ကို ရရှိဖို့ အခွင့်အရေးရှိတယ်လို့လည်း ကလပ်အသင်းက ပြောထားတာပါ။

ပြင်သစ်ကလပ်ဟာ လီဂူးဝမ်းမှာ Follower အများဆုံးဖြစ်ပြီး အင်စတာဂရမ်မှာ သန်း(၅၀)၊ TikTok  မှာတော့ Follower (၂၃) သန်းနဲ့ ကမ္ဘာမှာ Follower အများဆုံး ကလပ်အသင်းဖြစ်ခဲ့ပါတယ်။ ရီးရယ်လ်နဲ့ ဘာစီလိုနာ အသင်းတို့ရဲ့ ပရိသတ်ဟာ သန်းပေါင်း(၂၅၀)ကျော်ရှိတာကြောင့် ပြင်သစ်ကလပ်အနေနဲ့ သူတို့ကို လိုက်မှီဖို့တော့ ဝေးကွာနေပါသေးတယ်။ ပီအက်စ်ဂျီအသင်းဟာ လက်ရှိအချိန် ဆိုရှယ်မီဒီယာပေါ်မှာ ရေပန်းအစားဆုံး အသင်း စာရင်းမှာ ပါဝင်နေပြီး သူတို့ဟာ ဒါကို အချိန်အနည်းငယ်အတွင်းမှာ လုပ်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီ အသင်းဟာ သူတို့ရဲ့ အမှတ်တံဆိပ်ကို မြှင့်တင်နိုင်ဖို့အတွက် နိုင်ငံပေါင်း(၈၅)နိုင်ငံမှာ ပရိသတ်(၁၅၀)ကလပ် အထိ ရှိပြီး Follower အများစုကတော့ ဘရာဇီးလ်နိုင်ငံမှာ နေထိုင်တဲ့သူတွေဆီကနေ ရရှိတာပါ။ ပီအက်စ်ဂျီ အသင်းဟာ အိန္ဒိယ၊အယ်လ်ဂျီးရီးယား၊အင်ဒိုနီးရှား၊မက္ကဆီကိုနဲ့ အာဂျင်တီးနားတို့မှာလည်း ရေပန်းစားလာခဲ့တယ် လို့ ကလပ်အသင်းက ပြောခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီ အသင်းဟာ ကာတာပိုင်ဆိုင်မှုအောက်မှာ (၁၀)နှစ်ကျော်ကြာပြီးနောက် ကွင်းအတွင်းမှာရော ကလပ် အသင်းမှာပါ တိုးတက်မှုတွေရလာခဲ့တာပါ။ ပြင်သစ်ကလပ်ဟာ လက်ရှိအသင်းပိုင်ရှင်တွေ ရောက်ရှိလာပြီး ကတည်းက ဆုဖလားပေါင်း(၄၃)ခု မှာ (၂၇)ခုအထိ ရရှိထားတာဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ချန်ပီယံလိဂ် ဖလားကို ရရှိဖို့ အဓိက ပစ်မှတ်ထားနေတာဖြစ်ပြီး ဒီ ရာသီမှာ မက်ဆီ၊ရာမို့စ်၊ဒွန်နာရမ်မာ အစရှိတဲ့ ကစားသမားတွေကို ခေါ်ယူအားဖြည့်ခဲ့တာဖြစ်ပါတယ်။

Source: Besoccer