၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၉

ရိုးမား အသင်းနည်းပြ မော်ရင်ဟိုဟာ အဲဗာတန် အသင်းနည်းပြဖြစ်လာမယ့် အခွင့်အရေးကို ပယ်ချခဲ့တယ်လို့ နိုင်ငံတကာ သတင်းတွေမှာ ဖော်ပြနေကြပါတယ်။

အဲဗာတန် အသင်းဟာ ရလဒ်တွေ ဆိုးရွားနေတဲ့အတွက် နည်းပြ ဘင်နီတက်စ်ကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီးနောက် နည်းပြ သစ် ခန့်အပ်ဖို့ ရှာဖွေနေတာ ဖြစ်ပါတယ်။ မာဆေးဆိုဒ် ကလပ်ဟာ ကစားသမားဟောင်းဖြစ်တဲ့ ဒွန်ကန်ဖာဂူဆန်ကို ယာယီ နည်းပြအဖြစ် လက်ရှိ အချိန်မှာ ခန့်အပ်ထားတာပါ။ ဒါပေမယ့် အမြဲတမ်းနည်းပြ ခန့်အပ်ဖို့အတွက်လည်း လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

အဲဗာတန် အသင်းနည်းပြသစ်ဖြစ်လာဖို့ မော်ရင်ဟိုဟာ ဒါဘီအသင်းနည်းပြ ဝိန်းရွန်နီ၊ ချယ်လ်ဆီးအသင်း နည်းပြဟောင်း လမ်းပတ်တို့နဲ့အတူ ဖြစ်နိုင်ဖွယ်ရှိတဲ့သူအဖြစ် ထင်ကြေးပေး ခံနေရတာပဲဖြစ်ပါတယ်။ Sky Sports ကတော့ အဲဗာတန် အသင်းဟာ မော်ရင်ဟိုကို ခေါ်ယူဖို့အတွက် ရိုးမားအသင်းနဲ့ ဆက်သွယ်မှုတွေ မပြုလုပ်ရသေးပေမယ့် စီစဉ်ထားတယ်လို့ ဖော်ပြထားပါတယ်။ အဲဗာတန်အသင်း ပိုင်ရှင်ဖြစ်တဲ့ မိုရှီရီက လာမယ့် ရက်ပိုင်းအတွင်းမှာ မော်ရင်ဟိုကို ခေါ်ယူနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ ပြောထားပါတယ်။

ဒါပေမယ့် ပေါ်တူဂီလူမျိုးနည်းပြကတော့ အီတလီမှာ ပျော်ရွှင်နေပြီး ရိုးမားမှာပဲ ဆက်ရှိဖို့ ဆုံးဖြတ်ထား တာဖြစ်ပါတယ်။ မော်ရင်ဟိုဟာ ရိုးမားအသင်းနဲ့ ၃ နှစ်စာချုပ် ချုပ်ဆိုထားတာဖြစ်ပြီး အခုမှ စာချုပ်သက်တမ်း ၆ လသာ ကိုင်တွယ်ရပါသေး တယ်။

Getty_Images.1.jpg

ဝိန်းရွန်နီကိုတွေ့ရစဉ်။(Getty Images)

ရိုးမား အသင်းဟာ လက်ရှိ စီးရီးအေ အမှတ်ပေးဇယား အဆင့် ၇ နေရာမှာ ရပ်တည်နေပါတယ်။ ရိုးမားအသင်းအနေနဲ့  အခုလက်ရှိ အနေအထားကြောင့် ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်တွေဟာ အနည်းငယ် ဝေဝါးနေတာပါ။ မော်ရင်ဟို ကတော့ ဒီလို သံသယတွေကို မှားယွင်းကြောင်း ပြသနိုင်ဖို့ စိတ်အားထက်သန်နေပါတယ်။

ရိုးမားအသင်းဟာ အမှတ်ပေးဇယား အဆင့် ၄ နေရာမှာ ရှိနေတဲ့ အတ္တလန္တာ အသင်းနဲ့ ၇ မှတ် ကွာဟနေတာပါ။ ဒါဘီနည်းပြ ဝိန်းရွန်နီနဲ့ ချယ်လ်ဆီး နည်းပြဟောင်း လမ်းပတ်တို့ကလည်း အဲဗာတန် အသင်းနည်းပြ ဖြစ်လာဖို့ ရေပန်းစားနေတာလည်း ဖြစ်ပါတယ်။ ဝိန်းရွန်နီဟာဆိုရင် အဲဗာတန်အသင်း အကယ်ဒမီထွက် ကစားသမားဖြစ်ပြီး အသင်းမှာ ၂ ကြိမ် ကစားခဲ့တာ ဖြစ်ပါတယ်။ အင်္ဂလန် အသင်းခေါင်းဆောင်ဟောင်းဟာ လွန်ခဲ့တဲ့ နှစ်ကမှ ဒါဘီ အသင်းကို ကိုင် တွယ်ခဲ့တာပါ။

လမ်းပတ်ကလည်း ဒါဘီအသင်းကို နည်းပြအဖြစ် စတင်ကိုင်တွယ်ခဲ့ပြီးနောက် ချယ်လ်ဆီးအသင်းကို ကိုင်တွယ်ခဲ့ကာ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီမှာ ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။ လမ်းပတ်ဟာ လက်ရှိအချိန်မှာ ဘယ်အသင်းကိုမှ မကိုင်တွယ်သေးရသေး ပဲ အနားယူနေတာပါ။

အဲဗာတန် အသင်းနည်းပြ ဖြစ်လာဖို့အတွက် ဘယ်လ်ဂျီယံအသင်းကို ကိုင်တွယ်နေတဲ့ နည်းပြဟောင်း မာတီးနတ်စ်လည်း ရေပန်းစားနေကြောင်း သိရပါတယ်။ အဲဗာတန်အသင်းဟာ လက်ရှိ ပရီးမီးယားလိဂ် ၁၉ ပွဲ ကစားအပြီးမှာ ရမှတ် ၁၉ မှတ်နဲ့ အဆင့် ၁၆ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

Source: Daily Mail